Monday, October 31, 2011

ကန့်ကွက်မူများကြောင့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်

ယခုလိုပြောင်းလည်းတာမျိုးကိုလည်းလက်ခံနိုင်စရာအကြောင်းမရှိပါ။

ဘာကြောင့်ရိုဟင်ဂျာလူမျိုးထည့်သွင်းဖေါ်ပြရသနည်း။

မြန်မာပြည်လူမျိုးရေးကိုရှုပ်ထွေးအောင်တမင်သက်သက်

လုပ်ကြံခြင်းဖြစ်သည်။

ဘီဘီစီ (အင်္ဂလိပ်ပိုင်း) သတင်း ၀က်ဆိုက်ဘ်ဆိုက် တွင် အန်နာဂျုံး ( Anna Jones) ဆိုသူ သတင်း သမား တစ်ယောက်ရေးသားသော သတင်းတပုဒ် ကို မြန်မာ နိုင်ငံ မြေပုံနှင့် တကွ ပူးတွဲဖေါ်ပြရာ တွင် ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သော ရခိုင် လူမျိုးကို ထည့်သွင်း ဖေါ်ပြခြင်း မရှိဘဲရိုဟင်ဂျာပုံ ကို ထည့်သွင်း ဖေါ်ပြထားသဖြင့် မြန်မာနိုင်ငံသား အများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့် ကွက်ခဲ့ကြသည်။
အဆိုပါ ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ အဆိုပါ မြေပုံကို ဖြုတ်ချလိုက်ပြီး အသစ်တဖန် ရခိုင်လူမျိုး ဓါတ်ပုံ တစ်ပုံကို ထည့်သွင်းကာ ယခင် မြေပုံ အတိုင်း ပြန်လည် ဖေါ်ပြခဲ့သည်။

၎င်းပြင် ဖြေရှင်းချက် တစ်ခုကိုလည်း Facebook မှ တဆင့် ယခုလို ရေးသားဖေါ်ပြသည်။

BBC-Inaccuate
ဘီဘီစီ အင်္ဂလိပ်ဆိုက်တွင် ယခင်ဖော်ပြခဲ့သည့် ပုံ
"မြန်မာနိုင်ငံနယ်စပ်များတွင် နေထိုင်ကြပြီး အစိုးရနှင့် ပဋိပက္ခဖြစ်နေကြသော လူနည်းစုများမှလူသိများ သော အုပ်စုများကို ဖော်ပြလိုရင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နေရာကို မျဉ်းကြောင်းနှင့် ရိုဟင်ဂျာပုံ ပူးတွဲ ဖော်ပြခဲ့ခြင်းမှာလည်း ပြည်နယ်ကို မည်သူမည်ဝါ ပိုင်ဆိုင်သည်ဟု ဖော်ပြလိုရင်း မဟုတ်သလို၊ ရခိုင် တိုင်းရင်းသားများကို ဖယ်ရှားချန် ထားလိုသော ရည်ရွယ်ချက်လည်း မရှိပါ" ဟု ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) အား နိရဉ္စရာမှ ဖုံးမှ တဆင့် မေးမြန်းရာ ဘီဘီစီ ၀ိုင်းတော်သား တစ်ဦးက ယခုလို ပြန်လည် ဖြေကြားသည်။

" အဲဒါကလေ ကျွန်တော်တို့ ဘီဘီစီ Facebook မှာလည်း ရေးထားပြီးပါပြီခင်ဗျာ။ ဒီကိစ္စက ကျွန် တော်တို့ ဒီလို သီးခြားဖြေရှင်းလို့ မရပါဘူး ခင်ဗျာ။ ကျွန်တော်တို့ ဘီဘီစီ Facebook မှာ အထက် အရာရှိတွေရဲ့ ဖြေရှင်းချက်ကို ရေးထားပြီးပါပြီ ခင်ဗျာ။"

အဆိုပါ ကိစ္စမှာ Asia-Pacific ဌာနမှ တင်ထားသည့် ကိစ္စဖြစ်သည့်အတွက် ဘီဘီစီ မြန်မာပိုင်းအစီ အစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူးခင်ဗျာ။ ဒီဥစ္စာက ဒီသူတို့ Asia-Pacific ဌာနက တင်ထားတဲ့ ဥစ္စာပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘီဘီစီ Asia-Pacific ဌာကို ဆက်သွယ်ရင် ပိုကောင်းပါလိမ့်မယ် ခင်ဗျာ"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သူ ရခိုင်လူမျိုးကို မြေပုံထဲမှ ဖယ်ထုတ်ပြီး ရိုဟင်ဂျာပုံကို ရခိုင်ပြည်နယ် နေရာတွင် ဖေါ်ပြထားမူမှာ မတရား အနိုင်ကျင့်မူ တစ်ခု အဖြစ် သူထင်မြင် သဖြင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ယခု ကမ်းပိန်းကို ဦးဆောင်လူပ်ရှားရာတွင် ပါဝင်သူ အမေရိကားမှ ကိုကျော်ထူးအောင်က ပြောသည်။

၎င်းပြင် ယခု လုပ်ရပ်ကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကိုင်ခြင်း အဖြစ် သူထင်မြင်ကြောင်း ယခုလို ပြောသည်။



BBC-Inaccuate-Map
ဘီဘီစီ အင်္ဂလိပ် သတင်းစာမျက်နာတွင် ယခုဖော်ပြထားသည့် ပုံ
" သူတို့က ရည်ရွယ်ချက်ရှိရှိ ဘက်လိုက် လူပ်ရှားမှုလို့ မြင်တယ်။ ရည်ရွယ်ချက်မရှိဘူး ဘက်မလိုက်ဘူး ဆိုရင် ဘာလို့ တရားဝင် မတောင်းပန်သေးတာလဲ။ လူတိုင်းဟာ အမှား လုပ်တတ်ပါတယ်။ မှားတာကို ၀န်ခံပြီး တောင်းပန်ဖို့ လိုပါတယ်" ဟု သူက ပြောသည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ မြန်မာနိုင်ငံ မြေပုံကို ဆက်လက် ဖေါ်ပြရာတွင် ရခိုင်လူမျိုးများအား ရခိုင်ပြည်နယ် အလယ်နေရာတွင် ဖေါ်ပြထားပြီး မွတ်ဆလင် ကလေးငယ်များ ဘုရားဝတ်ပြုနေသည့် ဓါတ်ပုံအထက်တွင် ရိုဟင်ဂျာဟု စာလုံးကို ရေးသားကာ ဘင်္ဂလာဒေခ်ျ့- မြန်မာ နယ်စပ် အနီး အထက်နားသို့ ရွှေ့ကာ ဖေါ်ပြထားသည်။

ထိုသို့ ရခိုင် လူမျိုးဓါတ်ပုံနှင့် တကွ ရခိုင်ပြည်နယ် နေရာတွင် ပြင်ဆင် ဖေါ်ပြထားသော်လည်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ Facebook စာမျက်နာတွင် ယခင်က ဖေါ်ခြခဲ့မူ အပေါ် မကျေနပ်သူများက ဝေဖန် ရေးသားမူများ တိုးပွားနေပြီး အများစု စာများမှာ အဆိုပါ သတင်းနှင့် တိုက်ရိုက် ပတ်သက်မူ မရှိသော ဘီဘီစီ (မြန်မာပိုင်း)ကို ဝေဖန် တိုက်ခိုက် ထားသော စာများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် နေရာတွင် ရိုဟင်ဂျာကို ဖေါ်ပြထားမူ အပေါ် မကျေနပ်မူနှင့် အတူ ရင်ဖွင့်လာရာတွင်စာရေး ဆရာ၊ ကဗျာဆရာနဲ့ ဒါရိုက်တာ ကိုချိုတူးဇော်လည်း ပါဝင်ပြီးသူက မိုးမခ သတင်းဌာနမှ တဆင့် ယခုလို ပြောသည်။ "ဒီသတင်းကို တွေ့တွေ့ချင်း စိတ်အင်မတန်မှ ဆိုးမိပါတယ်။ အဲဒါကြောင့် ကျနော်ဒီလိုလုပ်နေ တာပေါ့။ စော်ကားခံရတယ် လို့သဘောထားပါတယ်" ဟု ပြောသည်။

အလားတူ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသမီးငယ်တစ်ဦးကလည်း “ သတင်းဌာနကြီး တစ်ခုဖြစ်ပြီး ဒီလို ခွင့်လွတ်ဖို့ မဖြစ်နိုင်တဲ့ သမိုင်းအမှားတွေ၊ ဓါတ်ပုံအမှားတွေတင်ထားပြီး လူမျိုးရေးကို စော်ကားတာ အသည်း တစ်စက်စက် နာတယ် ” ဟု သူမအမြင်ကို ရင်ဖွင့်သွားခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။

Sunday, October 30, 2011

တိုက်ပွဲဝင်သူရဲကောင်း နိုင်ငံရေးအကျဉ်းသားတွေကို တာမွေ ဒီချုပ်ရုံးမှ ကြိုဆို

 သတင်း-နေ့သစ်
ဒီနေ့ တာမွေမြို့နယ် ဒီချုပ်ရုံးမှာ တာမွေမြို့နယ်မှ ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုပွဲလုပ် တယ်။ ကိုနေကျော်၊ ကိုကြည်လွင်၊ ကိုမင်းဟန်၊ ကိုသက်ဦး၊ ကိုမိုးထက်လျှံ၊ ကိုမျိုးလှိုင်၊ ကိုစောသက်ထွန်း၊ ကိုဇော်ရဲဝင်း တို့ကို ဂုဏ်ပြုကြိုဆိုခဲ့တယ်။ ကိုမျိုးလှိုင်က မအားလို့ သူက လွဲလို့ ကျန်တဲ့လူတွေအကုန်လာတယ်။ အခမ်းအနားကို ၉ နာရီမှာ စတယ် ၁၁ နာရီမှာပြီးတယ် ခေါက်ဆွဲကြော်နဲ့ ဧည့်ခံတယ် အအေးတိုက်တယ် တာမွေမြို့နယ်မှ ဒီချုပ်ပါတီဝင် တွေနဲ့ ကျောင်းသားလူငယ်တွေ တက်ရောက်တယ်။




မဲခေါင်မြစ်အတွင်းတရုပ်သင်္ဘေား၁၃ဦးသတ်ဖြတ်ခံရမှု့ပေါ်ပေါက်

တရုတ် သင်္ဘောသား ၁၃ ဦးသတ်ဖြတ်သူ ထိုင်းစစ်သားများ အဖမ်းခံ
Reuters သတင်းဌာန
အောက်တိုဘာ ၃၀၊ ၂ဝ၁၁
တရုတ်သံရုံး အရာရှိများ နှင့် ထိုင်းရဲတပ်ဖွဲ့တို့ တရုတ်ကုန်သင်္ဘောများပစ်ခတ်ခံရသည့် နေရာကို သွားရောက် စစ်ဆေးနေပုံ

ထိုင်းမြန်မာနယ်စပ်အနီး မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော ထိုင်းစစ်သား ၉ ဦးက ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ တနင်္ဂနွေနေ့တွင် ပြောလိုက်သည်။

အောက်တိုဘာ ၅ ရက်နေ့က မူးယစ်ဆေးထွက်ရှိရာ နာမည်ကျော်ဒေသ ရွှေတြိဂံဒေသတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

သောကြာနေ့တွင် အဖမ်းခံခဲ့သော ထိုင်းစစ်သားများထဲတွင် အရာရှိ ၂ ဦး ပါဝင်သည်ဟု မြန်မာပြည်နှင့် ထိစပ်နေသည့် Chiang Saen ဒေသ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။

"အားလုံး စစ်တပ်ကပါ။ သူတို့ကိုယ်တိုင် ရဲစခန်းကိုလာအဖမ်းခံတာပါ" ဟု ရဲတပ်ဖွဲ့ အကြီးအကဲ Phopkorn Kooncharoensuk က Reuters သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောသည်။

Phopkorn Kooncharoensuk က အသေးစိတ် ပြောဆိုခြင်းမရှိပေ။ အမှုကို စစ်ဆေးနေဆဲဟုသာ ပြောသည်။

တရုတ်နိုင်ငံက မဲခေါင်မြစ်အတွင်း သွားလာနေသော တရုတ်သင်္ဘောသားများ၏ လုံခြုံရေး၊ သတ်ဖြတ်ခံရသူများအရေးအတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးရေး စသည်တို့အတွက် ဒေသတွင်း နိုင်ငံများကို တောင်းဆိုထားသည်။

မဲခေါင်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများ နယ်စပ်များကို ဖြတ်သန်းပြီး ပင်လယ်သို့ စီးဝင်သည့်မြစ်ကြီး ဖြစ်သည်။

တရုတ်သင်္ဘောသား ၁၃ ဦးတို့ လိုက်ပါလာသော ကုန်တင် သင်္ဘောများကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဆိုသော ခိုင်လုံသည့် အထောက်အထားများကို ထိုင်းရဲတပ်ဖွဲ့က ရရှိပြီးဖြစ်သည်ဟု
ထိုင်း ဒုတိယ၀န်ကြီးချုပ် Chalerm Yubamrung ပြောဆိုခဲ့ကြောင်း ယနေ့ တနင်္ဂနွေနေ့ထုတ် the Nation သတင်းစာတွင် ရေးသားထားသည်။

သို့သော်လည်း ထိုပစ်ခတ်မှုမှာ ထိုင်းစစ်တပ်နှင့် သက်ဆိုင်မှုမရှိဟု ထိုင်း ဒုတိယ၀န်ကြီးချုပ်က ပြောဆိုကြောင်း သတင်းစာတွင် ရေးထားသည်။
(မျိုးဇော် ဘာသာပြန်သည်)

ပုဇွန်တောင် ချောင်းအတွင်း ငါးအစုအပြုံလိုက် သေဆုံး၊ မျောပါမှုဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာက ရေအရည်အသွေး နှင့် သေဆုံးသည့် ငါးနမူနာကောက်ယူ စစ်ဆေးနေ








