နိုင်ငံကျော် ဟာသပညာရှင် ဇာဂနာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
2011-10-17
ပြီးခဲ့တဲ့ ၅ ရက်ကမှ မြစ်ကြီးနား အကျဉ်းထောင်က ပြန်လည်
လွတ်မြောက်လာတဲ့ ဟာသပညာရှင် ဦးသူရ ခေါ် (ကို)ဇာဂနာကို မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေအိမ်မှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။
RFA
နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရသူ
နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဟာသပညာရှင် ဦးသူရ ခေါ် ဇာဂနာ တို့ ဖြစ်ပါသည်။
ဦးသူရကို ဒီကနေ့မနက်ပိုင်း နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားတာပါလို့ ခယ်မဖြစ်သူ မငြိမ်းက RFA ကို အတည်ပြု ပြောဆိုပါတယ်။
မနက်ပိုင်း ဆယ်နာရီ လေးဆယ့်ငါးမှာ ကိုသူရကို လာခေါ်သွားပြီး ဆယ့်နှစ်နာရီ
တစ်နာရီလောက်မှပြန်ရောက်လာတဲ့အကြောင်း မငြိမ်းက RFA ကိုပြောပါတယ်။
အသေးစိတ်ကိုတော့ မငြိမ်းက ပြောဆိုခြင်း မရှိပါဘူး။
ဟာသပညာရှင် ဇာဂနာဟာ ထောင်ထဲမှာ ကျန်ရှိနေသေးတဲ့
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့တောင်းဆိုထားပြီး
နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်တိုင် ထောင်ဝင်စာသွားတွေ့ဖို့
စီစဉ်ထားတဲ့အကြောင်း အကျဉ်းထောင်ကလွတ်လာပြီးနောက် RFA ပြောဆိုခဲ့ပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com