ကျောက်ဖြူမြို့ရှိ သံဇစ်မြစ်အတွင်း ရေလမ်းကြောင်းပြုပြင်မှုများ လုပ်ဆောင်နေစဉ်
Wednesday, 05 October 2011 12:47 |
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ အိန္ဒိယ
သမုဒ္ဒရာအတွင်းသို့ ရေနံတင်သင်္ဘော ကြီးများ ၀င်ထွက်သွားလာနိုင်ရန်
ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်း ရေအောက်ကြမ်းပြင်ကို စက်ယန္တရားများဖြင့်
တူးဖော်နေကြောင်း သိရသည်။
မဒေးကျွန်း ရေနက်ဆိပ်ကမ်းအတွက် အဓိကကျသော ရေလမ်းကြောင်း ဖြစ်ပြီး
တန်ချိန်သုံးသိန်းနှင့် အထက် သင်္ဘောကြီးများ ၀င်ထွက်သွားလာ နိုင်ရန်အတွက်
ကမ်းဦးရေတိမ်ပိုင်းနှင့် ရေအောက်မြစ် ကြမ်းပြင်နေရာများကို
တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေလမ်းကြောင်းတူးဖော်ရေး
လုပ်ငန်းကို DHARTY- Co.ltd မှ သောင်တူးသင်္ဘောဖြင့် နေ့ရောညပါ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ အနေအထားမှာ ရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရထားလမ်း၊
လေဆိပ်နှင့် ဆိပ်ကမ်း အမျိုးမျိုးတို့ကို အမှီပြု၍ ရခိုင်ပြည်နယ်
ကျောက်ဖြူမြို့နယ် တစ်ခွင်လုံးတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး
ဝန်ဆောင်မှုလုပ်ငန်းများ အဓိကဆောင်ရွက်လျက်ရှိပြီး
စီမံကိန်းများဆောင်ရွက်ရန် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ
နှင့်စက်ယန္တရားများကို ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါသံဇစ်မြစ် အတွင်းတွင် ဒေသခံများအနေဖြင့် ကမ်းနီးငါးဖမ်း လုပ်ငန်း
လုပ်ကိုင်လျက်ရှိသည့် နေရာ ဖြစ်သည့်အတွက် စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေစဉ်
ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် နေ့အချိန်တွင် မြင်သာသော အမှတ်အသားများ
ပြုလုပ်ထားကြရန်နှင့် ညအချိန်တွင် အချက်ပြမီးများ တပ်ဆင်ထားကြရန်
သက်ဆိုင်သည့် ဌာနဆိုင်ရာများမှတစ်ဆင့် ကြိုတင်အသိပေး နှိုးဆော်ထားကြောင်း
သိရှိရပါသည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com