Sunday, 30 October 2011 13:50
753 ပုဇွန်တောင်ချောင်းအတွင်း ငါးများသေဆုံးခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ်
ပုဇွန်တောင်ချောင်းအတွင်း ငါးများ အစုအပြုံလိုက် သေဆုံး၊ မျောပါမှုဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာက ယင်းချောင်း၏ ရေအရည်အသွေးနှင့် သေဆုံးသည့်ငါးနမူနာ ကောက်ယူ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
“အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ရေစစ်ရေကျချိန် ပုဇွန်တောင်ချောင်း (ကြက်ဘဲဈေးအနီး) ထဲမှာ ငါးတွေအစုလိုက်အပြုံလိုက် မျောနေတာ တွေ့ရတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါမှာ အဲဒီလိုဖြစ်တဲ့ ငါးအမျိုးအစားက ငါးဇင်ရိုင်းအများစု ဖြစ်ပါတယ်။ သေတဲ့ငါးတွေရှိသလို မြော့ပြီး မျော နေတဲ့ငါးတွေလည်း ရှိပါတယ်။ ချောင်းရေပြင် အတော်များများမှာ အဲဒီငါးတွေ မျောနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအနားက ငါးနမူနာရယ်၊ ရေအရည်အသွေး ရယ်ကိုဓာတ်ခွဲစစ်ဆေးသွားဖို့ ဆောင်ရွက်နေပါတယ်”ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရာသီဥတု ပြောင်းလဲခြင်း၊ ရေအပူချိန် ပြောင်းလဲခြင်း၊ ရေအရည်အသွေး ကျဆင်းခြင်း၊ စက်ရုံများမှ အန္တရာယ်ရှိဓာတု စွန့်ပစ်ပစ္စည်းများ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်မှုများကြောင့် လည်း ငါးများသေဆုံးနိုင်ကြောင်းနှင့် အချို့ဒေသများတွင်

“ပုဇွန်တောင်ချောင်း ထဲမှာ မနေ့က(တနင်္လာနေ့) နံနက် ၉ နာရီ လောက် ရေကျချိန်မှာ ချောင်းရေ ပြင်လုံးနီးပါး ငါးတွေပေါ်နေပြီး သေဆုံး၊ မျောပါခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ငါးတွေကသေတာ တွေရှိသလို မြော့နေတာမျိုးတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဒီလို မျောပါမှုဟာ အဏ္ဏ၀ါညောင်တန်း ဆိပ်ခံတံတားလောက် ရောက်သွားတယ်လို့ သိရပါတယ်။  နောက် ၄၅ မိနစ်လောက်နေတော့ ရေပြန်တက်တဲ့အချိန်မှာ ဒီလိုဖြစ်နေတာမျိုး မတွေ့တော့ဘူးလို့ သိရတယ်။  ဒါမျိုး အရင်တစ်ခါမှ မကြုံဖူးဘူးလို့ လည်းပြောပါတယ်။ တချို့ကလည်း အရင်ဖြစ်ဖူးပေမယ့် အခုလို အများအပြားတော့ မဟုတ်ဖူးလို့ ပြောပါတယ်။ အဲဒီနားက ငါးဖမ်းဆီးသူ တွေကတော့ ဒီလိုဖြစ်တာကို ရေနာ တယ်လို့ပြောပါတယ်။  သာမန်ဖြစ်ရိုး ဖြစ်စဉ်မဟုတ်ဘဲ ထူးခြားတဲ့အနေအထားလို့ ပြောလို့ရပါတယ်။  ဒီလို ငါးတွေအစုလိုက် အပြုံလိုက်သေဆုံး၊ မျောပါတာမျိုးက ရေအရည်အသွေး ကျဆင်းတာရယ် ဒါမှမဟုတ် ဓာတုပစ္စည်း များများစားစား ချောင်းထဲကို စွန့်ပစ်မှုတွေကြောင့် ဖြစ်နိုင်တယ် လို့ ကနဦးသုံးသပ်လို့ ရပါတယ်။ အခုတော့ သက်ဆိုင်ရာက နမူနာယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ လုပ်နေတယ်လို့ သိရပါတယ်”ဟု မြန်မာ နိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရာသီဥတုပြောင်းလဲခြင်း၊ ရေ အပူချိန်ပြောင်းလဲခြင်း၊ ရေအရည် အသွေးကျဆင်းခြင်း၊ စက်ရုံများမှ အန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းများ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ် မှုများကြောင့်လည်း ငါးများသေဆုံး နိုင်ကြောင်းနှင့် အချို့ဒေသများတွင် လူတို့ပယောဂဖြစ်သည့် စိုက်ပျိုးရေး သုံး ပိုးသတ်ဆေးများ၊ အခြား ဆေးဝါးများအသုံးပြုပြီး မြစ်ချောင်းများအတွင်း ဆေးချကာ ငါးဖမ်းဆီးမှုများကြောင့်လည်း ငါးသေဆုံးမှုများ ဖြစ်ပွားတတ်ကြောင်းလည်း သိရှိရပါသည်။

၂၀၁၄ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို နားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို



Saturday, 29 October 2011 23:53
w75_02
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အောက်တိုဘာလ ၂၉ရက်နေ့ ညဦးပိုင်းကတွေ့ရစဉ်
၂၀၁၄ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခွင့်ရရန်အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို နားလည်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။  ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၉ရက်နေ့ ညဦးပိုင်းအချိန်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထိုသို့ပြော ဆိုခဲ့ခြင်းဖြစ်သည်။
''သူကတော့ ရှင်းပြတာပါ။ ဘယ်လိုလုပ်နေသလဲပေါ့။ အန်တီကလည်း ပြောပါတယ်။ နားလည်ပါတယ်လို့။ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္က္ကဋ္ဌကို မျှော်မှန်းတဲ့ကိစ္စတွေအကြောင်းလည်း နားလည်ပါတယ်။ သူတို့ရဲ့အမြင်တွေကိုလည်း နားလည်ပါတယ်။ အားလုံး အဆင်ပြေပါတယ်။၂၀၁၄မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမလားဆိုတာကတော့ သူတို့ဆုံးဖြတ်မှာပေါ့နော်။ အာဆီယံက ဆုံးဖြတ်ရမယ့် ကိစ္စပဲ။ အာဆီယံအလှည့်ကျဥက္ကဌနဲ့ပတ်သက်လို့ အားလုံးမြန်မာနိုင်ငံသူနိုင်ငံသားတွေရော အာဆီယံကပြည်တွေကပါ အားလုံး ၀မ်းသာ နိုင်မယ့် အဖြေတစ်ခုရအောင်လို့တော့ ဖြစ်နိုင်မယ်လို့မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။
မြန်မာနိုင်ငံအပေါ်ထားရှိသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို သတင်းထောက်များကို မေးမြန်းခဲ့ရာ အဆိုပါပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သောနိုင်ငံများ၏ သဘောထားနှင့်သာသက်ဆိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။
''စီးပွားရေးပိတ်ဆို့မှုကို အစကတည်းက သူတို့လုပ်ကတည်းက  ဘယ်လိုဘယ်လိုအချက်တွေကြောင့်ဆိုပြီး သေသေချာချာပြောထားတာ ရှိပါတယ်။ ဒီပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးဆိုတာ ဒီအချက်တွေကို ကြည့်လိုက်ပေါ့။ ပြောထားတဲ့အချက်အလက်တွေနဲ့ ကိုက်ညီလို့ရှိရင် သူတို့တောင်းဆိုထားတဲ့အချက်တွေနဲ့ ကိုက်ညီလို့ရှိရင် သူတို့ဟာသူတို့ဖြုတ်မှာပဲ။ ပြောနေစရာလည်း ဘာမှလိုမှာမဟုတ်ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့ပါသည်။
စီးပွားရေးပိတ်ဆို့အရေးယူမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှာ အရေးပါသည်ဟု ယူဆပါသလားဟူသော မေးခွန်းကိုမူ '' မဆိုင်ပါဘူး။ အန်တီနဲ့မဆိုင်ပါဘူး။ သူတို့ပြောထားတဲ့အချက်တွေနဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင် သူတို့ဟာသူတို့ဖြုတ်မှာပဲ။ ဒီအချက်တွေက အန်တီပြောတာလည်း မဟုတ်ဘူး။ အန်တီကနေပြီး ဒီအချက် ဒီအချက်ထည့်ပါဆိုပြီး ပြောထားတာလည်း မဟုတ်ပါဘူး။ အမှန်ပြောရလို့ရှိရင် အန်တီလည်း မသိပါဘူး။ ထွက်လာပြီးတော့မှာပဲ ဖတ်ရတာပေါ့''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
NLD ပါတီ မှတ်ပုံတင်ရေးကိစ္စကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားဖြင့်သာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ထပ်မံလွတ်မြောက်လာမည်ကိုလည်း ယုံကြည်ကြောင်း အစရှိသော ကိစ္စများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါသည်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မြန်မာသို့ လာမည်

The Voice Weekly

ကမ္ဘာပေါ်တွင် ရွေးကောက် တင်မြှောက်ခံခြင်းဖြင့် သက်တမ်း အရှည်ကြာဆုံး အစိုးရ အကြီးအကဲ ဖြစ်ပြီး မလေးရှား နိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ် အဖြစ် ၂၂ နှစ်ကြာ တာဝန်ယူခဲ့သူ ဒေါက်တာ မဟာသီယာ မိုဟာမက်သည် နိုင်ငံအခြေစိုက် Felda Global Group နှင့် မလေးရှား ဆီအုန်းကောင်စီတို့၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံ ဆက်သွယ် စီစဉ်မှုဖြင့် မြန်မာ - မလေးရှား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း UMFCCI ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

မလေးရှား အစိုးရပိုင် ပက်ထရိုနပ် ရေနံကုမ္ပဏီ၏ အကြံပေးနှင့် ပရိုတွန် ကားကုမ္ပဏီ၏ အမှုဆောင်ချုပ် ဖြစ်သူ ဒေါက်တာ မဟာသီယာ မိုဟာမက်သည် ရန်ကုန် မြို့တော်ရှိ UMFCCI ရုံးချုပ် အဆောက်အအုံတွင် UMFCCI အမှုဆောင်/ ပုံမှန် အသင်းသား ကုန်သည်ကြီးများ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အကြား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုမည် ဖြစ်ကြောင်း UMFCCI ထံမှ သိရသည်။

မဟာသီယာ ခရီးစဉ်အပြီး မြန်မာနိုင်ငံ ရန်ကုန် မြို့တော်တွင် ပရိုတွန်ကား အရောင်းပြခန်း တစ်ခု ပေါ်ပေါက်လာဖွယ် ရှိကြောင်း နှစ် ၂၀ ဝန်းကျင်ခန့် မော်တော်ယာဉ် ဝယ်ရောင်း လုပ်ကိုင်လာသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

အဖြစ်မှန်ကိုမြန်မြန်ဆောင်ရွက်စေချင်ပါတယ်။

စမ်းချောင်း၊ မင်္ဂလာလမ်းက ကလေးငယ်ကို အမြန်ဆုံး ကယ်ဆယ်ပေးကြပါ။ (ပေးစာ)


သို့...... မောက္ခ ပညာရေး မဂ္ဂဇင်း .... ရိုသေစွာ စာရေးလိုက်ပါတယ်။ ကျွန်မတို့ စမ်းချောင်း၊ မင်္ဂလာလမ်းမှာ အငြိမ်းစားဆရာမ တယောက်ရှိပါတယ်။ သူနဲ့ သူ့သမီးတယောက်က စိတ်ကျန်းမာရေး ချို့ယွင်းနေပြီး သူ့သမီးက တစ်ခါတစ်လေမှာ အ၀တ်မကပ်ဘဲ
လျှောက်သွားနေတဲ့အထိ အခြေအနေ ဆိုးပါတယ်။ ကျန်တဲ့ သမီးတွေကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ အဲဒီဆရာမက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ကလေးတယောက်ကို ကျောင်းထားပေးမယ်ဆိုပြီး ခေါ်ထားပါတယ်။
ခုတစ်လော ကျွန်မတို့ သတိထားမိတာက အဲဒီကလေးကပါ စိတ်ကျမ်းမာရေး ချို့ယွင်းလာပုံရပြီး လမ်းထဲကလူတွေ အဲဒီဆရာမကြီး အိမ်ကို ထောက်လှမ်း ကြည့်ကြတဲ့အခါမှာ အဲဒီကလေးဟာ ကျောင်းကပြန်လာရင် မီးဖိုထဲဝင် အလုပ်လုပ်ရပြီး ပြီးတာနဲ့ အမှောင်ထဲမှာအကြာကြီး ထိုင်ခိုင်းထားခံရပါတယ်။ အိမ်သားတွေ စားပြီးမှ အကြွင်းအကျန်တွေကို ကလေးကို ပုံကျွေးပါတယ်။ အ၀တ်ကလဲ တနှစ်လုံးမှ ၂ စုံလောက်ပဲ ပေးပြီး ရပ်ကွက်က လူတွေ လာပေးတာလဲ ကလေးက ၀တ်ရတာမမြင်မိပါဘူး။
သူခိုင်းတဲ့အတိုင်း စိတ်တိုင်းကျ မလုပ်ပေးရင် အဲဒီကလေးကို ရိုက်နှက်ပြီး လက်ညိုး ငေါက်ငေါက်ထိုးပြီး နာရီပေါင်းများစွာ ဆဲဆိုနေတယ်လို့ သိရပါတယ်။ အဲဒီဆရာမကြီးက အခန်းသေးသေးလေးတွေဖွဲ့ပြီး နယ်က ကလေးတွေကို ငှားစားပါတယ် အဲဒီအခန်းတွေကိုလဲ မကြာခဏ လျှပ်စစ်မီးမရအောင် မိန်းပိတ်ချထားတတ်ပြီး ကလေးကိုမရိုက်နှက်ဖို့ဝင်ပြောတဲ့ ကျောင်းသူတိုင်းကို မောင်းချတတ်ပါတယ်။ အိမ်ကိုလဲ အပေါက်တွေဖောက်ထားပြီး လူတွေကိုလိုက်ချောင်းနေတတ်ပါတယ်။
အဲဒီကလေးကို ကယ်တင်လို့ရအောင် ကူညီပေးပါ။ အငြိမ်းစားဆရာမကြီးလဲဖြစ် တခြားသမီးတွေကလဲ ရပ်ကွက်ထဲမှာ တည်တည်တံ့တံ့နေတဲ့ လူတွေဖြစ်တော့ ရပ်ကွက်လူကြီးက ၀င်လက်မလျှိုချင်ဘူးလို့ ပြောပါတယ်။ သတင်းကို ဖြန့်ဝေပြီး ကလေးကို အားလုံးစုစုစည်းစည်းနဲ့ ၀ိုင်းကယ်ထုတ် ကူညီချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
သန်လျင်တက္ကသိုလ်ကျောင်းသူများ

