Thursday, October 6, 2011

ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. Ryota TAKEDA ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်အဖွဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် ပြည်သူ့လွှတ်တော် ကော်မတီလေးရပ်မှ ဥက္ကဋ္ဌ များနှင့် တွေ့ဆုံ
Wednesday, 05 October 2011 14:17
4274
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန် အောက်လွှတ်တော် အမတ် ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ
ပါဝင်သည့် အဖွဲ့အား နေပြည်တော် ပြည်သူ့လွှတ်တော်ရှိ ဥက္ကဋ္ဌ၏ခန်းမတွင် အောက်တိုဘာလ ၃ ရက်နေ့က တွေ့ဆုံစဉ်
ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ် Mr. Ryota TAKEDA ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် အဖွဲ့သည် အောက်တိုဘာလ ၃ ရက်နေ့ နံနက် ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် ပြည်သူ့ လွှတ်တော် ကော်မတီ သုံးရပ်မှ ဥက္ကဋ္ဌများနှင့် ပြည်သူ့လွှတ်တော်ရှိ ဥက္ကဋ္ဌ၏ ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ တွေ့ဆုံရာတွင် ဂျပန် အောက်လွှတ်တော်အမတ် Mr. Ryota  TAKEDA ၊ ဂျပန် နိုင်ငံ Fukuoka Prefecture's Congress အဖွဲ့ဝင် MR. Kyu IMAHAYASHI နှင့် MR. Ryota  TAKEDA ၏ အတွင်းရေးမှူး Mr. Tomonao  SASAKI ၊ Mr. Ryota  TAKEDA ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးမင်းဆွေသက်၊ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် MR. Toshiharu FUJIWARA၊ MR. Shigeo  KITAMURA၊ MR. Takeshi  MORIGUCHI၊ Mr. Katsu OZAWA၊ Mr. Koji MATSU-ZAKI၊ Mr. Hisaji TAKAHASHI၊ Mr. Yasuma-sa  SATO၊ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ဦးစိုးဝင်းထွန်း၊ ဦးရင်ထွေးသက်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊   ပြည်သူ့လွှတ် တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ ပြည်သူ့ လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ  ဦးမောင်မောင်သိမ်း တို့လည်း ပါဝင်ခဲ့သည်။
တွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးတို့ အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com