Tuesday, November 1, 2011

နိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေကို အချက်သုံးချက် ပြင်ဆင်


ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး
လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မကြာမီ ကျင်းပနိုင်ဖွယ်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲအမှီ ပါတီမှတ်ပုံတင်နိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါကိစ္စရပ်ကို  နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြုပြီးနောက် ထွက်ရှိလာမှသာ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားခဲ့ပါသည်။ 

မူလက ပြဌာန်းထားသော နိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေကို အချက်သုံးချက် ပြင်ဆင်ထားပါသည်။ ထိုပြင်ဆင်ချက်များမှာ ပါတီဝင်များသည် ထောင်ဒဏ်ကျခံရသူများ မဟုတ်ရဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ပါတီတစ်ခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံး သုံးနေရာ ၀င်ပြိုင်ရမည် ဟူသော ကန့်သတ်ချက်ကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီအသစ်များနှင့် သက်ဆိုင်မှုမရှိဟု ပြင်ဆင်လိုက်သည့် နည်းတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ''ထိန်းသိမ်း စောင့်ရှောက်ရမည်''ဟူသော စကားရပ်အား ''လေးစားလိုက်နာရမည်'' ဟု ပြင်ဆင်လိုက်ခြင်းဖြစ်ပါသည်။ 

ထိုသို့ ပြင်ဆင်မှုအား လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီး ဥပဒေမူကြမ်းကို သမ္မတရုံးသို့ ပေးပို့ထားကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြီးသည်နှင့် ဥပဒေအတည်ဖြစ်လာမည် ဖြစ်ပါသည်။


သတင်း----Eleven Media Group

No comments:

Post a Comment

wwwwnyinyi@gmail.com