ကန်တော်လေး ၉၆ လမ်း တိုက်ဟောင်း ပြိုကျ၊ တဦးသေ တဦး ဒဏ်ရာရ


Yangon Press International
အောက်တိုဘာ ၃၀၊ ၂၀၁၁

သေဆုံးသွားသူအား လူနာတင်ယာဉ်ဖြင့် သယ်ထုတ်သွားသည် (ဓာတ်ပုံ - Yangon Press International)

ယနေ့ ည ၉ နာရီ ၂၅ မိနစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၆ လမ်းတွင်းရှိ လေးခန်းတွဲ ၂ထပ်တိုက်ဟောင်း တလုံး ၏ နောက်ဖေး ဘယ်ဘက်ခြမ်း တခြမ်းပြို ကျမှုကြောင့် လူတဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိသွားသည်။

"ကျွန်တော် တို့ ထမင်းစားပွဲမှာစားနေကြတာ ညီမက နောက်ဖေးဘက်မှာ ဟင်းခွက် သွားယူတဲ့အချိန် ၀ုန်းခနဲ အသံကြီး ကြားပြီးတော့ ပြိုကျသွားတာဘဲ ကျန်တဲ့မိသားစုတွေလည်း အိမ်ရှေ့က ပြေးဆင်းသွားကြတယ် ။ ညီမက ပြိုကျသွားတဲ့ အပျက်အစီးပုံပေါ်မှာ ပက်လက်ကလေး လန်နေတယ်" ဟု ပြိုကျမှုကြောင့် ဒဏ်ရာရရှိသူ မနုကြမ်း၏ အစ်ကိုဖြစ်သူ ဦးမောင်ထွန်းက ပြောသည်။

တိုက်ပြိုကျမှုကြောင့် အောက်ထပ်တွင်ရှိသော အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦး အုပ်ချပ်ပြားများပိပြီး သေဆုံးခဲ့သည်ဟု သိရသည်။

" အဲဒီတုန်းက သူက နောက်ဖေးမှာ မီးပြင်နေတာ ပြိုပြီး တော်တော်နဲ့ ၀င်မရဘူးကြားတယ်။ သူ့ကိုတွေ့ပြီး ကယ်နေတုန်းမှ ဆုံးသွားတာ" ဟု ယင်းတိုက်နောက်ဖေးမှ အိမ်နီးချင်းတဦး ကပြောသည်။

တိုက်ပြိုကျပြီး ၂ နာရီကျော်အကြာ ည၁၂ နာရီ ၁၀မိနစ်အကြာတွင် ရုပ်အလောင်းကို သယ်ထုတ်နိုင်ခဲ့သည်။

ရန်ကုန်မြို့စဉ်ပင်သာယာရေး အဆောက်အအုံဌာန မှ တာဝန်ရှိသူတဦးက "ကျွန်တော်တို့ မနက်ဖြန် အဖွဲ့တွေနဲ့ ဆင်းစစ်ပြီးရင် DB( dangerous building) သတ်မှတ်မယ် မူလနေတဲ့သူတွေကို ဖယ်ရှားဖို့ လုပ်မယ်" ဟု ပြောသည်။

ပြိုကျသော အခြမ်း အပေါ်ထပ်တွင် မိသားစုဝင် ၁၀ ဦး နေထိုင်ပြီး အောက်ဘက်ခြမ်းတွင် ၁၁ ဦး နေထိုင်သည်ဟု သိရသည်။

အဆိုပါ တိုက်ခန်းကိုလျှပ်စစ်မီးဖြတ်တောက်ပြီးနောက် နေထိုင်သူများအားလုံးကို ညတွင်းခြင်းပင် ရွှေ့ပြောင်းနေရာချပေးခဲ့သည်ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းနိုင်က ပြောသည်။

အဆိုပါအိမ်မှာ ၄င်းတို့ မိသားစု အစဉ်အဆက် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၀ ၀န်းကျင်ခန့်က တည်ဆောက်ဖြစ်သည်ဟု သိရသည်။

တူးမကုန်အောင်ရတနာများပေါကြွယ်ဝသော်လည်းမြန်မာပြည်ကြီးဆင်းရဲလျှက်။အကြွေးများမကင်းဖြစ်နေရဆဲ

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)


ဒီနေ့ ရောက်ရှိလာတဲ့ ပုံတွေကို အမှတ်တမဲ့ ကြည့်လိုက်တော့ ဘယ်နိုင်ငံခြား တိုင်းပြည်က တည်ဆောက်ရေး လုပ်ငန်းပုံတွေ လဲပေါ့ Mega ယန္တယားကြီးတွေ အများအပြားနဲ့ ပုံတွေဆိုတော့ ရုတ်တရက်ကြည့်ရင် မျက်စိမှားစရာပါ...။ နိုင်ငံခြားတိုင်းပြည်တွေက တည်ဆောက်ရေး လုပ်ငန်းခွင်တွေလို့ ထင်ရတဲ့ နေရာကတော့ ကချင်ပြည်နယ် ဖားကန့် ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြင်ကွင်း ဓာတ်ပုံတွေပါတဲ့...။ တိုးတက်နေတာလား ဆုတ်ယုတ်နေတာလား၊ သဘာဝဝန်းကျင်တွေ ပျက်စီးနေတာလား ဒီကရတဲ့ သယံဇာတတွေ ရောင်းရငွေတွေကြောင့် ကချင်ပြည်သူလူထု အကျိုးအမြတ်တွေကို ခံစားနေရလား၊ တိုင်းပြည်တိုးတက် ဖွံဖြိုးနေပြီလားဆိုတာ သုံးသပ်ကြည့်ရအောင်...။

မြန်မာပြည်ရဲ့ ဦးခေါင်းပိုင်း ကချင်ပြည်နယ်ဟာ  သယံဇာတတွေ သဘာဝအရင်းအမြစ်တွေ ပေါများကြွယ်ဝတဲ့ ဒေသတခုပါပဲ...။ ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ဖွထွက်ရှိရာ ဖားကန့်ဒေသဟာလည်း ကမ္ဘာကျောက်ပါတယ်...။ ၁၉၈၅/၈၆လောက်က ထင်ပါတယ်... ကချင်ပြည်နယ် ဖားကန့်ဒေသက ၂၂တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ရန်ကုန်ကို အစောင့်အကြပ်တွေနဲ့ ညဘက်ကြီး ရထားနဲ့ သယ်ဆောင်လာတာ ကြားဘူးခဲ့ပါတယ်။ ထိုစဉ်က မဆလခေတ် သတင်းစာတွေမှာ မစားရမခန်း ဒီကျောက်စိမ်းတုံးကြီးကြောင့် တိုင်းပြည်ကြီး နေ့ချင်းညချင်း ကြွယ်ဝချမ်းသာတော့ မလိုလို၊ ရေးသားချက်တွေ ဖတ်ခဲ့ဘူးပါတယ်..။ ကမ္ဘာပေါ်က လူအားလုံးကို တရက်ထမင်းကျွေးလို့ရတယ်ဆိုလား ကောလဟာလတွေလည်း ကြားခဲ့ဘူးပါတယ်..။
 နွံထဲ၌ ကားတစီးလုံး မြုပ်နေသည်.. ဆင်နှင့်ဆွဲပေးကြပါ.. တခါဆွဲ ၃သိန်းတဲ့
ဒီပုံကတော့ အထက်ပါပုံနဲ့ လားလားမျှ ဆန့်ကျင်တဲ့ မိုးတွင်းကာလ ကာမိုင်း၊ ဖားကန့်လမ်းပေါ်က မြင်ကွင်းပါ..။ 4Wheel Drive ကားတောင် မြုပ်နေတဲ့ ကြမ်းတမ်းတဲ့ လမ်းပေါ်မှာ ဆင်နဲ့ဆွဲပြီး အလွတ်ရုန်းနေရတဲ့ ၂၁ရာစုရဲ့ ကမ္ဘာ့အကြီးဆုံး အဖိုးတန် ကျောက်စိမ်းတွေ ထွက်ရှိရာဒေသက ကားလမ်း အခြေအနေပါ...။ ကားတစ်စီး ဆင်ဆွဲခ ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းအထိ ကုန်ကျပါတယ်...။ ဒီလိုခေတ်အဆက်ဆက် လမ်းဆိုးတယ်လို ကျော်ကြားတဲ့ ဖားကန့်လမ်း ပြင်ဆင်ရန်ဆိုပြီး အလှူခံငွေ ကောက်ခံခဲ့ရာမှာတော့ ဆယ်စုနှစ် ၂ခုရှိနေပါပြီ...။ လမ်းပြင်ဆင်ဖို့ အတွက် မူးယစ်ဆေးစွဲသူများအား ဖမ်းဆီးပြီး အလှည့်ကျ စေခိုင်းပါတယ်..။ ဖားကန့်မှ ကျောက်စိမ်းလုပ်ကွက် ပိုင်ရှင်များထံမှ အလှူငွေကောက်ခံပေမယ့် လမ်းကတော့ မိုးတွင်းဆိုရင် မြင်ရတဲ့ အတိုင်းပါပဲ...။
 ချင်းတွင်းမြစ်ကြောင်းမှ ယန္တယားများ သယ်လာစဉ်
အပေါ်က အဆိုပါကြီးမားလှတဲ့ စက်ယန္တယားကြီး တွေကိုတော့ မုံရွာမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်း အတိုင်း ယခုလို သယ်ဆောင်လာတာပါ...။
 ကျောက်ထွက် အများဆုံး ဖားကန့်ကြီးမှ လုပ်ကွက်တွေလို့ ဆိုပါတယ်..။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကြီးပြင်းနေထိုင်ဘူးတဲ့ ယခုအိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ကချင်အမျိုးသား ဇော်ရှန်မှ အဆိုပါလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ " အရင်ကတော့ ဒီနေရာတွေဟာ လုပ်ငန်းလုပ်ကွက် အရမ်းကြီးတဲ့ နေရာတွေပါ... တော်ရုံတန်ရုံ မကပ်နိုင်တဲ့ နေရာတွေပေါ့..။ ပထမဦးဆုံး ကချင်အမျိုးသား ရုဇော်ခေါင်ဆိုသူပိုင်တဲ့ Jade Land ကုမ္ပဏီက ပိုင်ဆိုင်ခဲ့တာပါ.. သူက တော်တော်ချမ်းသာတယ်လေ။ ကချင်ထဲမှာ အကြီးဆုံး ကုမ္ပဏီပေါ့ ... ဒီနေရာတွေမှာ ကျောက်က အလှူပေးသလို လိုက်ကောက်လို့ ရအောင် ကျောက်တွေ အကြီးအကျယ်ထွက်တဲ့ နေရာတွေပေါ့..."
 ကားကိုတော့ ဆင်နဲ့ဆွဲပါတယ်.. ချောင်းကိုတော့ စက်နဲ့ဖော်ပါတယ်..
လက်ရှိအခြေအနေမှာ ဒီနေရာ ဒီဒေသကို ဘယ်သူတွေ ဒီလောက်ကြီးမားတဲ့ ပမာဏနဲ့ လုပ်ကိုင်နိုင်မလဲ ဆိုတာကိုမေးမြန်း ကြည့်ရာမှာတော့ " နောက်ပိုင်းမှာ ကချင်လောပန်တွေ လုပ်စားဖို့ တော်တော် ခက်သွားပြီလေ...။ လက်ရှိနောက်ပိုင်း ပြည်ကြီးက တရုတ်ကုမ္ပဏီတွေနဲ့ စစ်တပ်ပိုင် ဦးပိုင်ဖက်စပ်တို့ ကချင်၊ မြန်မာ၊ ရှမ်းစတဲ့ လောပန်တွေ အနားမကပ် နိုင်တော့ဘူးပေါ့... နောက်ဖက်စပ်ဆိုတာ ပေါ်လာတော့ ဝ၊ ကိုးကန့်နဲ့ KDA စတဲ့ အဖွဲ့တွေနဲ့ စစ်တပ်ပေါင်းပြီး လုပ်နေကြတာပေါ့..။ ဒီဘက်မှာ  ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေက ဆက်စပ်နေတာလေ...။ တော်ရုံတန်ရုံလူ အပြင်လူ ဝင်ခွင့်မရဘူး လက်နက်ကိုင်တွေ စောင့်ကြပ်နေကြတာလေ..။  "
အနောက်ဖက်မှ မြင်ရတဲ့ ကျောက်တောင်ကနေ သဲတောင်အဖြစ် ဘဝပြောင်းသွားတဲ့ ဖားကန့် ကျောက်စိမ်းမှော်မြေရဲ့  မြင်ကွင်းတခု
လက်ရှိအခြေအနေမှာတော့ စစ်တပ်ပိုင် ဦးပိုင်၊ ဝ၊ ကိုးကန့်၊ KDA၊ နောက်ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ယုဇနကုမ္ပဏီနဲ့ တရုတ်ဖက်စပ်ကုမ္ပဏီတွေသာ လက်ဝါးကြီး အုပ်ကြီးဆိုးလာတော့  စစ်တပ်နဲ့ ဆက်စပ်မှုမရှိတဲ့ အတွက် တော်ရုံ ဓနအင်အားတောင့်တင်းမှု မရှိတဲ့ လုပ်ငန်းရှင်တွေ ကျောက်စိမ်းကို သိပ်မလုပ်နိုင်တော့ဘဲ ကျောက် စိမ်းတူးဖော်မှုလောက် စားရိတ်စားကမများတဲ့ ရွှေတူးတဲ့ဘက်ကို ခြေဦးလှည့်ကုန်ကြပါတယ်..။ ဥရုချောင်းကို ကချင်တွေက အင်မတန်တန်ဖိုးထားပြီး နတ်သမီးတပါးလို့ တင်စားခေါ်ဝေါ်ကြတာပါ...။ ယနေ့အချိန်မှာတော့ ဥရုချောင်းဟာ အမည်နာမလောက်သာ ကျန်တော့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ထားရာနေ စေရာစီးဆင်းနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါပြီ...။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အဓိက ဝင်ငွေဟာလည်း ဒီဖားကန့်ဒေသက ရရှိနေတာဖြစ်ပါတယ်..။ ယနေ့အချိန်မှာတော့ KIAရဲ့ အဓိက ဝင်ငွေရရှိတဲ့ ဖားကန့်ဒေသက ကျောက်စိမ်း လုပ်ကွက်တွေကိုလည်း စစ်တပ်မှ ထိန်းချုပ်နေပါပြီ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ဂေဟစံနစ်တွေ အကြီးအကျယ် ပျက်ဆီးနေတဲ့ ဖားကန့်ဒေသရဲ့ အခြေအနေကတော့ အထက်မှာ မြင်ရတဲ့အတိုင်း နှစ်စဉ်၊ နှစ်တိုင်း မိုးတွင်း အခါမှာ ဥရုချောင်း ရေလျှံ၊ ရေကြီးတဲ့ဒဏ်နဲ့ ရာသီဥတု ဖောက်ပြန်တဲ့ ဒဏ်တွေကို ခံစား နေရပါပြီ...။ ဒီဆိုးကျိုးတွေဟာ ကျပ်ငွေသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ကွက်တွေ အများအပြားလုပ်ကိုင်ရာ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း သယံဇာတတွေ အကြီးအကျယ်ထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသက ကချင်လူမျိုးတွေ၊ ဒေသခံပြည်သူတွေ ရရှိနေတဲ့ အကျိုးခံစားခွင့်တွေ၊ ဆုလာဘ်တွေ ဖြစ်နေသလားဆိုတာ စဉ်းစားစရာဖြစ်နေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်..။
ဖားကန့်မှ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတုံး တတုံးမြင်ကွင်း...
ဓာတ်ပုံ SM၊ ဒီမိုဝေယံ
သတင်း ဇော်ရှန်၊ ဒီမိုဝေယံ၊

