Sunday, October 9, 2011

Generation Wave အဖွဲ့ ရဲ့  (၄)နှစ် ပြည့်မွေးနေ့ 

 

Generation Wave အဖွဲ့ ရဲ့  (၄)နှစ် ပြည့်မွေးနေ့  အခမ်းအနားဟာ အေးအေးဆေးဆေး တည်ငြိမ်အောင်မြင်စွာနဲ့  ပြီးဆုံးခဲ့ပါတယ်။ ယောလုံချည်၊ ရှပ်အကျီ င်္အဖြူလေးတွေ တူညီ ၀တ်စုံဝတ်ဆင်ထားတဲ့ လူငယ်အများပြားကိုမြင်တွေ့ ရတဲ့အခါ သူတို့ အဖွဲ့ ရဲ့ အင်အားဟာ
စုစုစည်းစည်းနဲ့  ကျစ်လျစ်စွာ တည်ရှိနေတယ်လို့  ခန့် မှန်းမိပါတယ်။နိုင်ငံရေးအကျဉ်းသား
မိသားစုဝင်များ၊ လူမှုအထောက်အကူပြုအဖွဲ့ ဝင်များ၊၈၈ မျိုးဆက်ကျောင်းသားများနဲ့ နိုင်ငံရေး 
ပါတီတချို့ မှ ပုဂ္ဂိုလ်များ၊စာပေအနုပညာရှင်တချို့ အပါအ၀င် အင်အား ၃၀၀နီးပါး တက်ရောက် အားဖြည့်ကြပါတယ်။

     GW ဟာ ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ စတင်ပေါက်ဖွားခဲ့ပြီး တည်ထောင်သူ ၄ ဦး
ထဲက ၂ ယောက်ဟာတိုင်းပြည်ပြင်ပကို ရောက်ရှိနေပါတယ်။ ဖောင်ဒါတစ်ယောက်ဖြစ်တဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်တစ်ဦးသာ ယခုအချိန်မှာ တာဝန်ယူဦးဆောင်နေရပြီး အခြားတစ်ယောက်ဟာဖြင့် အာဏာရအစိုးရရဲ့  နိုင်ငံရေးအကျဉ်းသားအဖြစ် သံတိုင်တွေ
နောက်မှာ တားဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။

     GW အဖွဲ့ ဟာမြေအောက်လှုပ်ရှားမှုများကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တာကြောင့်
မြန်မာ့နိုင်ငံရေးမှာစိတ်ဝင်တစားနဲ့  စောင့်ကြည့်ခဲ့ရတဲ့ အတိုက်အခံမျိုးဆက်သစ်အဖွဲ့ လို့ 
ရေပန်းစားလူသိများခဲ့ပါတယ်။ အရင်စစ်အစိုးရရဲ့  အပြင်းအထန်နှိပ်ကွပ်မှုကို ခံခဲ့ရတာ
ကြောင့် ဗီဒီယိုအင်တာဗျူးတွေပေးတဲ့အခါ သူတို့ ရဲ့ မျက်နှာကိုမဖော်ပြဘဲ မျက်နှာဖုံးစွပ်ပြီး 
ကင်မရာအရိုက်ခံခဲ့ရတာကြောင့် ပိုမိုကြော်ကြားခဲ့ရပါတယ်။ ပြည်တွင်းမှာလည်းလှုံ့ ဆော် 
ဆန့် ကျင်ရေးစာရွက်စာတမ်းများ၊ ဗီနိုင်းပိုစတာများကို ပြည်သူလူထုကြားထဲ ရဲရဲဝံ့ဝံ့ထိုး
ဖောက်ဖြန့် ချိခြင်းကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြပါတယ်။
 ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေ၊ သမ္မတဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်
ဆန်းစုကြည်တို့ တွေ့ ဆုံဆွေးနွေးမှု၊ အာဏာပိုင်တွေဘက်က လူထုအသံကို နာယူလာခြင်း 
စတဲ့ အခင်းအကျင်းများကြောင့်GW အဖွဲ့ ကို လူအများထင်မြင်နေကြဖြစ်တဲ့ မြေအောက်အဖွဲ့ 
အစည်းအဖြစ်မှ ပေါ်ပေါ်ထင်ထင်နဲ့  အားလုံးမှရဲရဲတင်းတင်းပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အဖွဲ့ အစည်းတစ်ခုအဖြစ် ပြောင်းလဲလိုပါတယ်လို့  ကိုဇေယျာသော်က သူ့ ရဲ့ ဆန္ဒကိုပြောဆို တာကြားရပါတယ်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်းလည်း GW နာမည်နဲ့  စာရွက်စာတမ်းများ လှို့ ဝှက်ဝေ
ငှခြင်း၊ ဗီနိုင်းများကပ်၍ လှုံ့ ဆော်ခြင်း၊ အွန်လိုင်းမှ GW အဖွဲ့ များကို ကားသိရခြင်း စတဲ့ 
နိုင်ငံရေးဆောင်ရွက်ချက်များ ဆက်တိုက်ပေါ်ပေါက်လာနေခြင်းများကြောင့် GW ကို
မြေပေါ်သို့  ထင်သာမြင်သာဖြစ်အောင် လုပ်ဆောင်ချိန် တန်ပြီလို့ လောလောဆယ်
GW အဖွဲ့ ကို တာဝန်ခံထားရသူ ကိုဇေယျာသော်က ဖွင့်ဟခဲ့တယ်လို့  သိရပါတယ်။

ဟစ်ဟော့အဆိုတော် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇေယျာသော်ဟာ လူထုခေါင်း 
ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိုင်ငံရေးခရီးစဉ်များမှာ ရှေ့ တန်းမှ တက်ကြွစွာ ပါဝင်ပူး
ပေါင်းဆောင်ရွက်ခဲ့ပြီး လူ့ အခွင့်အရေးနဲ့ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် အတိုက်
အခံ နိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ မျိုးဆက်သစ်လူငယ်တစ်ဦးအဖြစ် အသိအမှတ်
ပြုခြင်း ခံထားရသူလည်းဖြစ်ပါတယ်။
အောင်မျိုးထွန်း(၉.၁၀.၂၀၁၁)
                                                                                                            

No comments:

Post a Comment

wwwwnyinyi@gmail.com