Sunday, October 16, 2011

ပြည်သူတစ်ဦး၏ရင်ဖွင့်သံ




ကျွန်တော်တို့  မြ၀တီမြို့မှာ  ၄၉ နဲ့ စတဲ့ဖုန်းတွေ တော်တော်များများပိတ်ခံလိုက်
ရတယ်။ ဌာနကိုမေးတော့ ရန်ကုန် စီဒီအမ်အေ ရုံး ၀၉-၈၆၀၀၀၀၀ မေးပါလို့ပြောတယ်။
ရန်ကုန်ကိုမေးတော့  နယ်စပ်ဖြတ်ကျော်တာဖြစ်လို့  ပိတ်တယ်လို့ပြောတယ်။  နောက်တစ်ခါပြန်မေးတော့ အ၀င်မရှိပဲ အထွက်တွေပဲ တောက်လျှောက်သုံးလို့  လိုင်းပိတ်တယ်လို့ သိရတယ်။
ကျွန်တော်တို့ မြ၀တီမြို့ဟာ တစ်မိုင်ပတ်လည်လောက်ရှိတာပါ။  ထိုင်းဖက်ကို အင်တင်နာတိုင်ထုတ်ပြောရင်လည်းရလို့  ဈေးဝယ်ရင်းသုံးတာပါ။  ထိုင်းက ဖုန်းတွေလည်း မြ၀တီနဲ့သင်္ဃန်းညီနောင်
အထိရနေတာပဲ။  ဘာဖြစ်လို့ ထိုင်းက ဖုန်းတွေ မြန်မာပြည်ထဲရောက်နေတယ် ထိုင်းက ဘာလို့လိုင်းမပိတ်တာလည်း။ မြန်မာဖုန်းထိုင်းဖက်ရောက်တာကို စောင့်ကြည့်ပိတ်တယ်ဆိုတော့ တစ်မျိုးကြီးပေါ့နော်။
ပိတ်တယ်ဆိုလည်း ဘာကြောင့်ပိတ်တယ်။ စည်းကမ်းချက်လည်းမသတ်မှတ်ဘူး။  အခုဖုန်းတွေက ၅-သိန်း နဲ့ပေးဝယ်ထားတာ။ ကျွန်တော်တို့ လည်း လုပ်စားစရာမရှိလို့  ပိုက်ဆံရင်းနှီးပြီ လမ်းဘေးဖုန်းချပြီး
လုပ်ကိုင်စားသောက်တာပါ။  စုံစမ်းတော့  ဆက်သွယ်ရေးဝန်ကြီးက  တာက်လျှောက်သုံးတဲ့ဖုန်းကို ပိတ်၊ နယ်စပ်အစွန်းထွက်တာနဲ့ ဆို ပိတ်ခိုင်းတယ်။ ဆင်းရဲနွမ်းပါလျှော့ချရေး ဆိုပြီး နိုင်ငံတော်သမ္မတကတော့
လုပ်နေတယ်။ မရှိလို့ ရင်းနှီးလုပ်လုပ်ကိုင်စားသောက်တဲ့တယ်လီဖုန်းကို ဆက်သွယ်ရေးဝန်ကြီးက လိုက်ပြီးလိုင်းပိတ်တယ်။ ကျွန်တော်တို့ ဖုန်းသုံးတယ်ဆိုတာ  ပိုက်ဆံထည်းပြီးမှ သုံးတဲ့ဖုန်းပါ။  ပိုက်ဆံမပေးရပဲ ဆက်တဲ့ဖုန်း မဟုတ်ပါဘူး။
တကယ်လို့ လိုင်းတွေကျပ်တယ်ဆိုလည်း  လိုင်းကောင်းအောင် ထိုင်းနိုင်ငံလိုလုပ်ပါဝန်ကြီးရယ်။ ဆက်သွယ်ရေးဌာနက ၀င်ငွေတအားကောင်းတာပါ။ ဖုန်းတွေဆက်မရပဲနဲ့  ဘယ်မြို့မှာ ဘယ်ဖုန်းတွေ တပ်ဆင်ထားပြီးပါပြီဆိုပြီး သမ္မတကြီးကို မညာပါနဲ့။
ဦးသန်းရွှေကို ညာလို့သာရမှာပါ။ သမ္မတကြီးနားမှာ အရပ်သား အကြံပေးတွေ ရှိနေပါတယ်လို့ ပြောပါရစေ။

No comments:

Post a Comment

wwwwnyinyi@gmail.com