Sunday, October 9, 2011

စစ်တပ်က လူမဆန်သောအုပ်ချုပ်မှု့များ

တိုင်းပြည်မှာစားဝတ်နေရေးကျပ်တည်းတယ်။ပညာရေးကလည်း ခက်ခဲတယ်။
ငွေမရှိယင် အစဉ်မပြေဘူး။ကျောင်းတက်တော့လည်း စာအုပ်ဖိုး၊ဆရာ၊ဆရာမကြေး၊ ဘာကျေးညာကျေး
တွေ ပေးရတော့ မပေးနိုင် ကျောင်းမှာ မျက်နှာငယ်ရ၊ ကျောင်းစာသင်မနေတော့ပါဘူး။
ကြုံရာကျဗမ်းလုပ်ပြီး မိဘကို ရှာကျွေးမယ်စိတ်ကူးလိုက်တယ်။ ဒါနဲ့ အုတ်သယ်တာလေးလုပ်လိုက်၊
အငှားထမ်းတာလေးလုပ်လိုက်။ မိဘကို ရှာကျွေးလိုက်။ ညီအငယ်။ည်ီမငယ်တွေက ရှိသေးတယ်။
ငါကျောင်းမနေနိုင်ပေမဲ့ ညီ၊ညီမလေးတွေကို ရင်ထဲမှာကျောင်းစာသင်စေချင်နေမိတယ်။
      ငါလုပ်နေတဲ့ အလုပ်ကလည်း လုပ်ရလိုက်မလုပ်ရလိုက် ၊ ရတော့လည်း မိသားစု အရွက်ပြုတ်ပြီး
ငါးပိရည်လေး ကောင်းကောင်းတောင် သိပ်စားမလောက်တဲ့ဝင်ငွေ နဲ့ ဘယ်လိုအငယ်တွေကို ကျောင်းထား
ပေးနိုင်မှာလည်း။ ဒီလိုနဲ့ တရက် သင်အားတပ်မတော်မှ အလိုရှိတယ်တဲ့။ စစ်တပ်ထဲမှာ စစ်ယူနီဖေါင်းနဲ့
ထမင်းလည်းစား အဝတ်လည်းပူစရာမလို ၊ လစာလည်းရအုံးမယ်။ ရိက္ခာလည်းရအုံးမယ်။ ဆိုယင်ရတဲ့လစာ
ကိုမိဘတွေပြန်ထောက်ပန့်နိုင်မှာပေါ့ ။ ငါကတကိုယ်ရည်သမားပဲ စစ်တပ်ကထမင်းစားနေပြီး၊စစ်ယူနီဖေါင်း
နဲ့လည်းပြီးတာပဲလို့တွေးလိုက်မိတယ်။ငါကြိုးစားရင်ရာထူးလည်းတက်နိုင်တာပဲ၊ ပညာလည်းသိပ်တတ်စရာ
မလိုဘူး။ရေးနိုင်ဖတ်နိုင်ဆိုယင်ရတာပဲ။
      တိုင်းပြည်မှာ လူငယ်ဘဝပေါင်းများစွာ ဘဝတွေကိုခါးသီးစွာဖြတ်သန်းရတဲ့အခါ။ ကူညီမှု့ပန့်ပိုးမှု့
ဖေးမမှု့တွေမရှိတဲ့ အခါ မှာ စစ်တပ်ဟာ ထိုလို ဘဝပေါင်းများစွာကို သိမ်းယူလိုက်ပါတယ်။
စစ်တပ်ရဲ့ ဂုဏ်သိက္ခာနဲ့ ရည်ရွယ်ချက်တွေလည်း ကြီးမားမှု့မရှိတော့ပါဘူး။ အသေခံတပ်သားတွေအဖြစ်
လွယ်ကူစွာ ရွေးချယ်လိုက်ခြင်းပါ။ကိုမင်ဒို လို့ခေါ်ရလောက်သောစစ်သားကောင်း၊ပညာအရည်အခြင်း၊စစ်စွမ်း
ရည်မြင့် ရွေးချယ်ခြင်းမဟုတ်ပဲ အရည်အတွက်ကိုရွေးချယ်ယူလိုက်ပြီး တိုင်းရင်းသားစစ်ပွဲတွေမှာ အသုံးချခံ
စစ်သားဘဝကိုရောက်သွားတော့တာပါ။စည်းကမ်းမဲ့ စနစ်၊ အုပ်ချုပ်ရေး၊နည်းမရှိ ဖြစ်ချင်တိုင်းဖြစ်နေ၊
တရားဥပဒေဆိုတာ ဘာတခုမရှိ၊မသိ တဲ့ လူလူခြင်းအင်းအား၊အာဏာနဲ့အုပ်ချုပ်အနိုင်ကျင့်နေကြတဲ့
အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို လှစ်လျှုရှု့ထားတဲ့ အပေါ်က အရာရှိတွေ၊ မသိချင်ယောင်ဆောင်
နေကြပါလား၊မြင်တွေ့နေတဲ့သူတွေလည်းမကယ်နိုင်၊အဖြေရှင်းပေးနိုင်နဲ့ တိုင်းပြည်ရဲ့ဖြစ်နေပုံကိုအောက်
ကဗီဒီယို ဖိုင်ကိုကြည့်ပြီးသုံးသပ်ကြပါ။
(ပြည်သူ့အော်သံ)

No comments:

Post a Comment

wwwwnyinyi@gmail.com