အင်တာနက် email မှ ရရှိသောသတင်းများအတိုင်းပြန်လည်ဖေါ်ပြတာပါ
Subject: ညနေလေးနာရီထိ NLD မှရရှိထားသော လွတ်မြောက် နိုင်ငံရေးအကျဉ်းသားစာရင်း
ဒီ နေ့ ညနေလေးနာရီထိ
တနိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်အသီးသီးက
နိုင်ငံရေးအကျဉ်းသား၁၈၄
ဦးလွတ်မြောက်လာကြောင်းသတင်းရတယ်လို့အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က
သတင်းထုတ်ပြန်ပါတယ်။
ဒေသအသီး သီးက ထောင်ဘူးဝတွေအရောက်
သွားရောက်စာရင်းကောက်ယူခဲ့တဲ့အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်
အဖွဲ့ဝင်တွေကပေးပို့တဲ့စာရင်းတွေကိုအခြေခံပြီးခုလို
သတင်းထုတ်ပြန်တာလို့အမျိုးသားဒီမိုကရေစီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင်
ဦးအုန်းကြိုင်က ပြောပါတယ်။
“အကျဉ်း ထောင်ထဲက လွတ်မြောက်လာတဲ့အကျဉ်းသားတွေကတော့မြစ်ကြီးနားထောင်က
ဦးဇာဂနာ(ခ) ဦးသူရအပါအဝင် ၄ ဦး၊မန္တလေးထောင်က ထက်အောင် အပါအဝင် ၁၈
ဦး၊ပူတာအို
အကျဉ်းထောင်မှ မထက်ထက်ဦးဝေ အပါအဝင် ၃ ဦး၊ကသာထောင်မှ
ဦးစောလှိုင် (အင်းတော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အပါအဝင် ၅
ဦး၊ခန္တီးအကျဉ်းထောင်မှ မစုစုနွေး အပါအဝင် ၆
ဦး၊ဘူးသီးတောင်အကျဉ်းထောင်မှ ကိုအောင်စိုးအပါအဝင် ၃
ဦး၊တောင်ကြီးထောင်က တောင်ကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ခင်၊ဗန်းမော် အကျဉ်းထောင်က
ကိုနိုင်စိုးအပါအဝင် ၎
ဦး၊ကျိုင်းတုံအကျဉ်းထောင်က ဦးစိန်ဝင်းမောင်အပါအဝင် ၎
ဦး၊ကလေးအကျဉ်းထောင်က ကိုသိန်းလွင်ဦးအပါအဝင် ၆ ဦး၊ရွှေဘိုအကျဉ်းထောင်က
မလေးလေးမွန် အပါအဝင် ၁၀ ဦး၊မုံရွာအကျဉ်းထောင်က ဦးပလာဘောမား၊သီပေါက
ကိုသိုက်မင်း၊လားရှိုးအကျဉ်းထောင်က ကိုအောင်ဇော်ဦးအပါအဝင်
၎ဦး၊မြင်းခြံအကျဉ်းထောင်က
ကိုသီဟဝင်းတင်၊မိတ္ထီလာ အကျဉ်းထောင်က
ကိုညွန့်ဝင်းအပါအဝင် ၃ ဦး၊ဘားအံအကျဉ်းထောင်မှ ကိုနေကျော်၊မော်လမြိုင်
အကျဉ်းထောင်က မိုးထက်လျှံ အပါအဝင် ၃ ဦး၊မြိတ်အကျဉ်းထောင်က
ကိုထွန်းထွန်းဝင်း၊မအူပင် အကျဉ်းထောင်က မနွဲ့နှင်းရီ (ခ)
နိုးနိုး၊မြောင်းမြအကျဉ်းထောင်က ကိုဇော်တူး(ခ) မောင်မောင်တူးအပါအဝင် ၅
ဦး၊ဟင်္သာတ
အကျဉ်းထောင်က ကိုသန်းဇော်အပါအဝင် ၂ ဦး၊စစ်တွေအကျဉ်းထောင်က
ကိုဇော်မင်း(ခ) တေဇ အပါအဝင် ၃ ဦး၊ကျောက်ဖြူအကျဉ်းထောင်က ကိုအာကာဘို
အပါအဝင် ၃ ဦး၊တောင်ငူအကျဉ်းထောင်က ကိုညီညီဦးအပါအဝင် ၆
ဦး၊ပဲခူးအကျဉ်းထောင်က ကိုဝဏ္ဏအောင်အပါအဝင် ၂ ဦး၊သာယာဝတီအကျဉ်းထောင်က
ကိုကြည်လွင်အပါအဝင် ၂၆ ဦး၊သရက်အကျဉ်း ထောင်က မနီမိုလှိုင်အပါအဝင်
၁၆
ဦး၊လွိုင်ကော်အကျဉ်းထောင်က မတ္တရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းလွင်၊ပခုက္ကူအကျဉ်းထောင်က ကိုချစ်ကိုလင်း၊ရမည်းသင်းအကျဉ်းထောင်က
ကိုနေမာမျိုးဝင်းအပါအဝင် ၆ ဦး၊အင်းစိန်ဗဟိုအကျဉ်းထောင်က
ကိုထွန်းထွန်းဦးအပါအဝင် ၃၀ ဦးတို့ဖြစ်ပါတယ်။ စုစုပေါင်း၁၈၄ ဦးကို
ကျနော်တို့ စာရင်းရရှိထားပါတယ်”ဟု
ဦးအုန်းကြိုင်က ပြောသည်။
၁၈၄ ဦးစာရင်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေချည်းမဟုတ်ဘဲ
နိုင်ငံရေးအကျဉ်းသားအားလုံးစာရင်းဖြစ်တယ်လို့လည်းဆိုပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com