၂၀၀ရနိုင်ငံရေးအကျဉ်းသားအဖြစ်အဖမ်းခံခဲ့ရသောဆရာတော်ဦးကောဝိဒ

(ဓာတ်ပုံ - သောကြာနေ့၊ အောက်တိုဘာ ၂၁၊ ၂၀၁၀၊ အင်န်အယ်ဒီရုံးချုပ် နိုင်/ကျဉ်း တွေ့ဆုံပွဲတွင် တွေ့ရသော ဆရာတော်နှင့် ဒေါ်အောင်ဆန်းစုကြည်)
“ ဘုန်းဘုန်းတို့ကတော့ အာဃာတ မထားပါဘူး။ ပြုသူအသစ် ခံသူ အဟောင်း ” တဲ့ 
ဦးကောဝိဒ နှင့် အင်တာဗျူး

မိုးမခ အထောက်တော်၊ ရန်ကုန်

ဒဂုံမြို့သစ် (အရှေ့ပိုင်း ) တက္ကသီလာ မဟာဇေယျ သိဒ္ဓိပဋ္ဌာန်းကျောင်းတိုက်မှ ဆရာတော် ဦးကောဝိဒ ဟာ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းကာလ တုန်းက ကျောင်းမှ သံဃာငယ်တွေ စီတန်းလှည့်လည် ပရိတ်ရွတ် တဲ့ကိစ္စမှာ ကျောင်းထိုင် ဆရာတော် တဦးအနေနဲ့ ရော မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ တဦးအနေနဲ့ပါ တာဝန်ရှိတယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပါတယ်။

အလိမ်သင်တာလက်ဦးဆရာ

(၄-၂-၂၀၁၀ ထုတ် Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)ရေးသားသူ-အတ္တကျော်
အဲတုန်းက ကျွန်တော့် သားလေးက နှစ်တန်း ကျောင်းသား၊ ခုနစ်နှစ် သားပဲ ရှိပါ သေးတယ်။ ကျွန်တော် ကလည်း သူတစ်ပါးရဲ့ လခစားဝန်ထမ်း ဘ၀မှာပဲ ရှိသေးတယ်။ တစ်နေ့ ကျွန်တော်ရုံးက အပြန်မှာ
ကျွန်တော့် အိမ်သူက ကျွန်တော့်ကို တိုင်တယ်။ ''ရှင့်သားကို ကျွန်မ
ဆူထားတယ်'' ''ဘာဖြစ်လို့တုံး...''

လာမည့်ရွေးကောက်ပွဲအတွက်ပြည်သူများမျှော်လင့်ချက်ဖြစ်လာနိုင်

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ ဦးဥာဏ်ဝင်း ပြောဆို

2011-10-29
ပြည်သူ့လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ပြင်ဆင်လိုက်တာကြောင့် NLD ပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
(Photo: AFP)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အများစုက ပါတီ မှတ်ပုံမတင်ရေး သဘောတူခဲ့ကြပြီးနောက် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်တွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ယာ) နှင့် ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း (ဝဲ) တို့က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
NLD ပါတီက ကန့်ကွက်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲဥပဒေထဲက အချက်တချို့ကို လွှတ်တော်ကနေ ပြင်ဆင်ချက် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေတာလို့ သိရပါတယ်။ ဒါပေမယ့် ဒီဆောင်ရွက်မှုအတွက် NLD ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဦးဥာဏ်ဝင်းက- ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း၊ မိမိ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တာကို မြင်လိုပါတယ်လို့ ရိုက်တာသတင်းဌာနကို ပြောဆိုတယ်လို့ သိရပါတယ်။

Saturday, October 29, 2011

BBC ရဲ့မှားယွင်းမှု့က မြန်မာပြည်တိုင်းရင်းသားများ၏ဒေသဆိုင်ရာ၊လူမျိုးရေးပြဿနာများဖြစ်ပေါ်လာနိုင်


ရှက်တတ်ကြပါ

Friday, 28 October 2011

ဓါတ်ပုံပေါ်ကလစ်နှိပ်ကြည့်ပါ။

ဒီ ဓါတ်ပုံလေးကို ကျမ စမြင်ခဲ့ဖူးတာ facebook ပေါ်မှာပါ.. အမှတ်မထင်တွေ.ပြီး တယောက်ယောက်က ဖန်တီးတီထွင် ထားတယ်လို.ပဲ ထင်ခဲ့မိတယ်... ဒီလိုနေရင်း တနေ. သူငယ်ချင်းတယောက်က BBC လင့်လေး လာပေးပါတယ်.. အဲ့ဒီတော့မှပဲ ဒါဟာ သတင်းအနေနဲ. အတည်ပြုတင်ထားတာမှန်းသိလိုက်ရပါ
တယ်.. ရိုဟင်ဂျာဆိုတာ တကယ်တော့ မြန်မာနိုင်ငံသားမဟုတ်ဘူးလို. ကျမ လက်ခံယုံကြည်ထားပါတယ်.. သူတို.ဟာ ရခိုင် မူဆလင်တွေပါလို. ပြောဦးမလား.. ဘယ်ရခိုင်ကို သွားမေးမေး ဒီလူတွေဟာ ရခိုင်မဟုတ်ပါဘူးလို. ငြင်းကြပါလိမ့်မယ်... ကျမ သူငယ်ချင်း ရခိုင်မလေးကိုယ်တိုင်ပြောပြဖူးလို. ကျမ ယုံကြည်ပါတယ်..

ဒီ ကုလားစပ် မူဆလင်တွေ ဘယ်ကလာပါသလဲ ... ဖြစ်နိုင်တာက အင်္ဂလိပ်လက်ထက် က ကျွန်အနေနဲ.ခေါ်လာလို. ဖြစ်စေ ၊ စစ်အတွင်း အသုံးချဖို. ခေါ်လာလို.ဖြစ်စေ ပါလာခဲ့ပြီး စစ်ပြီး တကွဲတပြားစီ နီးစပ်ရာ နိုင်ငံဝင်နေရင်း ကျန်ခဲ့ကြတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်... သူတို.နဲ. ဖြစ်နိုင်ချေရှိတဲ့ သမိုင်းအထောက်အထားကို ဒီမှာ ဖတ်မိပါတယ်... မြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုးကျော်ရှိပါတယ်.. သို.သော် ရိုဟင်ဂျာမပါပါ...ဒါဟာ တကယ့် ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လက်ခံထားတဲ့ အမှန်တရားတခုပါ...

ဒီ ရိုဟင်ဂျာ ကိစ္စ ပြည်ပမှာ တဖြည်းဖြည်း ကြီးထွားလာတဲ့ အကြောင်းရင်းကို ပြောရမယ်ဆိုရင် နိုင်ငံရေးခိုလှုံဖို.က စတယ်လို.ပဲ ဆိုရပါမယ်... လူ.အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ ဒီကိစ္စဟာ ပြသာနာကြီး တခုပါပဲ.. ဒီအချက်ကြောင့်လည်း တိုင်းပြည်ပျောက်နေတဲ့ ရိုဟင်ဂျာ အဖြစ် ခံယူသူတွေ တဖြည်းဖြည်း များလာကြတာပါ... တကယ့် ကုလား မူဆလင်အစစ်ကလည်း နိုင်ငံရေးခိုလှုံခွင့် ရချင်တော့ လူမျိုးပျောက်ပြီး ရိုဟင်ဂျာ ဖြစ်သွားကြပါတော့တယ်... ဒါကို ဘီဘီစီက မြန်မာတွေ မသိတာလား မသိချင်ယောင်ဆောင်တာလားတော့ ကျမ လည်း မသိပါ.. ရိုဟင်ဂျာ ဟန်ဆောင်သူတွေဆိုတာကလည်း ဒီလူတွေနဲ. မျက်နှာနာနေကြရတော့ ကုလားကို ရိုဟင်ဂျာ မဟုတ်ပါဘူးလို. ပြောရင် အပြန်အလှန် ထိုးနှက်ကြတော့မှာ မို.လို. အချင်းချင်း ရေငုံနှုတ်ပိတ်နေကြတယ်လို. ထင်ပါတယ်.... ဒီတော့ နိုင်ငံခြားသားတွေက မေးတဲ့အခါ လွဲချော်မှု.ကြီးတွေ ဖြစ်လာရတော့တာပါပဲ...အပွင့်လင်းဆုံးပြောရရင် နိုင်ငံရေးလုပ်ပါ ... အစိုးရကို ထိုးနှက်ပါ.. သို.သော် ဒီလိုမျိုး ကိုယ့်တိုင်းရင်းသား လူမျိုးတွေကို ထိခိုက်စေမယ်ဆိုရင်တော့ ရှောင်ကြဉ်ကြရပါမယ်... ကိုယ်နေရာ ရဖို. ကိုယ်အဆင်ပြေဖို. ကိုယ့်အမျိုးကို ချမနင်းပါနဲ. အမျိုး မပျောက်ပါစေနဲ.... နောက်ဆုံးအနေနဲ. ပြောရရင် ဒီ ဓါတ်ပုံ ထွက်လာတာသည် နိုင်ငံခြားသား မှာ အပြစ်မရှိ ..ဘာလို.လဲ ဆိုတော့ သူက မေးမြန်းရရှိမှု.တွေပေါ် မူတည် ရေးသား ထုတ်ဝေရခြင်းဖြစ်ပါတယ်.. တကယ်က ကိုယ့်လူမျိုးတွေ အသုံးမကျတာ... ဒီ မျိုးချစ်စိတ် မရှိသူတွေ ကြောင့် ရခိုင်လူမျိုးတွေ နေရာမှာ ရိုဟင်ဂျာတွေ ဖြစ်ရတာ .. BBC က မြန်မာ လူမျိုးတွေ ရှက်တတ်သင့်တယ်.. ရခိုင်လူမျိုးတွေကို တောင်းပန်သင့်ပါတယ်..

