Thursday, October 13, 2011




 နိုင်ငံရေးအကျဉ်းသားဟောင်းများကန်တော့ပွဲ ကျင်းပ
တာရာဝေယံ၊ အောက်တိုဘာ ၁၃၊ ၂၀၁၁
ယမန်နေ့မနက်ပိုင်းရန်ကုန်မြို့ရွှေဂုံတိုင်ရှိတော်ဝင်နှင်းဆီသီရိခန်းမမှာနိုင်ငံရေးအကျဉ်းသားများရဲ့ပထမဆုံးအကြိမ်ကန်တော့ပွဲကို ကျင်းပခဲ့ပါတယ်။
 အဲသည် ဂါရ၀ပြုပွဲမှာဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦး၊ ဦးဝင်းတင်တို့ကိုနိုင်ငံရေးအကျဉ်းသားဟောင်းတွေကစုဝေးပြီးကန်တော့ခဲ့ကြရာမှာနိုင်ငံရေးအကျဉ်းသားဟောင်း ၆၀၀ကျော်တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားမှူးအဖြစ်ကိုဘိုဘိုဦးကဆောင်ရွက်ပြီးကိုကျော်ထွေးက အစီအစဉ်များကိုကြေညာခဲ့ပါတယ်။ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းတင်တို့က သြ၀ါဒစကားများ ပြောကြားခဲ့ပါတယ်။
ထိုနေ့တရက်တွင်ပင်လက်ရှိအစိုးရကလွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပြီး နိုင်ငံရေးအကျဉ်းသားအချို့အပါအ၀င် အခြားအကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။


No comments:

Post a Comment

wwwwnyinyi@gmail.com