ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်မှု သတင်းများ (ခိုင်မာသော အတည်ပြုချက် ရရှိပြီးသည်နှင့် မိနစ်အလိုက် ဖော်ပြသွားပါမည်။ ) |
Wednesday, 12 October 2011 08:37 |
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ "လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက် အဆက်အသွယ်တော့ မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က တာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့ ပြောပါတယ်" ဟု ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။ မြစ်ကြီးနားတွင်ရှိနေသော ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ သတင်းကို အတည်ပြု ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား ၈၀ကျော် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။ "မြစ်ကြီးနားကနေ စုစုပေါင်း ၈၇ ဦးလွတ်တယ်လို့ ကြားထားတယ်။ ကိုဇာဂနာကတော့ အထင်ရှားဆုံးပါပဲ"ဟု မြစ်ကြီးနားဒေသခံက နံနက်၈နာရီ ၁၀မိနစ်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ ကိုဇာဂနာသည် ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်းက စမ်းချောင်းရှိနေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါသည်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အမှုသုံးမှုအတွက် တစ်မှုလျှင် ၈နှစ်စီဖြင့် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅နှစ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။ 9:00 AM စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။ 9:36 AM ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်တို့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် မပါဝင်သေးကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောကြားသည်။ 9:40 AM အင်းစိန်ထောင်ရှေ့တွင် နံနက် (၄)နာရီ အချိန်မှစတင်ပြီး လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့် ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း သိရပါသည်။ သိရှိရသော သတင်းများအရ အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀) ကျော် အမျိုးသမီး (၁၀) ဦးကျော် စုစုပေါင်း (၂၆၀) ကျော် ရှိနေကြောင်း သိရှိရပါသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။ 9:55 AM တောင်ကြီးအကျဉ်းထောင်မှ ဦးရွှေထူး ၊စစ်တွေအကျဉ်းထောင်မှ ကိုဝင်းမော် ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။ 10:00 AM ဘူးသီးတောင်ထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊ ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။ 10:08 AM အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ 10:17 AM နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပရန်စီစဉ်ထားပြီး ယခုအခါ စီစဉ်သူများ၊ နိုင်ငံရေးအကျဉ်းသားများ ၊ ထောက်ခံသူများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ဦးတင်ဦး ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ကို ဂါရ၀ပြုကန်တော့ကြမည် ဖြစ်သည်။ 10:22 AM ၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင် ၊မအေးချမ်း ၊မယဉ်ကြည် ၊ ဒေါ်သန်းသန်းဌေး တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း သိရပါသည်။ 10:23 AM ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ NLD ပါတီဝင် ဦးဘတင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။ 10:24 AM 10:30 AM
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။
သာယာဝတီအကျဉ်းထောင်
မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့
ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း
သိရသည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင်
ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ သာယာဝတီ
အကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့
ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း
