Saturday, October 22, 2011

ဂျပန်နိုင်ငံလာရောက်ခဲ့သည့်နိုင်ငံခြားရေးဝန်ကြီးအားဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများမှဆန္ဒပြ

ODA ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တောင်းဆို

2011-10-21
ဂျပန်အစိုးရရဲ့ ODAလို့ ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွားရေး အကူအညီတွေ မြန်မာနိုင်ငံကို ပြန်ပေးဖို့ စဉ်းစားနေတာဟာ အခုအချိန်မှာ စောလွန်းတာကြောင့် ဂျပန်အခြေစိုက် မြန်မာ့ဒီမိုရေစီရေး လှုပ်ရှားသူတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆို လိုက်ကြပါတယ်။
AFP
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA
မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဂျပန်နိုင်ငံကို (၃) ရက်ကြာ ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba နဲ့ သွားရောက် တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံသား(၂၀၀) နီးပါးက ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ တိုကျိုမြို့ အခြေစိုက် မြန်မာ့ဒီမိုကရေစီ ကွန်ယက်အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦး ဖြစ်သူ ဦးသန်းဆွေက ပြောပါတယ်။ “အခုအချိန်က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်လို့ ယူဆလို့ရတဲ့ အနေအထားမှာ မရှိတဲ့ အတွက်ကြောင့်မို့ အခုအချိန်မှာ ODA ပဲ ဖြစ်စေ စီးပွားရေးရင်နှီးမြှုပ်နှံမှု လုပ်တာပဲ ဖြစ်စေ စောလွန်းနေတယ်ဆိုတာကို ဂျပန်အစိုးရကို ပြောချင်တာ ဖြစ်ပါတယ်” ဒီအတောအတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံချိန်မှာ ဂျပန်အစိုးရအနေနဲ့ စီးပွားရေးအရ ဆက်ဆံဖို့ ဆွေးနွေးသလိုပဲ၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ထောက်ပြ ပြောဆိုဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW (ဂျပန်ဌာနခွဲ)က အောက်တိုဘာ(၂၀)နေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်

No comments:

Post a Comment

wwwwnyinyi@gmail.com