Thursday, October 13, 2011

ပြန်လည်လွတ်မြောက်နိုင်ငံရေးအကျဉ်းသား လတ်တလောအခြေအနေသတင်းတို



ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် (SNLD) သည် စစ်တွေထောင်တွင် ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာခဲ့ပြီး ယနေ့ညနေ ၄ နာရီခန့်တွင် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။

( The Voice Weekly)
ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အထိ စုံစမ်းရရှိသော သတင်းများအရ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ လွတ်မြောက်လာသူများတွင် ၈၈ မျိုးဆက် ကျောင်းသား   ခေါင်းဆောင်များ ဖြစ်ကြသော ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး (တောင်ဥက္ကလာ) တို့ မပါဝင်သေးကြောင်း၊ လွတ်ပေးသည့်စနစ်ကိုလည်း မသိရှိရသေးဘဲ အသုတ်လိုက် ခွဲလွှတ်သည့် စနစ်ဖြစ်ပါက နောက်ပိုင်းရက်များတွင် လွတ်မြောက်လာနိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ လေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြသည်။
( The Voice Weekly )
The Voice Weekly
ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့တွင် ဘူးသီးတောင် အကျဉ်းထောင် အကျဉ်းကျခံနေရသူများ အနက်မှ ကိုသန်းထွန်းဇင်၊ ကိုကိုကြီး (စမ်းချောင်း) နှင့် အခြား တစ်ဦး စုစုပေါင်း သုံးဦး ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com