သိရသည်။10:42 AM သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။ မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိပါသည်။ 10:50 AM ဂါရဝပြုအခမ်းအနားသို့ ဦးဝင်းတင် ၁၀း၅၀ မိနစ်တွင် ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ မိနစ်ပိုင်းအတွင်း ရောက်ရှိမည်။ 11:00 AM မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။ ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။ ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။ မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။ ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။ မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။ ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။ မေး- နိုင်ငံရေးအလုပ် ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။ ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။ 12:40AM ![]() အင်းစိန်ထောင်ရှေ့မြင်ကွင်း ![]() မန္တလေး အိုးဘိုထောင်ရှေ့မြင်ကွင်း 12:45 PM ယနေ့ လွတ်မြောက်လာသူများတွင် ကိုနေဘုန်းလတ် ပါဝင်လာခဲ့ခြင်း မရှိသေးကြောင်း သိရပါသည်။ ကိုနေဘုန်းလတ်(ခေါ်) ကိုနေမျိုးကျော် သည် ၂၀၀၈ခုနှစ် ဇန်န၀ါရီလက ဖမ်းဆီးခံခဲ့ရပြီး ဘားအံအကျဉ်းထောင်၌ ထောင်ဒဏ် ၁၂နှစ်ကျခံနေရသူ ဖြစ်ပါသည်။ 1:13 PM နောက်ဆုံးရရှိသော သတင်းအရ အရှင်ဂမ္ဘီရ ကလေးထောင်မှ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။ 1:30 PM
2:30 PM
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာမှု အစီအစဉ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းသား (၆၃၅၉) ဦး လွတ်မြောက်မှုများအနက်မှ ကလေးထောင်တွင် အကျဉ်းသား (၄၄၈) ဦး လွတ်မြောက်ခဲ့ပြီး အဆိုပါ အကျဉ်းသားများအထဲမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၆)ဦး ပါဝင်ခဲ့သည်ဟု သတင်းရရှိပါသည်။ အဆိုပါ(၆) ဦးမှာ ၁။ ဟင်္သတမြို့နယ်မှ ကိုမြင့်နိုင် ၂။ ကိုမျိုးကြီး (ခ) ကိုလှိုင်မျိုး တာမွေလေး (ရန်ကုန်) ၃။ ဦးသိန်းလွင်ဦး - မြောက်ဥက္ကလာ (ရန်ကုန်) ၄။ ဦးအေးချို ။ပျော်ဘွယ်မြို့ ၅။ ကိုမင်းအောင် ။ တောင်ကုတ်နှင့် ၆။ ကိုအောင်အောင် (ခ) ဗွေထန်း- ချင်းလွတ်မြောက်ရေးတပ်ဦး (CNF) တို့ဖြစ်ကြသည်။ 4:45 PM မြိတ်အကျဉ်းထောင်မှ အကျဉ်သား ၅၆ ဦး လွတ်မြောက်လာ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အစီစဉ်အရ တစ်နိုင်ငံလုံးတွင် အကျဉ်းသားများအား လွတ်ပေးလျက်ရှိရာ မြိတ်အကျဉ်းထောင်တွင်လည်း ယနေ့ ၁၂.၁၀.၂၀၁၁ နေ့နံနက် ၈ နာရီတွင် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။ “အကျဉ်းသားအားလုံး ၅၆ဦးရှိမယ်လို့ အကြမ်းဖျဉ်း သိရပါတယ်။ ဒီနေ့မနက်ပဲ လွတ်ပေးလိုက်ပါပြီ။ အကျဉ်းသားစာရင်း အတိကျကိုတော့ ထပ်မံထုတ်ပေးသွားပါမယ်။တိုင်းအနေနှင့်ရော မြိတ်ခရိုင်အနေနှင့်ပါ ထပ်မံဆက်သွယ်ပေးပါမယ်”လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးခြင်းရှိ။မရှိကို ဖြေကြားခြင်းမရှိသော်လည်း ပြီးခဲ့သည့် သြဂုတ်လက ထောက်ဒဏ် ၄ လကျခံခဲ့ရသော မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဦးစံမှာ လွတ်မြောက်ရန် နှစ်လကျန်သေးသော်လည်း လွတ်မြောက်လာသူစာရင်းတွင် ပါလာခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ ဦးစံမှာ နိုင်ငံရေးအမှုနှင့်မဟုတ်ဘဲ ရန်ပွဲဖြစ်မှုဖြင့် ထောင်ဒဏ် ၄ လ ကျခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 6:00 PM ခန္တီးအကျဉ်းထောင်မှ ယုံကြည်ချက်ဖြင့် အကျဉ်းကျခံသူ စုစုပေါင်း ခြောက်ဦး လွတ်မြောက်လာခြင်းဖြစ်ပြီး ထိုသူများ၌ မစုစုနွေးပါဝင်လာခြင်းဖြစ်သည်။ မစုစုနွေးသည် ၂၀၀၇ခုနှစ် နိုဝင်ဘာလက အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ် ရှစ်နှစ် ခြောက်လကျခံခဲ့ရခြင်း ဖြစ်ပါသည်။ ခန္တီးမှ ရန်ကုန်သို့ လာရောက်မှုတွင် အစောဆုံး စနေနှင့် နောက်အကျဆုံး တနင်္ဂနွေနေ့တွင် ရောက်ရှိမည်ဟု ထပ်မံ သိရပါသည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com