Tuesday, October 18, 2011

အားလုံးအတွက် ရည်စူးတဲ့ မင်းကိုနိုင် မွေးနေ့


Minkoning6s
ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ် ဆိုသည့် ကိုမင်းကိုနိုင်

အားလုံးအတွက် ရည်စူးတဲ့ မင်းကိုနိုင် မွေးနေ့


နယူးဒေလီ (မဇ္စျိမ) ။       ။ “ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ
ဖြစ်စေချင်တယ်” ဟူသည့် စကားကို ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ကျိုင်းတုံ အကျဉ်းထောင်မှ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မည့် သူ့မွေးနေ့အတွက် စကားလက်ဆောင် ပါးလိုက်ကြောင်း သူ၏ ညီမဖြစ်သူ မမီမီလွင်က မဇ္စျိမ ကို ပြောသည်။

အသက် ၄၉ နှစ် ပြည့်မြောက်တော့မည့် ကိုမင်းကိုနိုင်က အင်္ဂါနေ့တွင် ပြုလုပ်မည့် မွေးနေ့ပွဲတွင် စကားလက်ဆောင် ပါးရန်  ယခုအခါမှာကြားထားသည်။

မွေးနေ့ပွဲကို အင်းစိန်ရှိ သမိုင်းမြို့မ ပရိယတ္တိစာသင် တိုက်တွင် သံဃာ
အပါး ၁၀၀ ကျော်အား အာရုဏ်ဆွမ်း ကပ်လှူပူဇော်မှာဖြစ်ပြီး ဧည့်သည်များအား နံနက် ၈ နာရီမှစတင် ဧည့်ခံမည် ဖြစ်သည်။

“စည်စည်ကားကား ဖြစ်ရတဲ့ အကြောင်းအရင်းက ဒီလိုပါ။ သူပြန်လာ
လိမ့် မယ်လို့ ကျမတို့ မျှော်လင့်ထားတာကိုး။ အဲဒီအတွက်လည်း
ရည်ရွယ် ထားတာပါ။ အခုတော့ သူပြန်မလာဘူးဆိုတဲ့ အခါကျ
တော့ သူ့ကိုချစ်ခင်တဲ့ သူ့ကိုလေးစားတဲ့ သူ့ရဲ့အပေါင်းအသင်း မိတ်ဆွေတွေကလဲ ဒီပွဲလေးမှာ လာချင်တဲ့အတွက် အခုလို စည်စည် ကားကားလေး ဖြစ်သွားရတာပါ”ဟု မမီမီလွင်က ပြောသည်။

မွေးနေ့ပွဲအတွက် ဖိတ်စာ ၈၅၀ ရိုက်နှိပ်ကာ ဖြန့်ဝေ ဖိတ်ကြားခဲ့
သော်လည်း ယခုအချိန်တွင် အဆိုပါ ဖိတ်စာများနှင့် မလောက် ငှသည့်အတွက် မိတ္တူများ ဆွဲပြီး လိုက်ဝေနေရသည်။ ဖိတ်ကြား
ထားသည့် သူများထဲတွင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
NLD မှ ခေါင်းဆောင်းအားလုံးပါဝင်ပြီး ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရသူ မိသားစုဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်များလည်း ပါဝင်ကြောင်း သိရသည်။

“နောင်တော်ကြီး ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင် အတွက် နောက်နေ့ကျရောက်မယ့် မွေးနေ့မှာ သီချင်း လက်ဆောင် အဖြစ် ကျနော်တို့တွေ သီချင်းဆိုမှာပေါ့နော်။ နောက်နှစ်တွေမှာလဲ သူကိုယ်တိုင် ထိုင်ကြည့်နေမယ့် စင်ပေါ်မှာ ကျနော်တို့တွေ သီချင်းဆိုချင်ပါတယ်” ဟု ဗကသ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်က မဇ္စျိမကို ပြော သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား  ၂၁၈ ဦးသာ ပါဝင်သည်။

No comments:

Post a Comment

wwwwnyinyi@gmail.com