သောကြာနေ့၊ အောက်တိုဘာလ ၂၁၊ ၂၀၁၁
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း နိုင်ငံရေး၊ လူမှုရေး
လုပ်ငန်းများ ပိုမိုလွတ်လပ်စွာ လုပ်ဆောင်ခွင့်ရလာသော ဒေါ်အောင်ဆန်းစုကြည်က
ဦးဆောင် ကျင်းပပြုလုပ်မည့် မှတ်တမ်းရုပ်ရှင် ပြိုင်ပွဲကို ဇန်နဝါရီလ ၎
ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပနိုင်ရေး လုပ်ဆောင်နေကြောင်း စွယ်စုံရ
အနုပညာရှင် ဦးဇာဂနာက ပြောကြားသည်။
" ကျွန်တော်နဲ့ ကိုမင်းထင် (ဒါရိုက်တာ မင်းထင်ကိုကိုကြီး) တို့ ပေါင်းလုပ်မှာပါ။ မြန်မာ့လွတ်လပ်ရေး သမိုင်း ပေါ်လွင့်စေမယ့်၊ လွတ်လပ်ရေးနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတို ရုပ်ရှင်ပြိုင်ပွဲ၊ မှတ်တမ်းရုပ်ရှင်ပေါ့။ ပြိုင်ပွဲလေးက အန်တီ (ဒေါ်အောင်ဆန်းစုကြည်) စိတ်ကူးနဲ့ ဖြစ်တာပါ " ဟု ၎င်းက ရှင်းပြသည်။
ယင်းပြိုင်ပွဲကို လူငယ်များ ပိုမိုပါဝင်စေခြင်းကြောင့် လွတ်လပ်ရေးနှင့် ပတ်သက်သည့် သမိုင်းကို ပေါ်လွင်စေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ရာ လွတ်လပ်ရေးနှင့် ဆိုင်သည့် အကြောင်းအရာများ ပါရမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ခြင်း ဖြစ်သဖြင့် ခမ်းခမ်းနားနား ဖြစ်စေချင်ကြောင်း ၎င်းက ဆိုသည်။
ယင်းပြိုင်ပွဲတွင် ဆုရရှိသူကို ဗိုလ်ချုပ်နာမည်ပါသော ဆုကို ပေးအပ်မည် ဖြစ်ပြီး နိုင်ငံခြားသို့ ပေးပို့ကာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
(The Voice Weekly )

No comments:
Post a Comment
wwwwnyinyi@gmail.com