တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှို(ဓါတ်ပုံ - Bloomberg News)
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုသော သတင်းနှင့်
ပတ်သက်ပြီး
ထိုင်းအစိုးရသတင်းဌာန ဆင်ဟွာ က
တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ
(CPI) ဥက္ကဋ္ဌလူကျိရှိုကို
မေးမြန်းခဲ့ရာ မြစ်ဆုံစီမံကိန်း
ရပ်ဆိုင်းထားသည်ဆိုခြင်းမှာ
တည်ဆောက် မှုများ ရပ်ဆိုင်းသည်ဟုဆိုလိုပါက
ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း
ဖြေကြားသွားခဲ့သည်။
ရပ်ဆိုင်းမည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး
မြန်မာနိုင်ငံဘက်က
ဆက်သွယ်အကြောင်းကြားခဲ့ခြင်း
မရှိကြောင်း၊ အထူးပင်အံ့အားသင့်မိကြောင်း
လူကျိရှိုက
ပြောကြားသွားခဲ့သည်။
အောက်တိုဘာလ ၃ ရက်နေ့တွင်ဆင်ဟွာက စီမံကိန်း
ရပ်လိုက်ပါက
မည်သို့ဖြစ်လာနိုင်သည်ဆိုခြင်းကို မေးမြန်းရာ
တွင် လူကျိရှို က
မြန်မာနှင့်တရုတ်သည် ယခုနှစ်
အစောပိုင်းတွင် သဘောတူညီမှုတစ်ခုရခဲ့ပြီး
နှစ်ဖက်
ဘဏ်များက တရုတ် ယွမ်ငွေဖြင့် ချေးငွေသဘောတူညီ
ချက်တစ်ခုကို
လက်မှတ်ထိုးခဲ့ကြောင်း၊ ချေးငွေပြန်ဆပ်မည်
ကို အာမခံသည့်အနေဖြင့်
မြန်မာအစိုးရဘက်က
မြစ်ဆုံရေအားလျှပ်စစ်စက်ရုံအတွက် ရရှိသောရှယ်ယာ
များဖြင့်
အာမခံခဲ့ကြောင်း၊ယင်းမှရရှိရန် မျှော်လင့်ထားသည်များကို ချေးငွေပြန်ဆပ်ရန်
အဓိကရင်းမြစ်
အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ မြစ်ဆုံစီမံကိန်းရပ်လိုက်ပါက
ချေးငွေသဘောတူညီချက် ချမှတ်မှုအပေါ်
ဆိုးဆိုးရွားရွားသက်ရောက်နိုင်ကြောင်း
သတိပေးခဲ့သည်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မြစ်ဆုံစီမံကိန်းကိုစတင်ခဲ့ပြီး
ဆည်ဧရိယာတွင် နေရာရွှေ့ပြောင်းမှုများ မှာ
ပြီးစီးပြီဖြစ်သည်ဟု လျူက
ဆိုသည်။ပြင်ဆင်မှုများဖြစ်သော လမ်းတည်ဆောက်မှု၊ သောက်သုံးရေ
ထောက်ပံ့မှု၊
လျှပ်စစ်ထောက်ပံ့မှု၊ ဆက်သွယ်ရေးနှင့်မြေနေရာညှိခြင်းများ
အပြည့်အ၀စတင်တင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။လမ်း၊ ရေသန့်စက်ရုံ၊
ဆီသိုလှောင်ရုံတို့မှာ
ပုံကြမ်းပေါ်နေပြီဖြစ်ပြီး ပင်မရေလွှဲပြွန်
နှင့်လမ်းလွှဲစနစ်များအတွက် တူးဖော်မှုများ စတင်နေပြီဖြစ်ကြောင်း
ပြောကြားခဲ့သည်။တရုတ်နိုင်ငံအတွက်သာ အကျိုးရှိမည်ဟုသတင်းများထွက်
ပေါ်နေသည့်အပေါ် ဆင်ဟွာကမေး မြန်းခဲ့ရာတွင်လည်းဆည်ကြီးမှာ နှစ်
၁၀၀ကျော်ခံမည်ဖြစ်သောကြောင့်
မိမိ တို့ နှစ် ၅၀ သုံးပြီးမြန်မာကို လုံး
ဝလွှဲပေးသောအခါ မြန်မာအစိုး ရသည် အမေရိကန်ဒေါ်လာ ဘီလျံ
ဆယ်ချီပြီးပုံမှန်ဝင်ငွေရတော့မည် ဖြစ် ပြီး တိုက်ရိုက်စီးပွားရေးအရ
အကျိုးအမြတ်ရှိမည်မှာလည်း
ဒေါ်လာဘီလျံရာချီနေမည်ဖြစ်ကြောင်း လူကျိရှိုက
နောင်အနှစ် ၅၀ ကျော် တွင်မှ အကျိုးအမြတ်ရမည့်
အ ကြောင်းကို ပြောသွားခဲ့သည်။
တည်ဆောက်ရေးအမြင့်ဆုံး ရောက်သည့်အချိန်တွင် လုပ်သား
လေးသောင်းမျလိုမည်ဖြစ်ပြီး လက်ရှိ တွင်မြန်မာလုပ်သား နှစ်ထောင်အထိ ပင်
အလုပ်အကိုင်အခွင့်အလမ်းဖန် တီးပေးထားနိုင်ပြီဖြစ်ကြောင်းလည်း
ပြောကြားသွားခဲ့သည်။
ဆည်တည်ဆောက်မှုကြောင့် ရေကြီးမှုနှင့်
ငလျင်ကဲ့သို့သော အန္တရာယ်များဖြစ်ပေါ်လာနိုင်သည်ဟု
စိုးရိမ်မှုအပေါ်အာမခံနိုင်ခြင်းရှိမရှိ မေးမြန်းခဲ့ရာတွင် အနှစ် ၁၀၀ ကျော်
