>> Monday, October 17, 2011
နိုင်ငံနှစ်ခုကြား အလုပ်အမှုဆောင်ကော်မတီ တစ်ခုအသစ်ဖွဲ့စည်း ယခုကိစ္စကိုဆောင်ရွက်နေခြင်းဖြစ်ပြီး၊ နယ်စပ် ဖြတ်ကျော်ခြင်းကိုလည်း ထိန်းချုပ်သွားမည်ဖြစ်ကြောင်းပြောပါသည်။
မလေးရှားပြည်ထဲရေးဝန်ကြီးက မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း၊ ထို့သို လဲလှယ်ခြင်းကြောင့် ထောင်များ၊ ကမ့်များတွင် အကျဉ်းသား စုပြုံနေခြင်းမှ သက်သာသွားမည်ဖြစ်သည်ဟု ယင်းကဆက်၍ ပြောပါသည်။
ပြည်ထဲရေးဝန်ကြီးက ဆက်လက်၍ ယခုကဲ့သို့ မလေးအကျဉ်းထောင်များတွင် တရားမ၀င်နိုင်ငံခြားသား အကျဉ်းသားများ အဆမတန်များပြားလာမှုကို လျှော့ချရန်ယခင်ကဆောင်ရွက်ခဲ့သော်လည်း၊ လူ့အခွင့်အရေးအဖွဲ့များမှ ဖိအားပေးရှုံ့ချမှုများရှိခဲ့သည်။ ထို့သို့အကျဉ်းသားများ စုပြုံနေခြင်းနေခြင်းကိုလည်း လူ့အခွင့်အရေးများမှ ထောက်ပြခဲ့ကြသည်။
နိုင်ငံနှစ်ခု အတွင်းတွင် ထိုသို့သောအကျဉ်းသားအရေအတွက်ကိုမခန့်မှန်းနိုင်သေးကြောင်း၊ မလေးရှားတွင်ဖမ်းဆီးခံထားရသူများမှာ ကြီးမားသောရာဇ၀တ်မှုများမဟုတ်ဘဲ၊ တရားဝင်စာရွက်စာတမ်းမရှိဘဲ နေထိုင်သူများ၊ ပတ်စပို့သက်တမ်းကုန်လွန်ပြီး သက်တမ်းမတိုးသူများ စသူတို့များကြောင်း သူကဖြည့်စွက်ပြောဆိုပါသည်။ ထိုသို့သော လဲလှယ်မှုမျိုးကို အင်ဒိုနီးရှား နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့်လည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သတင်းရရှိသည်။
လွန်ခဲ့သောလကပြီးဆုံးခဲ့သောမလေးရှားလူဝင်မှုကြီးကြပ်ရေး၏ 6P လက်ဗွေနှိပ်စီမံကိန်းတွင် မြန်မာနိုင်ငံသားအပါအ၀င် အခြားနိုင်ငံသား ခန့်မှန်းခြေ ၂.၃ သန်းခန့် လက်ဗွေနှိပ် မှတ်ပုံတင်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီး Hishmmuddin က ယခုအစီအစဉ်နှင့်ပတ်သက်၍နောက်ထပ်အသေးစိတ် အကောင်အထည်လုပ်ဆောင်ရန် တို့ကို လာမည့်အပတ်ကော်မတီအစည်းအဝေးတွင် သေးစိတ် တင်ပြဆွေးနွေးသွားမည် ဟုပြောကြားသည်။ ယခုကဲ့သို့ အကျဉ်းသားလဲလှယ်မှု ကိစ္စမျိုးကို သြစတြေးအစိုးရ နှင့်လည်းဆောင်ရွက်လျက်ရှိသည်ဟု ဖြည့်စွက်ပြောကြားသည်။ လွန်ခဲ့အပတ်က သြစတြေးလျအစိုးရ နှင့် နှစ်နိုင်ငံ သဘောတူညီချက်အရ ဒုက္ခသည်လဲလှယ်ရေး ကိစ္စမှာလည်း သြစတြေးလျအစိုးရမှ နေ၍ရပ်တန့်ခဲ့သည်။
နွားကျောင်းသား (Friend Ever) ဘာသာပြန်သည်။
No comments:
Post a Comment
wwwwnyinyi@gmail.com