နိုင်ငံပိုင်ရုပ်သံလိုင်းများအဖြစ်
ထုတ်လွှင့်ပြသလျက်ရှိသာ MRTV-4၊ Sky Net ရုပ်သံလိုင်းများနှင့် တရုတ်ပြည်သူ့
သမ္မတနိုင်ငံ၏ ရုပ်သံလိုင်း တစ်ခုဖြစ်သည့် CCTV ရုပ်မြင်သံကြားတို့မှ
ပူးပေါင်း၍ CCTV International ရုပ်သံလိုင်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှ
စတင်၍ မြန်မာ့ ရုပ်မြင်သံကြားတွင် စတင် ပြသနေပြီဖြစ်ကြောင်း
နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
ယခုကဲ့သို့ မြန်မာ-တရုတ် ပူးပေါင်း၍ ပြန်ကြားရေးလုပ်ငန်း ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မပာာဗျူပာာမြောက် ဆက်ဆံရေးအခြေအနေသို့ ရောက်ရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နောင်အနာဂါတ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ပြန်ကြားရေးကဏ္ဍတွင် ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး ယခုထက် ပိုမို၍ ရင်းနှီးပွင့်လင်းမှုရှိသည့် ဆက်ဆံရေးကို တိုးပွားလာနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ပြည်ပနှင့် ပူးပေါင်း၍ ရုပ်သံလိုင်းများ ထပ်မံတိုးချဲ့လိုက်သည့်အတွက် ကမ္ဘာနှင့်အဝန်း ဖြစ်ပျက်လျက်ရှိသည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်တော့မည်ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်းဝယ်ယူထားသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ-တရုတ် ပူးပေါင်း၍ ထုတ်လွှင့်သည့် CCTV International ရုပ်သံလိုင်းတွင် CCTV-4၊ CCTV-News၊ CCTV-9 Documentary ရုပ်သံလိုင်းတို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အခပေး၊ အခမဲ့ ကြည့်ရှုခွင့်ရသော ရုပ်သံလိုင်းပေါင်း ၁၀၀ ကျော်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သတင်း.. yangonchronicle

No comments:
Post a Comment
wwwwnyinyi@gmail.com