မြန်မာပြည်ရဲ့ ယခင်ခေါင်းဆောင် တွေမှာပြည်သူလက်ခံသော၊တိုင်းပြည်ကရွေးချယ်သောခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကလွဲလျှင်မည်သူမျှမပါ၊ ခေါင်းဆောင်ကောင်းဟုသတ်မှတ်မရ။နေဝင်း၊စန်းယုစောမောင်၊ဒေါက်တာမောင်မောင်၊သိန်းစိန်အစိုးရအထိအားလုံးက ပြည်သူများက လက်ခံကြိုက်နှစ်သက်သူများမဟုတ်။ရွေးချယ်ခဲ့သူများမဟုတ်၊ဗိုလ်ချုပ်အောင်ဆန်းသည် ယခင်ခေါင်းဆောင်များ၊တိုင်းပြည်အုပ်ချုပ်သူအစိုးရများထဲ မှ သာမန်အစိုးရခေါင်းဆောင်အဆင့်ထက်ကျော်လွန်သူဖြစ်တယ်။တိုင်းပြည်လွတ်လပ်ရေးအပြင်၊တိုင်းပြည်ရဲ့ တပ်မတော်ကို တည်ထောင်သူဖြစ်တယ်။ထို့အပြင်ကိုယ်ကျိုးမပါ၊တိုင်းပြည်အကျိုးကိုသာလုပ်ဆောင်သူဖြစ်တယ်။
ထိုသို့သောခေါင်းဆောင်တဦးအပေါ်အခြားအဆင့်မရှိနေဝင်းခေါင်းဆောင်နောက်လိုက်များနှင့်
ခိုင်းနိုင်းပြောဆိုရာပင်မတန်။ ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းရာဇဝင်နှင့်ပုံရိပ်များသည် ကမ္ဘာမှာ မြန်မာပြည်တည်သရွေ့ ရှိနေမည်ဖြစ်သည်။လက်ရှိ အာဏာရှင်များလက်ထက်တွင်ချိတ်ခွင့်မပြုလည်းအာဏာရှင်များကျဆုံးခန်းရောက်ချိန်တွင် မြန်မာပြည်တခွင်
ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံများဖြင့် ချိမ့်ချိမ့်သဲစည်းကားနေအုံးမှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။(ပြည်သူ့အော်သံ)
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ပုံကို အစိုးရရုံးတွေမှာ ချိတ်ဆွဲခွင့် ရှိမရှိဆိုတာကို
လွှတ်တော်အမတ် တစ်ဦးက အစိုးရကို မေးမြန်းရာမှာ သမ္မတရုံး ဝန်ကြီးက လက်ရှိ
နိုင်ငံတော်အကြီးအကဲပုံသာ ချိတ်ဆွဲခွင့် ပြုတယ်လို့ ပြန်ဖြေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦးက သောကြာ နေ့က ပြည်သူ့လွှတ်တော်အတွင်းမှာ အစိုးရကို မေးမြန်းခဲ့တာပါ။
သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်ကတော့ လက်ရှိ နိုင်ငံတော်အကြီးအကဲပုံသာ ခွင့်ပြုထားပြီး အရင်ခေါင်းဆောင်တွေပုံကို ခွင့်ပြုမထားဘူးလို့ ပြန်ဖြေတာ ကြားခဲ့ရကြောင်း လွှတ်တော်တက်ခဲ့သူ တခြား ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဦးသိန်းညွန့်က ဘီဘီစီကို ပြန်ပြောပြပါတယ်။
မေးမြန်းသူ ဦးထွန်းမြင့်ဦးဟာ အရင်က အထွေထွေ အုပ်ချုပ်ရေးက အစိုးရ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၁၉၉၇ ခုနှစ် လောက်ထိ သူတို့ရုံးမှာ ဗိုလ်ချုပ်ပုံကို ချိတ်ခဲ့တယ်လို့ ပြောကြောင်း သိရပါတယ်။
သတင်း--- ဘီဘီစီ
No comments:
Post a Comment
wwwwnyinyi@gmail.com