ကျေးဇူးတင်ပါသည်
simple views

Oxi Day Foundation က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို သတ္တိရှင် အဖြစ် ဂုဏ်ပြု (ရုပ်/သံ)




၂၀၁၁ ခုနှစ်ရဲ့ Oxi Day Battle of Crete ဆုကို ရရှိသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂရိနိုင်ငံ Crete တိုက်ပွဲမှာ နာဇီကျူးကျော်မှုကို အန်တုရင်ဆိုင်ခဲ့တဲ့ အမျိုးသမီးတွေလိုပဲ သတ္တိခွန်အား စိတ်ခွန်အား ပြည့်ဝတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ အမေရိကန်ခေါင်းဆောင်တွေက ချီးကျူးပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ Oxi Day Foundation ရဲ့ မနေ့က နှစ်ပတ်လည်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို Oxi Day Battle of Crete ဆု ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာတော့ အမေရိကန်နိုင်ငံရေးအတွင်းက ထင်ရှားတဲ့ ခေါင်းဆောင်ပိုင်းတွေ၊ လွှတ်တော်အမတ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို ကိုယ်တိုင် မတက်ရောက်လာနိုင်တဲ့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန် ကတော့ ဗွီဒီယိုနဲ့ အမှာစကားပေးပို့ပါတယ်။ Oxi Day Battle of Crete ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုယ်ကျိုးထက် အများလွတ်မြောက်မှုကို ဦးစားပေးသူ လူ့ဂုဏ်သိက္ခာတရားအတွက် တိုက်ပွဲဝင်နေသူဖြစ်တယ်လို့ ချီးကျူး ပြောဆိုသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်စနစ်နဲ့ဖိနှိပ်မှုကို တွန်းလှန်တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ သူမဟာ သူရဲ့တကိုယ်ရည် လွတ်လပ်မှုကို စွန့်လွှတ်ပြီး နေအိမ်အကျယ်ချုပ်ခံ ဆက်ပြီးတိုက်ပွဲဝင်ခဲ့သူပါ။ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီရေးနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်တာဟာ၊ လူ့ဂုဏ်သိက္ခာတရား လူ့ရပ်တည်မှုအတွက် တိုက်ပွဲဝင်တာလို့ ပြောခဲ့ပါတယ်။”

အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ အောက်လွှတ်တော် အမျိုးသမီးအမတ် Ileana Ros Lehtinen ကလည်း ချုပ်ချယ်ကန့်သတ်မှုတွေကြားက မိမိအမြင်အယူဆကို ရဲရဲဝံ့ဝံ့ ပြောဆို တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိကို ချီးကျူးသွားပါတယ်။

“Oxi Day Battle of Crete ဆု ချီးမြင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ဂုဏ်ပြုပါတယ်။ ရက်စက်ကြမ်းတမ်းတဲ့ မြန်မာစစ်အစိုးရရဲ့ ခြိမ်းခြောက် နှောက်ယှက်မှုတွေ၊ ဖမ်းဆီးချုပ်နှောင်မှုတွေ အစဉ်တစိုက် ခံနေရပေမဲ့ နှစ်၂၀ ကျော်ကြာအောင် သူဟာ သူရဲ့တိုင်းပြည်ပေါ်မှာ စိတ်အားရဲရင့်မှု သတ္တိခွန်အားတွေ ရှိနေခဲ့တာပါ။ ဒီလောက်ချုပ်ချယ်ကန့်သတ်မှုတွေ ကြားကနေ ပြောဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်အယူအဆနဲ့ သူ့ရဲ့ သတ္တိပြောင်မြောက်မှုတွေကို ဦးညွှတ် ဂုဏ်ပြုမိပါတယ်။”

အခမ်းအနားကို ကိုယ်တိုင်တတ်ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီအရေး အစဉ်ထောက်ခံအားပေးလာခဲ့သူ အောက်လွှတ်တော်အမတ် Joseph Crowley က ၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံရေးဖြတ်သန်းလာမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍတွေကို တတ်ရောက်လာသူတွေကို အချိန်အတော်ကြာ ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလိုစွန့်လွှတ်ဆောင်ရွက်မှုတွေကြောင့်လည်း အမေရိကန် အထက်လွှတ်တော်ရော အောက်လွှတ်တော်အမတ်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုနဲ့ ဂုဏ်ပြုခဲ့ကြတယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ကို ချီးကျူးမှတ်သားလောက်စရာကောင်းတဲ့ အမျိုးသမီးပါ။ သူ့တိုင်းပြည်လွတ်မြောက်ရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ်မှာ အောက်လွှတ်တော်ရော အထက်လွှတ်တော် အမတ်တွေကပါ တညီတညွတ်တည်း အမေရိကန်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း အခုလိုပဲ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ်တွေဟာ ကွန်ဂရက်အဆောက်အဦးကြီးထဲမှာ သူ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။”



ဒေါ်အောင်ဆန်းစုကြည်ကို အခုပေးတဲ့ Oxi Day Battle of Crete ဆုဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမဏီတွေအတွက် အတော်လေး ထိခိုက်သွားစေတဲ့ ဂရိနိုင်ငံ Crete တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်းတွေကို ဂုဏ်ပြုပြီး ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီရေးအတွက် သတ္တိပြောင်မြောက်တဲ့ အမျိုးသမီးတွေကို ပေးဖို့ရည်ရွယ်တာဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူကြီးသန်းရွှေ(လူသတ်သမား) သမီး ၂ယောက်က မြေဧက ၅၀ တောင်းခံ

မိုးမခ အထောက်တော်၊ ရန်ကုန်။ အောက်တိုဘာ ၂၈၊ ၂၀၁၁
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး ၂ ဦးဖြစ်သူ အေးသောင်းရွှေနှင့် သိင်္ဂရွှေတို့က ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်အနီး မြေဧက ၅၀ ရရှိရန် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ထံ တောင်းခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမည်မဖေါ်လိုသော အရာရှိတဦးက ပြောသည်။

ထိုသို့ တောင်းခံလာခြင်းအပေါ် မြို့တော်ဝန် ဦးလှမြင့် အနေဖြင့် မည်သို့ ဆုံးဖြတ်မည် မသိရသေးကြောင်း၊ မြို့တော်ဝန် ဦးလှမြင့်သည် ဗိုလ်ချုပ်မှူးကြီးက ရွေးချယ် ခန့်အပ်ထားသူအဖြစ် သိရှိထားကြပြီး ယခုနှစ်ဆန်း နအဖ အစိုးရ အာဏာလွှဲအပ်ခြင်း မပြုမီ မြို့တော်ဝန် ဦးအောင်သိန်းလင်းအစား လဲလှယ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ပါတီရန်ပုံငွေအဖြစ် လုပ်ကိုင်ရန် ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်တွင် ဈေးရုံတရုံ တောင်းခံထားသည်ဟု ၎င်းအရာရှိကပင် ပြောသည်။ ကြံ့ခိုင်ရေး ပါတီအား ဈေးရုံတရုံ ရောင်းချပေးရန်ကိစ္စနှင့် ပတ်သက်၍ ၎င်းပါတီအားပေးလျင် အခြားသော နိုင်ငံရေးပါတီများကိုပါ ရောင်းချပေးရမည့် သဘောဖြစ်သဖြင့် ခေတ္တဆိုင်းငံ့ထားသည်ဟု စည်ပင် အရာရှိကပြောပြသည်။

လှိုင်သာယာ စက်မှုဇုန်သည် ရန်ကုန်မြို့ရှိ အခြားသော စက်မှုဇုန်များအနက် အကွာအဝေးအရ၊ လမ်းပန်းဆက်သွယ်ရေးအရပါ အဆင်ပြေဆုံး စက်မှုဇုန်တဇုန်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ နှစ်သက်ဆုံး စက်မှုဇုန်ဖြစ်သည်။ လှိုင်သာယာ စက်မှုဇုန်မြေကွက် ၁ ဧက ဈေးနှုန်းမှာ သိန်း ထောင်ဂဏန်း ထိရှိသည်ဟု သိရှိရသည်။ အဆိုပါဈေးအရတွက်လျင် သန်းရွှေ၏ သမီး ၂ ယောက်က လက်ရှိနိုင်ငံတော်အစိုးရထံက မြန်မာကျပ်ငွေ သိန်းထောင်ပေါင်း ၁၀၀ နီးပါးကို တောင်းခံသည့် သဘောဖြစ်နေသည်။

အစိုးရသစ်လက်ထက် ရင်းနှီးမြှုပ်နှံမှုနှင့် အခွန်အကောက်ဆိုင်ရာ ဖြေလျော့မှု လက္ခဏာများ မြင်တွေ့လာရခြင်းနှင့် အတူ ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု ပိုမိုလာနိုင်သည့် အလားအလာရှိနေသဖြင့် လှိုင်သာယာ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်နှင့် အခြားသောစက်မှုဇုန် မြေကွက်များအပေါ် လုပ်ငန်းရှင်ကြီးများ ပိုမို စိတ်ဝင်စားလာကြသည်။

ဧပြီလ ၃၀ ရက်နေ့ တွင် နအဖ အစိုးရဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တရားဝင်မည်သည့် ရာထူးမျှတာဝန်ယူမထားတော့ သော်လည်း တပ်မှ အနားယူ၊ မယူကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။ ထို့အတူ ယခုအစိုးရသစ်အား နောက်ကွယ်မှ ကြိုးကိုင်လျှက်ရှိသည်ဟု နိုင်ငံရေး အကဲခတ်သူ အများစုက ယုံကြည်လျက်ရှိကြသည်။

ရန်ကုန်ရှိ ၀န်ကြီးများရုံး (အတွင်းဝန်ရုံး) ကဲ့သို့သော အရေးကြီး ရှေးဟောင်းအဆောက်အအုံများကို ဟိုတယ်လုပ်ခွင့်ပေးမည်မဟုတ်ပဲ ပြခန်းအနေဖြင့်သာ အကြိမ်ကြိမ်စဉ်းစားပြီးမှ ခွင့်ပြုရန်ရှိ

Saturday, 29 October 2011 00:13
wgm1
ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံး (အတွင်းဝန်ရုံး)အပါအ၀င် အရေးကြီး ရှေးဟောင်းအဆောက်အအုံများကို ဟိုတယ်အသွင်လုပ်ခွင့်မပြုပဲ ပြခန်းအနေဖြင့်သာ ပြသလုပ်ကိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)အား ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုမည့် သတင်းများအပေါ် မီဒီယာများ၏မေးမြန်းချက်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC)၊ ဥက္ကဋ္ဌဦးစိုးသိန်းမှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြခန်းအဖြစ်လုပ်ခွင့်ပြုသည် ဆိုသည့်တိုင်အောင် အကြိမ်ကြိမ် စဉ်းစားပြီးမှသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ယခင်က ရှေးဟောင်းအဆောက်အအုံ အချို့အားဖျက်ပစ်ခဲ့သည့်အတွက် ယခုအခါ လေ့လာရန် မကျန်ရှိတော့ကြောင်း၊ ယခုနောက်ပိုင်းတွင် အရေးကြီးသည့် ရှေးဟောင်း အဆောက်အအုံများကို ထိုသို့ အလုပ်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်မှာရှိတဲ့ သမိုင်းဝင် အဆောက်အအုံတွေကို ထိန်းသိမ်းဖို့လိုအပ်တယ်။ ထိန်းသိမ်းရင်းနဲ့ ၀င်ငွေရအောင် ပြခန်းသဘောမျိုး ဖွင့်လှစ်ပြီး ၀င်ငွေလည်းရ၊ လေ့လာလို့လည်းရ၊ အဆောက်အအုံကိုလည်း ထိမ်းသိမ်းပြီးသားဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ အတွင်းဝန်ရုံးတို့ ဟိုက်ကုတ်တို့ဆိုရင် တကယ့်အရေးကြီးတဲ့ အဆောက်အအုံတွေဖြစ်တဲ့အတွက် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့် မပြုဘူး။ ကျန်တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ဟိုတယ်လုပ်ခွင်ပြုမယ်ဆိုရင်တောင် ပြင်ပက ရှေးဟောင်းလက်ရာတွေကို လုံးဝမထိခိုက်ပဲ အတွင်းဘက်မှာပဲ ပြုပြင်လုပ်ကိုင်ဖို့ ခွင့်ပြုမှာပါ။ ဒါတောင်မှ အကြိမ်ကြိမ်စဉ်းစားပြီးမှ ခွင့်ပြုမှာပါ။ ရှေးတုန်းက သမ္မတအိမ်တော် ဖျက်ပစ်လို့ နောက်လူတွေ လေ့လာလို့မရဘူး။ အခုအဲဒီလို အလုပ်မခံတော့ဘူး။ လုပ်မယ့် သူတွေ MIC ကိုတင်ပြရမယ်။ MIC ကအတည်ပြုမှသာ အစိုးရရဲ့ Guide Line အတိုင်းလုပ်ကိုင်ရမယ်။ သမိုင်းဝင် အဆောက်အအုံတိုင်းကို ဟိုတယ်လုပ်ခွင့် ပြုမှာမဟုတ်ပါဘူး" ဟု  မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC)၊ ဥက္ကဋ္ဌ ဦးစိုးသိန်းမှ ပြောကြားခဲ့ပါသည်။

စတုတ္ထအကြိမ်ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်ထပ်တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် စတုတ္ထအကြိမ် တွေ့ဆုံမည်

2011-10-28
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တို့ဟာ အောက်တိုဘာ ၃၀ ရက် တနင်္ဂနွေနေ့  မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးမယ်လို့  သိရပါတယ်။
ယခင်တွေ့ဆုံစဉ်သတင်းဓါတ်ပုံ
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်တို့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် ဖြစ်ပါသည်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေက ရန်ကုန် အခြေစိုက် စာနယ်ဇင်းတွေနဲ့ သတင်းထောက်တွေကို ဖိတ်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်က အယ်ဒီတာတဦးက ပြောပါတယ်။ စာပေစိစစ်ရေးက တနင်္ဂနွေနေ့ တနာရီလို့ အကြောင်းကြားထားတဲ့အကြောင်း၊ ပြီးခဲ့တဲ့ တွေ့ဆုံပွဲက တရားဝင် မထုတ်ပြန်ပေမယ့် ဒီတကြိမ်မှာ နိုင်ငံရေးအကျဉ်းသားများ ကိစ္စနဲ့ NLD က ရွေးကောက်ပွဲဝင် မ၀င် ပြောမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမယ့် သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ Eleven Weekly ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဒီကနေ့မှာ ရေးသား ဖော်ပြထားပါတယ်။ တကယ်လို့သာ တွေ့ဆုံခဲ့ရင် တနင်္ဂနွေနေ့ တွေ့ဆုံမှုဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရသစ် လက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ရဲ့  စတုထ္ထအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD က ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဟန်သာမြင့် ကတော့ ဒါဟာ တာဝန်ရှိသူတွေဖက်က သတင်းဂျာနယ်တွေကို အကြောင်းကြားတာ ဖြစ်ပြီး NLD အနေနဲ့ တရားဝင် မသိရှိရသေးဘူးလို့ RFA ကို ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှု့အားတရားရုံးမှလက်ခံအသိအမှတ်ပြု

