Sunday, October 16, 2011

ဒါလားဟဲ့ပြောင်းလည်းပြီဆိုတာ

ပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေး လာမည်ဆို၍ ငွေ ၂၀၀၀၀ ကျပ်စီထည့်ဝင်ရ

by Mandalay Voice on Saturday, 15 October 2011 at 14:17

မန္တလေးသို့လာရောက်မည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေးအား ကြိုဆို ဧည့်ခံဂါရ၀ပြုရန် မန္တလေးတက္ကသိုလ် ဆရာ ဆရာမများထံမှ ငွေနှစ်သောင်းကျပ်စီ ကောက်ခံကြောင်းသိရပါသည်။

ဆရာဆရာမများထံမှ အခြား ခေါင်းစဉ်မျိုးစုံဖြင့် ကောက်ခံမှုများလည်းရှိသဖြင့် အချို့ဆရာမများမှာ လခ ၄သောင်းကျော်ရသော်လည်း ထောင်ဂဏန်းမျှသာ အသားတင်ကျန်ရှိသဖြင့် အသုံးစားရိတ်အတွက်ကြပ်တည်းနေရကြောင်းသိရှိရပါသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com