Thursday, October 6, 2011

၂၀၁၂ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ် မရောက်မီကာလအတွင်း သဘာဝသစ်တောများမှ သစ်ထုတ်ယူမှုများကို ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန်စီစဉ်
Wednesday, 05 October 2011 14:16
၂၀၁၂ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သဘာဝသစ်တောများမှ သစ်ထုတ်ယူ မှုများကို ၂၀ ရာခိုင်နှုန်းလျှော့ချသွား မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မတိုင်မီ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံသစ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ ၁၉၇၅ ခုနှစ်ဝန်းကျင်မှ စတင် လျော့ကျလာသည့် မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုဧရိယာသည် ယခု နှစ်တွင် နိုင်ငံဧရိယာ၏ ၄၁ ရာခိုင်နှုန်း သာကျန်ရှိတော့ရာ ယခုကဲ့သို့လျှော့ချ နိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ခြင်းဖြစ် ကြောင်း သိရှိရသည်။
သစ်တောဦးစီးဌာန၏ ထုတ် ပြန်ချက်များအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ် တွင် ၄၇ ရာခိုင်နှုန်း အထိ ကျဆင်း လာကြောင်းထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုက လျော့ကျလာတာတွေ ရှိပါတယ်။ ဒါတွေက ရွေးချယ်ခုတ်လှဲမှု စနစ်ကို မလိုက်နာဘဲ လိုတာထက် ပိုခုတ်တာတွေ၊ ခိုးခုတ်တာတွေ၊ နယ်စပ်ဒေသတွေမှာ ပြည်ပနိုင်ငံတွေကနေ သစ်ခိုးခုတ်မှုတွေ ရှိနေတာတွေနဲ့ တခြားအကြောင်းတွေကြောင့် ဖြစ်ပါတယ်။

သဘာဝသစ်တောများမှ သစ် ခုတ်ယူမှုများကို လာမည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၂၀ ရာခိုင် နှုန်း၊ တတိယနှစ်တွင် ၁၀ ရာခိုင်နှုန်း အသီးသီးလျှော့ချသွားရန်ရှိပြီး ၂၀၁၅ ခုနှစ်မရောက်မီ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသစ် လုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူတစ်ဦးက”မြန်မာ နိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုက လျော့ ကျလာတာတွေရှိပါတယ်။ ဒါတွေက ရွေးချယ်ခုတ်လှဲမှုစနစ်ကိုမလိုက်နာဘဲ လိုတာထက်ပိုခုတ်တာတွေ၊ ခိုးခုတ် တာတွေ၊ နယ်စပ်ဒေသတွေမှာ ပြည်ပ နိုင်ငံတွေကနေ သစ်ခိုးခုတ်မှုတွေရှိနေ တာတွေနဲ့ တခြားအကြောင်းတွေ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် လာ မယ့်နှစ်မှာ နှစ်စဉ်သစ်ထုတ်လုပ်မှု ပမာဏကို ၂၀ ရာခိုင်နှုန်း လျှော့ချ သွားဖို့ သက်ဆိုင်ရာကဆောင်ရွက်နေ ပါတယ်”ဟုပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက “ဒီလို လျှော့ချမယ့်အတွက် သစ်ဈေးကွက် အရောင်းအ၀ယ် ပိုမိုကောင်းမွန်လာ နိုင်ပါတယ်။ ရောင်းအားများနေတော့ ဈေးကွက်တန်ဖိုးကကျတယ်။ နောက် ပိုင်းရောင်းလိုအားနည်းလာမှာဖြစ်တဲ့ အတွက်ဈေးကွက်ကလိုအပ်ချက်ရှိလာ မှာဖြစ်လို့ကျွန်းအပါအ၀င် မြန်မာသစ် တွေဈေးပိုရလာမှာဖြစ်ပါတယ်။ လက်ရှိ ပြည်ပသစ်ဈေးကွက်အခြေအနေကတော့ အေးနေပါတယ်။ ပြည်တွင်းဈေးကွက် မှာတော့ သစ်လိုအပ်ချက်တွေရှိနေတဲ့ အတွက် ပုံမှန်တိုးတက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ သဘာဝသစ်တော များမှ နှစ်စဉ် ကျွန်းသစ်ကုဗတန် နှစ်သိန်းကျော်ကို ထုတ်ယူလျက်ရှိ ကြောင်း၊ သစ်ထုတ်လုပ်မှုများ၏ တစ်ဝက်ခန့်မှာ ပုဂ္ဂလိကပိုင်းမှ ထုတ် ယူနေခြင်းဖြစ်ကြောင်း သစ်လုပ်ငန်း ရှင်များထံမှ သိရှိရသည်။ မြန်မာနိုင်ငံ တွင် သစ်တောကြိုးဝိုင်းဧရိယာ စတုရန်းမိုင်ပေါင်းငါးသောင်းဝန်းကျင်၊ ကျွန်းသစ်ဧရိယာ ခြောက်သိန်းဝန်းကျင် နှင့် ပျဉ်းကတိုး၊ ပိတောက် စသည့် သစ်မာတောဧရိယာဧကရှစ်သိန်းကျော် အနက်မှနှစ်စဉ်ကျွန်းကုဗတန်နှစ်သိန်း ကျော်နှင့် သစ်ကုဗတန် ၁၄ သိန်း ကျော်ကို ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ နှစ်လွန် ကာလများမှစ၍ သစ်အချောထည် စက်ရုံများထူထောင်ကာ ကျွန်းသစ်ကို အဓိကထား၍ ထုတ်လုပ်တင်ပို့ရောင်း ချခဲ့ခြင်းဖြစ်ကြောင်း၊ သစ်အချော ထည်များကို အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဂျပန်နှင့် မလေးရှားအပြင် EU နိုင်ငံများသို့ တိုက်ရိုက်တင်ပို့ရောင်းချခဲ့ပြီး အမေရိကသို့ တရုတ်(တိုင်ပေ)နှင့် ထိုင်းမှတစ်ဆင့် ရောင်းချခဲ့ရကြောင်း သိရှိရသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com