ဒေါ်​အောင်ဆန်း​စုကြည်စွဲဆိုတဲ့​ တရား​ရုံး​မ​ထေမဲ့​မြင်မှုကို စစ်​ဆေး​ဖို့ တရား​ရုံး​ကလက်ခံ

  October 29, 2011 by ​အေး​နိုင်  
မြန်မာ့ ​ဒီမိုက​ရေစီလှုပ်ရှား​မှု ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က အကိုဦး​အောင်ဆန်း​ဦး​ အပါအဝင် လူပုဂ္ဂိုလ်သုံး​ဦး​အ​ပေါ် တရား​ရုံး​မ​ထေမဲ့​မြင်မှုနဲ့​ စွဲဆိုထား​တဲ့​အမှုကို ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ကြား​နာစစ်​ဆေး​ဖို့​ မ​နေ့​ ​အောက်တိုဘာ ၂၈ ရက်​နေ့​က လက်ခံလိုက်ပါတယ်။
 ဒေါ်​အောင်ဆန်း​စုကြည်က အကို ဦးအောင်ဆန်း​ဦး​နဲ့​ ​မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦး​မြတ်ခိုင်၊​ ဂျာနယ်ထုတ်​ဝေသူဝဏ္ဏ​ကျော်ထင် ဦး​လှမြင့်​တို့​အ​ပေါ် စွဲဆိုတဲ့​အမှုကို ဒီလ ၂၇ ရက်​နေ့​မှာ လက်ခံ​ရေး​ ​လျှောက်လဲချက်​​ ပေး​ခဲ့​ပြီး​ ​နောက်တ​နေ့​မှာ အမှုလက်ခံလိုက်တာလို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က လိုက်ပါ​ဆောင်ရွက်တဲ့​ တရား​ရုံး​ချုပ်​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။
အမှုကို လက်ခံပြီး​တဲ့​အတွက် ဦး​အောင်ဆန်း​ဦး​နဲ့​ ဦး​မြတ်ခိုင်တို့​ထံကို နို့​တစ်စာ ​ပေး​ပို့​ပါလိမ့်​မယ်လို့​ သူက ​ပြောပါတယ်။
အမှုက​တော့​ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် လက်ရှိ​နေထိုင်​နေတဲ့​ ရန်ကုန်မြို့​ ​ရွှေတောင်ကြား​ ၁ ရပ်ကွက်၊​ ဗဟန်း​မြို့​နယ်၊​ အိမ်အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ် ပိုင်ဆိုင်မှုနဲ့​ စပ်လျဉ်း​တဲ့​အမှုကို တရား​ရုံး​က တစုံတရာ အမိန့်​ မချမှတ်ခင် ​မော်နီတာဂျာနယ်နဲ့​ ဦး​အောင်ဆန်း​ဦး​တို့​ ​တွေ့​ဆုံ​မေး​မြန်း​ခန်း​မှာ ဦး​အောင်ဆန်း​ဦး​က အမှုနိုင်ပြီး​ ဖြစ်​ကြောင်း​ ​ပြောဆိုချက်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို စွပ်စွဲ​ပြောဆိုချက်​တွေ ​ဖော်ပြခဲ့​တဲ့​အတွက် တရားရုံး​ကို မ​ထေမဲ့​မြင် ပြုမူမှုနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​စွဲဆိုခဲ့​တာ ဖြစ်ပါတယ်။

မိုးညှင်းမြို့တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးသီးဟောင်း ၄၀၀၀ ခန့်အားတူးဖော်တွေ့ရှိ

မိုးညှင်း၊ အောက်တိုဘာလ  ၂၆ ရက်
          ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့စုရပ်ကွက်ရှိ ဌာနဆိုင်ရာ ရုံးများကြားတွင်ဒုတိယ ကမ္ဘာစစ်အတွင် က အသုံးပြုသော ဗုံးသီးလက်ကျန်များကို တူးဖော်ရ ရှိခဲ့ ပါ သည်။ အောက်တိုဘာလ ၁၉ ရက်နေ့က အဆိုပါရုံး အ တွင်းရှိကုက္ကိုလ်ပင်အားရုံးနှင့် မလွတ်သောကြောင့် ခုတ် လှဲရန် အမြစ်အားတူးဖော်ရာမှစတင်တွေ့ရှိခဲ့ပြီး သက် ဆိုင် ရာသို့အကြောင်းကြားခဲ့ပါသည်။ ယနေ့အထိ တူးဖော် ရရှိသောဗုံးသီးဟောင်းများမှာ ၃၉၁၄ လုံးဖြစ်ပြီးသက် ဆိုင်ရာမှ လာရောက်တူးဖော် စစ်ဆေးပြီး သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ ဗုံးသီးများမှာအမျိုး အစားစုံလင်ပြီး လက်ရှိအခြေအနေတွင် အန္တရာယ်မရှိကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

လယ်ယာမြေ နိုင်ငံပိုင်ပြုရေး ဥပဒေ ဖျက်ရန် ဆန္ဒပြသူ ခုနှစ်ဦး အာမခံဖြင့်လွတ်

ချင်းမိုင်(မဇ္စျိမ) ။     ။ရန်ကုန်မြို့ အိုးအိမ်ဖွံ့ဖြိုးရေး ရုံးရှေ့တွင် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေကို ပယ်ဖျက်ပေးရန် ဆန္ဒပြရာတွင်ပါဝင်ခဲ့ မှုဖြင့် ရဲကဖမ်းဆီးခဲ့သော ရှေ့နေ ကိုဖိုးဖြူအပါ အဝင် ခုနှစ်ဦးတို့ကို အာမခံဖြင့် သောကြာနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။
ဗိုလ်တထောင် ရဲစခန်း အချုပ်တွင် တညတာ နေခဲ့ရပြီးနောက် လယ်သမား ၁၂ ဦးက စုစုပေါင်း အာမခံ ကျပ်သိန်း ၅၀ ဖြင့် အာမခံပေးရာက ခုနှစ်ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။

farmer
ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့ လယ်သမားတစုက မြေပိုင်ဆိုင်ခွင့်ပေးရေး ဆန္ဒပြနေစဉ် ကြည့်ရှု့နေကြသူများကို ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ၇က်၊ ၂၀၁၁ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

ကိုဖိုးဖြူ၊ ဒဂုံမြို့သစ်တောင်ပိုင်း ကျီစုကျေးရွာသား လယ်သမားများ ဖြစ်သော ဦးစိုးနိုင်၊ ဦးခင်ထွေး၊ ဦး အောင်မြင့်၊ ဦးသိန်းထွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှ ဦးညို နှင့် ဟင်းချက်သင်တန်း ကျောင်းဆရာတဦးဖြစ်သူ ဦးသီအောင်တို့ကို ရဲက ဥပဒေမဲ့ လူစုလူဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ အမိန့်ဖီဆန်မှု ၁၄၅ နှင့် တရားစွဲဆိုထားပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တွင် တရားရုံး ရုံးချိန်းပေး ထားသည်။

“လွှတ်တော်မှာ တင်သွင်းပေမယ့် လွတ်တော်မှာ အလိမ်အညာတွေပဲ ဖြစ်လာတယ်။ လယ်ယာမြေ ဥပဒေ မူကြမ်းတွေ ထွက်လာတယ်။ ဥပဒေမဲ့ လယ်လက်လွတ် ဆုံးရှုံးတဲ့ သူတွေအတွေကို ဘယ်လို အဖြေမျိုးမှ ပါမလာဘူး။ တကယ်တမ်းမှာ ကျနော်တို့ တောင်သူတွေ စားဝတ်နေရေး ကျပ်တည်းတာတွေ ပိုမိုပြင်းထန်
လာလို့ ကျနော်တို့ ဒီလမ်းကို ရွေးလိုက်ရတာပါပဲ” ဟု ကိုဖိုးဖြူက ပြောသည်။

ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ဖွံ့ဖြိုးရေး ဌာနရုံးရှေ့တွင် လယ်သမားတစု ပါဝင်သည့် ဆန္ဒပြသူများက ၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည် “လယ်သမားမြေ ပိုင်ဆိုင်ခွင့် ဥပဒေ” အရ မြေအားလုံး ကို နိုင်ငံတော်က ပိုင်ဆိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းကို ဖျက်သိမ်းပေးရန်နှင့်  သိမ်းဆည်းခံ လယ်မြေများ
ပြန်လည်ခွဲဝေပေးရန်တို့ကို လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့သည်။

မိနည်းအနည်းငယ်အတွင်း ရဲအင်အား ၁၀၀ ခန့်ရောက်ရှိလာရာ ဆန္ဒပြမှု ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ဦးဆောင်သူများကို  သတင်းရဲတပ်ဖွဲ့မှ  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဖမ်းဆီး ခေါ်ဆောင်သွား
၍ နှစ်နာရီခန့်ကြာ စစ်ဆေး မေးမြန်း ပြီးနောက် ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့ စစ်ဆေးတဲ့ နည်းလမ်းက မျက်နှာကို အုပ်တယ်။ အိတ်အမဲကို ခေါင်းကိုစွပ်ပြီး အုပ်တယ်။ စစ်တယ်။ အသက်ရှုကျပ်တယ်။ စစ်ဆေးနေချိန်မှာ တိုက်တဲ့ ရေထဲမှာ ဆေးဝါးပါတယ်လို့ ကျနော်ထင်တယ်။ ကျနော်မူး တယ်။"ဟု ကိုဖိုးဖြူက ပြောသည်။

တရုတ်ရုပ်/သံ မြန်မာပြည်တွင်ထုတ်လွှင့်ခြင်းဖြင့်မြန်မာပြည်အတွက်မည်သို့အကျိုးသက်ရောက်မှု့ရှိလာမည်နည်း?

တရုတ်ရုပ်မြင်သံကြားလိုင်း ၃ ခု မြန်မာပြည်တွင် တစ်ပြိုင်နက်ပြသပြီ

တရုတ်နိုင်ငံရဲ့ ဗဟိုရုပ်မြင်သံကြားဌာန CCTV ကို မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ CCTV ဟာ လိုင်းခွဲများစွာရှိပြီး အဲဒီအထဲကမှ CCTV-4 (Chinese), CCTV-News (English), နဲ့ CCTV-9 (Documentry) ဆိုပြီး  လိုင်းခွဲသုံးခု ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ MRTV-4 ရဲ့ SKY NET လိုင်းက ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

MRTV-4 ဟာမြန်မာ ရေဒီယိုနဲ့ရုပ်မြင်သံကြားဌာန MRTV ရဲ့လက်အောင်ခံအဖြစ် Forever Media Group နဲ့ပူးတွဲတည်ထောင်ထားတာဖြစ်ပါတယ်။ SKY NET ကတော့ ရွှေသံလွင်ကုမ္ပဏီက MRTV နဲ့ပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးစိုးဝင်းနဲ့ တရုတ်နိုင် ငံ ရေဒီရိုနဲ.ရုပ်မြင်သံကြားဌာန ဒုဝန်ကြီး MR. TIAN JIN တို့က ဖွင့်လှစ်ပေးပါတယ်။

CCTV ကို MRTV-4 ကနေထုတ်လွှင့်တဲ့အခါ SKY NET ရဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုသုံးမှာဖြစ်ပါတယ်။ CCTV-4 တီဗီလိုင်းကို အောက်တိုဘာလ ၁ ရက်နေ. ၁၉၉၂ မှာ အပြည်ပြည်ဆိုင်ရာကို တရုတ်ဘာသာနဲ. စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ CCTV-News (English) လိုင်းကိုတော့ စက်တင်ဘာလ ၂၅ ရက်နေ့ ၂၀၀၀ ခုနှစ်မှ စတင်ပြီး ၂၄ နာရီထုပ်လွှင့်ခဲ့တာပါ။ CCTV-9 (Documentary) ကိုလည်း ၂၄ နာရီပတ်လုံး တစ်ပြိုင်နက်ထုတ်လွှင်ခဲ့တာဖြစ်ပါတယ်။

တရုတ်မြန်မာ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း နီးနီးကပ်ကပ် တိုးတက်မှုရှိခဲ့တယ်လို. သတင်းမှာဖေါ်ပြပါတယ်။