ဆည်တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးသည့်ကာလအတွင်း ဆည်တည်ဆောက်မှုကြောင့်
ရေလွှမ်းခြင်း၊ငလျင်လှုပ်ခြင်း မရှိခဲ့ဟု လူကျိရှိုက ဆိုသည်။ သို့ရာတွင်
ဆည်ကျိုးသောကြောင့် ရေလွှမ်းနိုင်ခြင်းနှင့် ငလျင်လှုပ်ချိန် ဆည်ကျိုးပါက
ဖြစ်လာနိုင်ချေကိုမူ ထည့်သွင်းပြောကြားသွားခြင်းမရှိပေ။
မြစ်ဆုံဆည်၏
ရေလွှမ်းမှုကာကွယ်နိုင်သည့် စံနှုန်းမှာ အနှစ် ၁၀၀၀
လျှင်တစ်ကြိမ်နှုန်းဖြစ်ပြီး ပိုမိုသေချာစေရန် အနှစ်တစ်သောင်း တစ်ကြိမ်အဖြစ်
သေချာစွာ ဒီဇိုင်းဆွဲခဲ့ကြောင်းဖြေကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင်
ပြဿနာနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်လည်း ''လူလုပ်တာမှန်သမျှက
သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအချို့တော့ ရှိတာပဲလေ''ဟု ပြောကြားခဲ့ပြီး
ဆည်တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးလာခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင်
ကာကွယ်မှုများ အဆင့်မြင့်လာခဲ့ကြောင်း ချေပခဲ့သည်။
အမေရိကန်မှ နှစ် ၈၀ ရှိပြီဖြစ် သော ဟိုးဗားဆည်ကြီးကို ရည်ညွှန်း
ပြောသွားခဲ့သော်လည်း ယင်းဆည်ကြီးကြောင့် ကော်လိုရာဒိုမြစ်ဝှမ်းတွင်
ဒုက္ခရောက်မှု၊အပင်နှင့်သက်ရှိ မျိုးစိတ်များ မျိုးသုဉ်းကုန်မှုအပါအ၀င်
ကြုံတွေ့ခဲ့ရသောပြဿနာများကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
ဘရာဇီး-ပါရာဂွေး ပူးပေါင်းတည်ဆောက်ခဲ့သော အီတေပူဆည်ကြီး၏ အကျိုးရလဒ်များကို
ပြောကြားခဲ့သည်။ သို့ရာတွင် ဘရားဇီးက ThreeGorges ဆည်နှင့် အီတေပူ
ဆည်ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံးဖြစ်လာမည့် ဆည်သစ်ကြီးတစ်ခုကို
တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
Three Gorges Dam ကို ဒီဇိုင်းရေးပေးခဲ့သော Changjiang Institute of
Survey,Planning, Design and Research အင်စတီကျု က
ဧရာဝတီမြစ်ဝှမ်းအပေါ်ပိုင်း နှင့် မြစ်ဆုံဆည်တည်ဆောက်ရေးဒီဇိုင်း
အတွက်တာဝန်ယူပေးခဲ့ခြင်းကြောင့် စိတ်ချရသည်ဟု လူကျိရှိုကပြော
ကြားခဲ့သည်။သို့ရာတွင် တရုတ်အစိုးရသည် Three Gorges ဆည်တည်ဆောက်မှုကြောင့်
ဖြစ်ပေါ်လာခဲ့သော မျှော်မှန်းမထားနိုင်သည့် ပြဿနာများအတွက် ၀န်ခံခဲ့ပြီး
နိုင်ငံတွင်း ဧရာမဆည်ကြီးများ တည်ဆောက်ရေးကို
ပြန်လည်သုံးသပ်ခဲ့ပြီးဖြစ်သည်။
ရွှေ့ပြောင်းပေးခဲ့ရသော ဒေသခံများကို
တစ်အိမ်ထောင် ငွေတစ်သိန်း၊ရောင်စုံတီဗွီတစ်လုံးနှင့်
နှစ်ထပ်သစ်၊အုတ်နှစ်မျိုးသုံးအိမ်တို့ ပေးအပ်ကူညီခဲ့ကြောင်း၊
ကျောင်းများ၊ဆေးရုံများကိုလည်း ကွန်ကရစ်သက်သက်ဖြင့်သာ ဆောက်ထားပြီး
ကျောင်းသားများကို ဖတ်စာအုပ်များ၊ယူနီဖောင်းများ၊ စာရေးကိရိယားများ
ပေးအပ်ခဲ့ကြောင်းပါ ထည့်ပြောသွားခဲ့သည်။
နောက်ဆုံးအနေဖြင့် တရုတ်
စကားပုံနှစ်ခုဖြစ်သည့် ''မျက်မြင်တွေ့ရခြင်းသာ ယုံကြည်ခြင်းဖြစ်သည်''
ဆိုသော စကားပုံနှင့် ''ထင်မြင်ချက်အားလုံးကို တံခါးဖွင့်ထားသူသာ
ပညာရှိဖြစ်ပြီး အရူးကမူ သူလိုချင်သည်ကိုသာ သူယုံကြည်သည်'' ဆိုသော
စကားပုံနှစ်ခုကို သုံးနှုန်းသွားခဲ့သည်။
Ref;Xinhua,CPI: Mutually Beneficial and Double Winning China-Myanmar Myitsone Hydropower |
No comments:
Post a Comment
wwwwnyinyi@gmail.com