Saturday, October 22, 2011

ဂဒါဖီနှင့် မြန်မာပြည်မှသန်းရွှေပြည်သူ့အပေါ်ဆပ်ရန်အကြွေးများ

ဂဒါဖီကတော့ သူ့ပြည်သူတွေကိုဆပ်ရမည့်အကြွေးကိုဆပ်သွားပါပြီ။
ကဒါဖီသည် ရေနံကြွယ်ဝသော လစ်ဗျားကို ၄၂ နှစ်နီးပါး ဖိနှိပ်အုပ်ချုပ်ခဲ့သူဖြစ်သည်။ ကဒါဖီသေဆုံးမှုသည် လစ်ဗျားတွင် အာဏာရှင်စနစ် နိဂုံးချုပ်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။
မြန်မာပြည် ညီက ညီအကိုမောင်နှမများအတွက် တိုင်းပြည်ကို လက်ဝါးကြီးအုပ်ဖိနှပ်အုပ်ချုပ်မှု့တွေပြည်သူလူထုကို အနိုင်ယူခဲ့သူခေါင်းဆောင်တစ်ဦး၏နောက်ဆုံးဇတ်သိမ်းပုံကို အောက်ဆုံးတွင်ဗီဒီိယိုဖိုင်တင်ပြလိုက်ပါတယ်။
ပုန်းစရာမရှိတော့နောက်ဆုံးမြောင်းပိုက်ခေါင်းအတွင်းဝင်ပုံးရရှာ၊မြောင်းထဲရောက်သွားသောဂဒါဖီ
မြန်မာပြည်မှာတော့ အာဏာရှင်သန်းရွှေ ကပြည်သူများအပေါ်ဆပ်စရာကျန်နေသောရာဇဝင်အကြွေးများကိုမဆပ်သေးပဲ
တိတ်တိတ်လေးမသိမသာကိုယ်ရောင်ဖျောက်နေသော်လည်းပြည်သူလူထုက ယနေ့တိုင်ဒီပဲယင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင်NLDခေါင်းဆောင်များလုပ်ကြံသတ်ဖြတ်မှု့တရားခံဟာ
သန်းရွှေ၊ လက်ရှိစွမ်းအင်ဝန်ကြီးဇော်မင်းကို
တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်ပင်လယ်ပြင် ထိုင်း-မြန်မာ ရေပိုင်နက်အနီး ခရစ္စတီးကျွန်းတွင် ၁၉၉၈ ခု မေလက မြန်မာစစ်တပ်သည် အပြစ်မဲ့အရပ်သား နို့စို့ကလေးနှင့် အမျိုးသမီးများပါမကျန် စုစုပေါင်း ၈၁ ဦးကို သဲသောင်ပြင်ပေါ်တွင် သေနတ်နှင့် ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုတွင် စစ်ဗျူဟာမှူးအဖြစ် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အမိန့်ပေးခဲ့သူသည် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လုပ်မည်၊ ဘယ်တော့မှ နောက်မဆုတ်ဟု ပြောလိုက်သော ထိုစဉ်က ဗိုလ်မှူးကြီးဟောင်း၊ ယခု အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်းကိုသတ်မိန့်ပေးခဲ့သူသည် သန်းရွှေပင်ဖြစ်သည်။
၂၀၀ရ ခုနှစ်စက်တင်ဘာ တွင်ရွှေဝါရောင်တော်လှန်ရေးဟုအမည်တွင်ခဲ့သည့် သံဃာတော်များ ကံဆောင်ခြင်းကို အာဏာဖြင့် ရိုက်နှက်၊ပစ်ခတ်သတ်ဖြတ်ခိုင်းခြင်းသည်လည်းသန်းရွှေပင်ဖြစ်သည်။အခြားလုပ်ဆောင်ချက်များလည်းသန်းရွှေတွင်
ရှိနေသေးသည်။
ထို့ကြောင့်မြန်မာပြည်သူလူထုအပေါ်ရက်စက်ခဲ့ပြီး၊ကိုယ့်သွေးကိုယ်သားကိုယ့်မြေးများကိုမြှောက်ပင့်ပြီး တိုင်းပြည်ပိုင်ရတနာ ပစ္စည်းများ၊ဘဏ္ဍာငွေများနှင့် မင်္ဂလာပွဲကိုခမ်းခမ်းနားနားကြီးကျင်းပခဲ့သည့် သန်းရွှေ
သမီး၊ အမှု့တွဲများသည် သန်းရွှေမသေခင်တနေ့ပြန်ပြီး မြန်မာပြည်သူလူထုကိုပေးဆပ်ရမည်ဖြစ်သည်။
                                                              post by (ပြည်သူ့အော်သံ)