ရထား​နှင့်​လျှပ်စစ်မီတာ သုံး​စွဲခများ​ တိုး​ကောက်ရန် အစိုး​ရအဖွဲ့​ သ​ဘောတူ


  October 28, 2011 by ရွှေအောင်  
ရထား​ခနဲ့​ မီတာခ​တွေ တိုး​မြှင့်​သတ်မှတ်​ကောက်ခံဖို့​ အစိုး​ရအဖွဲ့​က သ​ဘောတူလိုက်တယ်လို့​ သိရပါတယ်။
ဒီ ​နေ့​ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​မှာ သက်ဆိုင်ရာ ဝန်ကြီး​တွေက တိုးကောက်ဖို့​ကိစ္စ လွှတ်​တော်ကို တင်ပြခဲ့​ကြတယ်လို့​ ရန်ကုန်တိုင်း​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က ​ပြောပါတယ်။
“ရထား​ဝန်ကြီး ​တင်တယ်။ သူတို့​ရထား​ခ​တွေ တက်ချင်တယ်။ လက်ရှိကား​ခရဲ့​ ထက်ဝက်​လောက်ကို တက်ချင်တယ်​ပြောတယ်။ အဲဒါနဲ့​ပတ်သက်လို့​ သူတို့​ကက်ဘိနက်​တွေလည်း​ ဆုံး​ဖြတ်ထား​ပြီး​ပြီတဲ့​။ အဲဒါကို ကျ​နော်တို့​ ပြည်​ထောင်စုလွှတ်​တော်ကို အဆိုတင်သွင်း​တာပါ။ အဲဒီအဆိုတင်သွင်း​ပြီး​တော့​ လွှတ်​တော်ကိုယ်စား​လှယ်တ​ယောက်က​တော့​ သူ့​ဌာနက လုပ်​ဆောင်ဖို့​ရှိပါတယ်။ ပြည်​ထောင်စုလွှတ်​တော်မှာ ​ဆွေး​နွေး​စရာမလိုပါဘူး​လို့​ ​ပြောတယ်။ ပြည်​ထောင်စုလွှတ်​တော်မှာ နာယကက ဒါကိုပြည်​ထောင်စုလွှတ်​တော်မှာ မှတ်တမ်း​ပဲ တင်မယ်လို့​ပြောပါတယ်။”
ရထား​ခ​တွေကို ဥပမာ ရန်ကုန်-မန္တ​လေး​ကား​ခ ကျပ်တ​သောင်း​ခွဲ​ပေး​ရရင် ရထား​ခ ၇၅၀၀ ကျပ် အနည်း​ဆုံး​ သတ်မှတ်မှာဖြစ်ပြီး​ တပြည်လုံး​ ​ပြေး​ဆွဲ​နေတဲ့​ ရထား​ခ​တွေအား​လုံး​ တိုး​မြှင့်​သတ်မှတ်မှာဖြစ်ပါတယ်။
မီတာခက​တော့​ လက်ရှိတယူနစ် ၂၅ ကျပ်နှုန်း​နဲ့​ကောက်ခံ​နေရာက အနည်း​ဆုံး​ တယူနစ် ၇၂ ကျပ်အထက် ​ကောက်ခံမှာဖြစ်ပါတယ်။
အမှတ်-နှစ် လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ရဲ့​ လွှတ်​တော်ကိုတင်ပြချက်အရ တယူနစ်ကို အရင်း​ ၇၂ ကျပ် ကျသင့်​နေတာဖြစ်ပြီး​ ဝန်ကြီး​ဌာအ​နေနဲ့​အရှုံး​ခံ ​ပေး​ဝေ​နေတာလို့​ သိရပါတယ်။
ဒီအတွက် မီတာခက တယူနစ်ကို ၇၅ ကျပ်နဲ့​ ၁၀၀ အကြား​ တိုမြှင့်​ကောက်ခံသွား​ဖို့​ ရှိ​နေတာပါ။
အခု တိုး​မြှင့်​ကောက်ခံဖို့​ ရှိ​နေတဲ့​ မီး​ရထား​နဲ့​ အမှတ်နှစ် လျှပ်စစ်စွမ်း​အား​ ဝန်ကြီး​ဌာန​တွေက သူတို့​ရဲ့​လုပ်ငန်း​တွေကို အရှုံး​ခံလုပ်​နေကြရတယ်လို့​ လွှတ်​တော်ကို တင်ပြသွား​ကြောင်း​လည်း​ သိရပါတယ်။

တရုတ်ဘက်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများဖမ်းမိ




တရုတ်နယ်စပ်ဘက် တင်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများသယ်ဆောင်လာသည့် စိတ် ကြိုက် မော်တော် ယာဉ်လိုင်းပိုင်မှန်လုံယာဉ် တစ်စီးကို မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ အောက်တိုဘာ ၂၄ ရက်နေ့ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မှန်လုံယာဉ်ပေါ်တွင် ကျောက်စိမ်း အလေးချိန်ကီလို ၉၀၀ ခန့် နှင့် သင်းခွေချပ်အပါအဝင်သစ်တော ထွက်ပစ္စည်း တချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းယာဉ်အား ထိန်းသိမ်းထားကြောင်း ၁၀၅ မိုင် ၀န်ထမ်းအသိုင်း အဝိုင်းမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျောက်စိမ်းက ကီလို ၉၀၀ ပေါ့ တစ်တန်လောက်ရှိတယ် သင်းခွေချပ်နဲ့ သစ်တောထွက်ပစ္စည်းတွေပါ တယ်။ လောလောဆယ်နှစ်ဘက်ညှိနေတုန်းပဲ၊ ယာယီထိန်းသိမ်းထားတာပေါ့၊ ကားသိမ်းတဲ့ အဆင့်တော့ မရှိသေးဘူး ” ဟု ၀န်ထမ်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မူစယ်နှင့် မန္တလေး အကြား လိုင်းပြေးဆွဲနေသည့် စိတ်ကြိုက်မော်တော်ယာဉ်လိုင်းကို ယခင် ရမခတိုင်းမှူးမှ ကစထမှူးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၏ ညီတော်သူ ဗိုလ်မှူးအောင်လင်းထွဋ် ပိုင်ဆိုင် ကြောင်း သိရသည်။

သတင်း - သျှမ်းသံတော်ဆင့်သတင်း

ရန်ကုန်တွင် ဆန္ဒပြသည့် ရှေ့နေကိုဖိုးဖြူနှင့် လယ်သမားများကို အရေးယူ



Associated Press သတင်းဌာန
အောက်တိုဘာ ၂၈၊ ၂၀၁၁

ယမန်နေ့က လုံခြုံရေးအရာရှိတို့နှင့် ရင်ဆိုင်နေရသော ကိုဖိုးဖြူနှင့် လယ်သမားများ (ဓာတ်ပုံ - reuters)

လယ်ယာမြေများ မတရားသိမ်းပိုက်ခံရသည်ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသူ ၇ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ တရားစွဲလိုက်သည်။ ဒီမိုကရေစီအပြောင်းအလဲများ ပြုလုပ်နေသည်ဟူသော အစိုးရကို ကမ္ဘာက စောင့်ကြည့်နေစဉ် ဤသို့ တရားစွဲလိုက်ခြင်း ဖြစ်သည်။

ထိုသို့ အရေးယူခံရသူများထဲတွင် အလုပ်သမားအရေး ကူညီသူ ရှေ့နေကိုဖိုးဖြူလည်း ပါဝင်သည်ဟု ရဲအရာရှိတယောက်က ပြောသည်။ ကိုဖိုးဖြူသည် ယမန်နေ့က အလုပ်သမား ၃၀ ကျော်နှင့်အတူ ရန်ကုန်ရှိ အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့တွင် ဆန္ဒပြခဲ့သည်။

၎င်းတို့ကို အခွင့်မရှိဘဲ လူစုလူဝေး ပြုလုပ်ခြင်း၊ လူစုခွဲရန် ရဲတပ်ဖွဲ့က အမိန့်ပေးသည်ကို မလိုက်နာခြင်း စသည့် အမှုများဖြင့် အရေးယူထားသည်ဟု ရဲအရာရှိက ပြောသည်။

ထိုအမှုများမှာ ထောင်ဒဏ် ၆ လမှ တနှစ်အထိ ချမှတ်နိုင်သည်။

မြန်မာ အမြောက်တပ် ဘင်္ဂလာ ငါးဖမ်းစက်လှေကို ပြန်ပေးဆွဲပြီး ကျပ် ၂၅ သိန်းနှင့် ပြန်လွှတ်ပေး


ရခိုင်ကမ်းလွန်ပြင် မေယုမီးပြတွင် တာဝန်ကျနေ သော အမြှောက်တပ် ကင်းစခန်းမှ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်း စက်လှေ တစီးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၂၅ ယူကာ ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။
ဆင်မဖြူကျွန်းတွင် စီးပွားရေး လုပ်ကိုင်နေသူ ကိုမောင်သန်းမှ နိရဉ္စရာသို့ ယခုလို ပြောသည်။

Mayu-lighthouse-Sittwe-350"သူတို့ တောင်းတာက ကျပ်သိန်း ၃၀ တောင်းပါတယ်။ ငါးဖမ်း စက်လှေပေါ်မှာ ပါသွားတဲ့ မိုဘိုင်းဖုံးနဲ့ ဆက်သွယ်ပြီး တောင်းတာပါ။ ပိုင်ရှင်က ကျပ် ၂၅ သိန်းပေးပြီး ငါးဖမ်းလှေကို ပြန်ရွှေးခဲ့ရပါတယ်" ဟု ပြောသည်။

စစ်တွေမြို့ အနောက်ဘက်ရှိ မေယုမီးပြတွင် တာဝန်ကျနေသော အမြှောက်တပ်မှ အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် အတွင်းသို့ အောက်တိုဘာလ ၂၅ ရက်နေ့ ညဥ့်အချိန်တွင် စက်ဘုတ် တစီးဖြင် ရုတ်တရက် ၀င်ရောက်လာပြီး အုန်းကျွန်း အနီးရှိ မော်လဗီကျောက် ပင်လယ်ပြင်တွင် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့မှ ငါးဖမ်း စက်လှေ တစီးကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့သည်။

" အဲဒီ ငါးဖမ်းဘုတ်ပိုင်ရှင်က ဆူလတန် မာဇီး ဖြစ်ပါတယ်။ သူက ရှင်မဖြူကျွန်းကပါ။ ပထမ သိန်း ၃၀တောင်း တော့ ဘင်္ဂလာ တာကာ(၃) သိန်းပို့ပါတယ်။ အမြောက်တပ်က ပြောတာက ဘင်္ဂလာ တာကာ မလိုချင်ဘူး။ ကျပ်ဘဲ လိုချင်တယ်လို့ ပြောတဲ့ အတွက် မောင်တောက ငွေလဲပြီး အချိုရည်ဗူးတွေ၊ သောက်ရေသန့် ဗူးတွေနဲ့ အတူ အောက်တိုဘာလ ၂၆ ရက်နေ့မှာ မေယုမီးပြကို သွားပြီး စက်လှေကို ရွေးယူခဲ့ရပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ မြန်မာ အမြောက်တပ်မှ ဘင်္ဂလာ ငါးဖမ်းစက်လှေကို ပြန်ပေးဆွဲပြီး ငွေ ၂၅ သိန်းတောင်းယူသွား သည့် အပေါ် ဆင်မဖြူကျွန်းမှ တခြား ဒေသခံများကလည်း နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သို့သော်လည်း မြန်မာ့ အမြောက်တပ်နှင့် ဆက်သွယ်ရန်ခက်ခဲ သဖြင့် အဆိုပါ သတင်း ဟုတ် မဟုတ်ကို အတည်ပြုရန် မေးမြန်းနိုင်ခြင်း မရှိပါ။

မြန်မာ အမြောက်တပ်သာမက နယ်စပ်တွင် တပ်စွဲထားသော နစက တပ်ဖွဲ့ဝင်များ အနေဖြင့် သူတို့တွင် ငွေ အသုံး လိုလာတိုင်း ယခုကဲ့သို့ ဘင်္ဂင်္လာဒေခ်ျ့ ငါးဖမ်းစက်လှေများကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားကာ ငွေတောင်းခံလေ့ရှိကြောင်း နယ်စပ်နေ ပြည်သူများက ပြောသည်။

Friday, October 28, 2011

လုပ်ကြအုံးတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူများရေ

  အောက်မှဖေါ်ပြထားတာမြန်မာပြည်မြေပုံပေါ်တိုင်းရင်းသားများအခြေချနေထိုင်နေပုံကိုဖေါ်ပြထားတာဖြစ်ပါတယ်။
ထိုဖေါ်ပြမှု့ကို BBC သတင်းဌာနကနေဖေါ်ပြထားတာဖြစ်ပါတယ်။ဘာကြောင့်ဒါမျိုးဖေါ်ပြရသနည်း။
ရခိုင်လူမျိုးများနေထိုင်ရဒေသတွင် ဘင်္ဂါလီ ကုလားများကိုထည့်သွင်းထားသည်။
မြန်မာနိုင်ငံရောနိုင်ငံသူနိုင်ငံသားများကိုပါစော်ကားထားပါသည်။
တရားခံဘယ်သူ့လက်ချက်ဆိုတာကို ဖေါ်ထုတ်ရပါမည်။
 
 
Sankyaw Oo shared Khu Daun's photo.


ကျွန်တော်တို့ နိုင်ငံကို... ဘယ်လောက်ထိယုတ်မာတဲ့အကြံအစည်နှင့် လုပ်ဆောင်ကြတယ်ဆိုတာ အခုပုံမှ တိုင်းရင်းသား လူမျိုးများထည့်သွင်းမှု့ ကို ကြည့်ပါ...၊ မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသား နေထိုင်မှု့ အကြောင်းကို..အင်္ဂလိပ်တွေအသိဆုံးဖြစ်တယ်။ အခုလို ဘာရည်ရွယ်ချက်နှင့် ဒီလိုအောက်တန်းစားလုပ်ရပ်ကို လုပ်ဆောင်ကြတာလဲ....။ ဘီဘီစီ မြန်မာပိုင်းမှာကော တာဝန်
မရှိဘူးလား..၊ ဒါ အမျိုးသားအကျိုးစီးပွား ပျက်စီးအောင် မတော်မတရား လုပ်ဆောင်ထားမှု့ ကို ဘီဘီစီ မြန်မာပိုင်းဌာနက မြန်မာတွေ...ဘာကြောင့်ဒီအမှားကို မထောက်ပြကြတာလဲ.... ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှ မြန်မာတွေ ဒီလိုအမျိုးသားအကျိုးပျက်စီအောင် လုပ်ဆောင်ထားမှု့ ကို ... မြန်မာလူမျိုးများအနေနှင့် အမျိုသားတာဝန်တရပ်အနေနှင့် အမျိုးသားအသိစိတ်ဓါတ်နှင့် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးများသိသာရန်..ဘာကြောင့် သတင်းအဖြစ်မတင်ပေးဘဲ ထိန်ချန်ထားကြတာလဲ.. ဘီဘီစီမှ မြန်မာဝန်ထမ်း မြန်မာဌာနမှူး ဒေါ်တင်ထားဆွေနှင့် မြန်မာဝန်
ထမ်းများ ဖြေရှင်းပေးပါ... ခင်ဗျားတို့  မသိဘူးဆိုရင် အခကြေးငွေယူပြီး တာဝန်ထမ်းဆောင် နေကြခြင်းက... ဘာလုပ်နေကြလဲ... ဖြေပေးကြပါ...။ ကျွန်တော်တို့ ကတော့ အမျိုးသားအကျိုးစီးပွားနှင့် ပါသက်နေသည့်အတွက်... တိုင်းပြည်နှင့်လူမျိုးကို ချစ်ကြတဲ့သူတိုင်းကတော့... အမျိုးသားအကျိုးကို ကာကွယ်ကြရမှာဖြစ်တယ်... ကာကွယ်သောအလုပ်ကို အမျိုးသား ညီညွန်မှု့ နှင့်လုပ်ကိုင် ရင်မည်သာဖြစ်တယ်။

