Thursday, October 13, 2011

ကိုဌေးကြွယ် ၊ ကိုဇော်သက်ထွေး ၊ မစုစုနွေး အပါအ၀င် နိုင်ငံရေးအကျဉ်းသား ချို့လွတ်မြောက်

ကိုဌေးကြွယ်

မစုစုနွေး
အင်းစိန်ထောင်ရှေ့ မှာစောင့်ဆိုင်းနေတဲ့ အကျဉ်းသားမိသားစုဝင်များ


ယနေ့နံနက် ၉ နာရီခန့်က သာယာဝတီထောင်မှ ကိုဇော်သက်ထွေး၊ မော်လမြိုင် မှ မဖြိုးဖြိုးမောင်၊ ဘူးသီးတောင် မောင်းတောမှကိုဌေးကြွယ်၊ ခန်းတီးမှ မစုစု နွေး၊ ကိုကိုကြီး (၈၈ ) ရွေဝါရောင်တော်လှန်ရေးမှ အရှင်နန္ဒ၀န်သတို့ လွတ်မြောက်လာပြီဖြစ်ကြောင်းနှင့် သာယာဝတီ ထောင်မှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၉ ယောက်နှင့် အင်းစိန်မှ ၂၉ယောက်လွတ်မြောက်လာကြောင်းသိရပါတယ်။
ဦးခွန်ထွန်းဦး လည်း လွတ်ငြိမ်းချမ်းသာခွင့်စရင်းမှာပါဝင်တယ်လို့ဆိုပါတယ်။
မန္တလေးအိုးဘိုအကျဉ်းထောင်မှ လွတ်ငြိန်းချမ်းသာခွင့်ရအကျဉ်းသား ငါးဆယ်ဝန်းကျင်ကို ယခုနံနက်ပိုင်းအချိန်တွင် ဌာနဆိုင်ရာကားများဖြင့် ရှမ်းပြည်နယ်သို့ လိုက်လံပို့ဆောင်ပေးနေကြောင်း လည်း သတင်းရရှိပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com