 ဂဒါဖီသတင်းကိုဆက်ဖတ်လိုလျှင်
သတင်းစာသားဗီအိုအေ
 သောကြာ, 21 အောက်တိုဘာ 2011
ဂဒါဖီသဂြုင်္ိဟ်ရက် ရွှေ့ဆိုင်း

လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာဂဒါဖီ (Moammar Gadhafi) ကို သူ့ရဲ့ ဇာတိမြို့ ဆာ့တ် (Sirte) မှာ ၀င်ရောက်စီးနင်း သတ်ဖြတ်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာ သူ့အလောင်းကို သဂြုင်္ိဟ်မယ့်အစီအစဉ်ကို ယာယီအစိုးရတာဝန်ရှိသူတွေက ဆိုင်းငံ့ထားလိုက်ပါတယ်။ အစောပိုင်းမှာတော့ သူ့အလောင်းကို လျို့ဝှက်တနေရာမှာ မြှုပ်နှံမယ်လို့ ကြေညာထားတာပါ။ ဒါပေမဲ့လည်း သူ့ကို မြှုပ်နှံမယ့်နေရာ အတိအကျ မရှိသေးသလို နိုင်ငံတကာ ရာဇ၀တ်တရားရုံးက စစ်ဆေးမှုတွေ ရှိကောင်းရှိလာနိုင်တဲ့အတွက် မြှုပ်နှံမယ့် အစီအစဉ်ကို ရက်အနည်းငယ် ဆိုင်းထားမယ်လို့ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) က ပြောပါတယ်။
ဒီအတောအတွင်း လစ်ဗျားခေါင်းဆောင်ဟောင်း သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ သေဆုံးတဲ့အကြောင်းရင်းဟာ ရှင်းရှင်းလင်းလင်း မရှိသလို ဗွီဒီယိုမှတ်တမ်းတွေမှာတွေ့ရတဲ့ အဖြစ်အပျက်တွေဟာ ဆိုရင်လည်း စိတ်အနှောက်အယှက်ဖြစ်စရာ မြင်ကွင်းဖြစ်တယ်လို့ လူ့အခွင့်အရေးရုံးရဲ့ ပြောခွင့်ရသူ ရူးပါ့တ် ကိုးလ်ဗီးလ် (Rupert Colville) က ပြောခဲ့တာပါ။
လက်ကိုင်ဖုန်းနဲ့ ရိုက်ယူထားတဲ့ ဆာ့တ်မြို့က မြင်ကွင်းထဲမှာတော့ အသွင်ကူးပြောင်းရေးကောင်စီ တပ်ဖွဲ့တွေက ဒဏ်ရာရထားတဲ့ ဂဒါဖီကို ခေါ်ဆောင်လာပြီး မသေမီမှာ သူ့ကို သွေးသံရဲရဲနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူသေဆုံးနေတဲ့ပုံကို တွေ့မြင်ကြရတာပါ။
သူသေတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ ကွဲလွဲတဲ့ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ယာယီ ၀န်ကြီးချုပ် မာမွတ်ဂျစ်ဘရီးလ် (Mahmoud Jibrill) ကတော့ ဂဒါဖီကို ရေဆိုးထုတ်တဲ့ ပိုက်ထဲမှာပုန်းနေရာက ဖမ်းမိခဲ့ပြီး နောက်ပိုင်းမှာ သူ့ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား အပြန်အလှန် ပစ်ခတ်ရာက သေဆုံးခဲ့တာလို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း တခြား အစိုးရတာဝန်ရှိသူတွေကတော့ သူဟာ ၀ိုင်းဝန်း ရိုက်နှက်တာခံခဲ့ရပြီး အသတ်ခံခဲ့ရတာလို့ ပြောနေကြတာဖြစ်ပါတယ်။
ဒီအတောအတွင်း ဂဒါဖီရဲ့ သားတစ်ယောက်ဖြစ်တဲ့ ဆိုက်ဖ် အယ်လ် အစ္စလာမ် (Seif al-Islam) ကိုလည်း ဆာ့တ်မြို့အနီးမှာ ၀ိုင်းထားတယ်၊ ဖမ်းမိတယ်၊ သေသွားပြီဆိုတဲ့ သတင်းတွေလည်း အမျိုးမျိုး ထွက်ပေါ်နေ ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com