Thursday, October 27, 2011

ငွေကြေး၊အခွင့်အရေးနဲ့ပတ်သက်လာယင် သီလသမာဓိမြဲကြပါစေ

ဒီဗွီဘီ ဘာလဲ ဘယ်ကိုသွားမှာလဲ

သို့

ဒီဗွီဘီ

ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး ကို စစ်အုပ်စုက နှစ် (၁၀၀)နီးပါးထောင်ချထားတယ် ဆိုတော့  ဦးခွန်ထွန်းဦး သေပြီး သူ့ ဝိဥာဉ် ကိုတောင် စစ်အုပ်စုက ဆက်လက်ထောင်ချမဲ့  သဘောသက်ရောက်နေပါတယ်။DVB ဒါရိုက်တာ ဟန်ကြီးကိုတော့  စစ်အုပ်စုက သမီးလေးလက်ဆွဲပြီး ပြည်ဝင်ခွင့် ပေးခဲ့ ပါတယ်။ လူတွေအားလုံးကဝိုင်းဝေဖန်တော့ မှ "ကိုယ်ရေးကိုယ်တာ" ခရီးစဉ်ပါဆိုပြီး ရှက်ကိုးရှက်ကန်းနဲ့ ချော်လဲရောထိုင်လိုက်တယ်။ ကျတော်တို့ အမြင်အရတော့  အံဖုန်း ကလည်း (DVB)နှင့် ပါတ်သက်ပြီး ထောင်ကျသူစာရင်း (၁၇)ယောက်ကို စစ်အုပ်စုအလိုတော်ရိ မြတ်ခိုင်လက်ထဲ ထည် ခဲ့တယ်။ ဟန်ကြီးကလည်း ဘားမား VJ ယူဂျီတာဝန်ခံတွေကို(၂၀၁၀) ဘတ်ဂျက်မှာ အလွဲသုံးစားရှိတယ်ဆိုပြီး၊(၂၀၁၁)ဘတ်ဂျက်ကိုအတူတူ သုံးစွဲ နေပြီးကာမှ ယူဂျီတွေကို ရဲနဲ့ ဖမ်းမယ် ဆိုပြီး ဒီဗွီဘီ မီဒီယာသုံးပြီး စွပ်စွဲခြိမ်းခြောက်ကာ အဖွဲ့က ဖဲ့ထုတ်ပစ်ခဲ့ ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက် မှာယူဂျီ ရုံးချုပ် ရှိတယ်ဆိုပြီး လည်း စစ်အစိုးရ သိအောင် ပြည်တော်ပြန်ဟန်ကြီးဖွင့် ချခဲ့ တယ်။ အားလုံးက စစ်အစိုးရ အကြိုက်တွေပါ။ ကျတော်တို့ မေးခွန်းက ယူဂျီခေါင်းဆောင်တွေကို ရဲနဲ့ ဘယ်တော့ ဖမ်းမှာလဲ ?ပြည်တွင်းက ယူဂျီတွေ အဖမ်းခံ ခဲ့ ရသော် (DVB)က ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးမလဲ ? ဒီဗွီဘီ အတွက် အနစ်နာခံ လျှို့ဝှက်မှုပေါင်းများစွာလုပ်ပေးခဲ့သူ ပြည်တွင်းလှုပ်ရှားမှု ခေါင်းဆောင်တွေကို အခုလို စော်စော်ကားကားလုပ်တာ ကျေးဇူးရှင် တွေကို ကျေးစွပ်သလို ခံစားရပါတယ်။ ရာထူးကယာယီ ဆင်းပေးတယ်ဆိုတဲ့ ခင်မောင်ဝင်း၊အေးချမ်းနိုင် နဲ့ ဒါရိုက်တာအသစ် ပြည်တော်ပြန်ဟန်ကြီးတို့  တာဝန်ကင်းမဲ့ မှုတွေနဲ့ ပါတ်သတ်လို့  အနာဂါတ်မှာဆက်လက်ခေါင်းဆောင်မှု့ ကို(DVB)ပရိတ်သတ်များက မလိုလားတော့ကြောင်း အသိပေးအပ်ပါတယ်။ တိုက်တွန်းတောင်းဆိုအပ်ပါတယ်။ ပွင့် လင်းထင်သာမှု ရှိတယ် ဆိုတဲ့ ဒီဗွီဘိ ရဲ့ Talk2dvb အစီအစဉ်မှာ လူထုသိအောင်ဖွင့် ချပေးဖို့ တောင်းဆိုပါထည်း။ ဒီဗွီဘီ အသံလွှင့်ဌာနကြီး စစ်အုပ်စုလောင်းရိပ်အောက် မှအမြန်ဆုံး လွတ်မြောက်နိုင်ပါစေခင်ဗျား။ ။

ပေတိုး (ခေတ္တ ထိုင်းနိုင်ငံ)
ဖုန်း ၀၈၅၁၇၀၇၀၅၃

ခေတ်အဆက်ဆက်တိုင်းပြည်ကိုလက်လှမ်းမှီမှီ ဘာမှဆောင်ရွက်ပေးနိုင်ခြင်းမရှိ

ရေကြီးမှုမှတဆင့် ကလေးများ ၀မ်းရောဂါကူးစက်ခံရ

ကရင်နီပြည် လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စု တာဝကျေးရွာတွင် ရေကြီးမှုမှတဆင့် မသန့်ရှင်းသည့် ရေသောက်သုံးမိသဖြင့် ရွာသား ၃၀ ကျော် ၀မ်းလျှော ရောဂါ ကူးစက်ခံရပြီးအများစုမှာ ကလေးငယ်များ ဖြစ်သည်။
loikawflood_phayarni
လွိုင်ကော်မြို့နယ်အတွင်းရှိ ရေးကြီးသည့်ပုံ (ဓါတ်ပုံ-မိုဒူ)
ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးလာပြီး တာဝကျေးရွာ သောက်ရေကန်ထဲသို့ စီးဝင်သွားသည်။ ရေကန်ထဲမှရေများ သောက်သုံးမှုကြောင့် ၁၀ နှစ်အောက် ကလေးအရွယ် ၂၀ ကျော်နှင့် လူကြီး ၁၀ ဦးကျော် ၀မ်းလျှောဝမ်းကိုက်ရောဂါ ခံစားနေကြသည်။

“ကျနော်တို့ရွာက ရေလောင်ကန်ကိုပဲ သုံးကြတယ်။ အပေါ်က ဆင်းလာတဲ့ မိုးရေဟာအဲဒီကန်မှာဝင်လာ လို့ ရေတအား နှောက်တယ်။ လူရော၊ ကျွဲနွားရော အဲဒီမှာပဲ ချိုးကြ သောက်ကြနဲ့ ရောဂါပိုး ရကြတယ်” ဟု တာဝကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ဝမ်းလျှောရောဂါခံစားနေသော သူများသည် စိုးရိမ်ဖွယ်တစုံတရာ မရှိသော်လည်း ၀မ်းရောဂါဖြစ်ပါက မကြာခဏ ၀မ်းအရည်သွားခြင်း၊ မျက်တွင်းခြိုက်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း စသည့်လက္ခဏာများ ဖြစ်တတ်သည်။

ကရင်နီနယ်လှည့်ဆေးမှူးအဖွဲ့မှ ၀မ်းရောဂါခံစားနေသော သူများအား ရောဂါပျံ့ပွားမှုမရှိစေရန်ကျန်းမာ ရေးပညာပေးခြင်း၊ ဆေးကုသပေးခြင်းများ ပြုလုပ်ပေးနေသည်ဟု ကရင်နီ နယ်လှည့် ကျောပိုးအိတ်အဖွဲ့မှ ဆေးမှူးလှချေးက ပြောသည်။

“တရက် နှစ်ရက်အတွင်းမှာ ဆေးမှူးတွေ ရောက်သွားလို့ အသေအပျောက်တော့ မရှိဘူး။ တခြားရွာမှာ တော့ ၀မ်းပန်းတာ မရှိဘူး။ တယောက်စ နှစ်ယောက်စ လောက်ပဲ ဖြစ်တယ်” ဟု ကရင်နီ နယ်လှည့် ကျန်းမာရေးအဖွဲ့မှ တာဝန်ခံ ခူဒယ်နီယာက ပြောသည်။

မြို့နှင့် အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တာဝကျေးရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး လူဦးရေ ၁၀၀ ကျော် ရှိသည်။

နေပြည်တော်၌ မိုးကြိုးများ ဆက်တိုက်ပစ်


နေပြည်တော်ပျဉ်းမနားမြို့တွင် ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းပြီးမိုးကြိုး ဆက်တိုက်ပစ်ချခဲ့ကြောင်း ပျဉ်းမနားဒေသခံများက ပြောသည်။
”မိုးကြိုးပစ်တာ ကြုံဖူးပါတယ်။ ဒါပေမဲ့ဒီလောက်ကြီးငါးကြိမ်ဆက်တိုက် ပစ်တာမျိုး တစ်သက်မှာဒါပထမဆုံး ပါပဲ”ဟု ဒေသခံတစ်ဦးကဆိုသည်။
၎င်းကဆက်လက်၍ ”ထူးခြားလို့ အိမ်မှာ မှောင်ထဲထိုင်ပြီး လျှပ်စီးလက်တာကို ထိုင်ရေတာ တစ်နာရီအတွင်းမှာတင် အကြိမ်နှစ်ရာနဲ့သုံးဆယ်ကျော်ရှိတယ်”ဟုပြောသည်။
အဆိုပါ မိုးကြိုးပစ်ခတ်မှုကြောင့် ပျဉ်းမနားမြို့ရန်အောင် ၂၂ ရပ်ကွက်၌ အုန်းပင်သုံးပင် ပျက်စီးခဲ့ပြီး တာဝန်ရှိသူများမှ လာရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။ ယင်းနေ့၌  ကျွဲဆည်ကန်ကျိုးသည့် သတင်းများထွက်ပေါ်ခဲ့ရာ အမှန်မှာ ငလိုက်ဆည် ကန်ပေါင်ပေါ်သို့ ရေ ကျော်ခြင်းသာဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စွမ်းရဲထွဋ်

နေပြည်တော်၌ ဝန်ထမ်းများ ဆိုင်ကယ် ကယ်ရီဖြင့် ပြင်ပသွားခြင်း တားမြစ်ထား


နေပြည်တော် မြို့မဈေး အနီးမှ ဆိုင်ကယ်ကယ်ရီများ
နေပြည်တော်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ရုံးကိစ္စဖြင့် ပြင်ပ သွားရာတွင် ဆိုင်ကယ် ကယ်ရီဖြင့် သွားရောက်ခြင်းအား တားမြစ်ထားကြောင်း ဝန်ထမ်းများ၏ ပြောပြ ချက်အရ သိရသည်။
”ဝန်ထမ်းတွေ ကယ်ရီနဲ့ သွားရာမှာ အန္တရာယ် အများကြီးရှိတယ်။ လုယက်မှု တွေကလည်း ခဏခဏ ဖြစ်နေပြီး ဆိုင်ကယ် တိုက်မှုတွေ မဖြစ်အောင် တားမြစ်လိုက် တာပါ။ လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ လုယက်တဲ့ ဒုစရိုက်သားတွေ ရန်က ကာကွယ်လိုက်ခြင်း ဖြစ်တယ်”ဟု မော်တော်ယာဉ် ကော်မတီမှ တာဝန်ရှိသူ ကဆိုသည်။
ရုံးကိစ္စဖြင့် ပြင်ပ သွားရောက်ပါက မော်တော်ယာဉ် ကော်မတီမှ အငှားကား တောင်းခံ၍ သွားရောက်ရန် စက်တင်ဘာ ၃ဝ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
”ရုံးချိန် အတွင်း သွားလာရေး အဆင်ပြေစေဖို့ လူရှစ်ဦးဆံ့ လျှပ်စစ်ဘတ်ထရီ ကားငယ်ကို ထုတ် ပေးထားတယ်။ သွားလာစရာ ရှိတဲ့ ဝန်ထမ်းအားလုံး အခမဲ့ သွားပါ တယ် ”  မော်တော်ယာဉ် ကော်မတီမှ တာဝန်ရှိသူက ပြောသည်။
အဆောင်နေသူ အများအနေဖြင့် ရုံးချိန် ပြင်ပတွင် သွားလာလိုပါက လူတစ်ဦးလျှင် အသွားအပြန် ၂ဝဝ ကျပ် သတ်မှတ်ထားပြီး မိမိ တစ်ဦးတည်းသာ သွားရောက် လိုပါက အသွားအပြန် ၁၅ဝဝ ကျပ် သတ်မှတ်ထားကြောင်း ထပ်မံသိရသည်။
ထိုသို့ ဆိုင်ကယ်ကယ်ရီ အစား ရုံးကားများ စီစဉ်ပေးသည့် အပေါ် ဝန်ကြီးဌာ ရုံးတစ်ရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ”ရုံးကိစ္စနဲ့ အပြင်သွားရတာ အရင်ကဆို ဆိုင်ကယ် ကယ်ရီ နဲ့သွားလို့ အဆင်မပြေဘူး။ ဒီလိုဌာနက စနစ်တကျ ပို့ဆောင်ပေးတာ ကောင်းပါတယ်။ လိုအပ်တာ မှန်သမျှ ဈေးနေ့ စောင့်ပြီး အဲဒီနေ့မှ ဝယ်ရတယ်” ဟု ၄င်းက ဆိုသည်။
နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများ အားလုံးတွင် ဝယ်ယူစားသောက်ရေး အဆင်ပြေစေရန် အတွက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ ရက်များ၌ ညနေ ရုံးဆင်းချိန်တွင် နေပြည်တော် မြို့မဈေးသို့ ပို့ဆောင်ပေးကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းများ ထံမှ ထပ်မံသိရသည်။
မေမြန်မာ