Saturday, October 22, 2011

အတွင်းဝန်ရုံး ငှါးရမ်းမည့် အစီအစဉ် သမ္မတ အမိန့် နဲ့ ဖျက်သိမ်းဟုဆို

ဖျက်သိမ်းလိုက်တယ်ဟုပြောဆိုခြင်းရော၊ဖျက်သိမ်းမှု့မလုပ်ခင်လုပ်ဆောင်ချက်များပါပြည်သူများအပေါ်ပွင့်လင်းမြင်သာသောဆောင်

ရွက်ခြင်းမျိုးမဟုတ်သေးပေ။လက်ရှိအစိုးရအဖွဲ့သည်တိုင်းပြည်ပြောင်းလည်းရေးကို ဦးတည်နေပြီ၊ပြည်သူများ၏အသံကိုနားထောင်နေပြီ၊ ပြည်သူများလက်မခံလျှင်အစိုးရသည် တမိန့်တအာဏာစနစ်ကဲ့သို့်မဟုတ်တော့သဖြင့် ဒီမိုကရေစီကျင့်စဉ်အတိုင်းလုပ်ဆောင်နေသည်ဟုနားဝင်ချိုအောင်ပြောဆိုနေခြင်းထက်လက်တွေ့ကျသော မြန်ဆန်သောပြောင်းလည်းမှု့များနှင့်သိသာထင်ရှားလှသောပြောင်းလည်းမှု့များကိုရဲရင့်စွာလုပ်ဆောင်သင့်ပေသည်။နှစ်ပေါင်းများစွာနောက်ကျကျန်နေခဲ့သော

ကမ္ဘာတိုင်းပြည်များအကြားတွင် နှေးကွေးနေလျှင် လိုက်မှီမည်မဟုတ်ပေ။ မိမိလက်ထက်မိမိသမိုင်းတွင်သိသာထင်ရှားသောပြောင်းလည်းမှု့များကို လျှင်မြန်စွာတည်ဆောက်ကာပြည်သူများရင်တွင်ထင်ကျန်နေသောဒဏ်ရာများကိုကုစားသင့်သည်။ထိုသို့မျှမဟုတ်ဝတ်ကျေတန်းကျေမျိုးတိုင်းပြည်ငြိမ်သက်စေခြင်းအတွက်ခဏလောက်တည်ငြိမ်မှု့

ရယူရန်မျိုးလုပ်လျှင် ပြည်သူများသည်လက်ရှိအစိုးရအခြေအနေကိုအကဲခတ်စောင့်ကြည့်နေခြင်းနှင့်ကမ္ဘာကပါစောင့်ကြည်နေခြင်းကိုကောင်းစွာသဘောပေါက်ဖို့လိုပေသည်။

ဘီဘီစီ နဲ့ ဦးခင်ရွှေ အင်တာဗျူး အသံဖိုင်
သမိုင်းဝင်အဆောက်အဦးများအား
ဟိုတယ်အဖြစ် ငှားရမ်းမည့်အစီအစဉ်ကို
အများပြည်သူမှ လက်မခံသောကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အသံဖိုင်ကိုဖွင့်နားထောင်ပြီး... ဒီနေ့ အတွက် ပီတိအရသာကို ခံစားတော်မူကြပါခင်ဗျာ...။
ပီတိအရသာခံရန်က..ဒီနေ့ အတွက်ပြောတာနော်... မနက်ဖန်အတွက်ပြောတာမဟုတ်ဘူး...
မနက်ဖန်ဘာတွေ ထပ်လုပ်လာမယ်ဆိုတာ မသိနိုင်သေးတော့...
လက်တွဲမဖြုတ်နှင့် ညီညွတ်မှု့ မပျက်စေကြနှင့်... တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက်
အမျိုးသားညီညွတ်မှု့ များနှင့် ရင်ဆိုင်ကြမယ်...။

No comments:

Post a Comment

wwwwnyinyi@gmail.com