မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထပ်မံဖြည့်စွက် ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့်
လုပ်ပိုင်ခွင့်များကို ထပ်မံ ဖြည့်စွက်ရာ၌ ပြည်ထောင်စုအစိုးရ အဖွဲ့၏
အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၁ ဖြင့်ဖြည့်စွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း အမိန့်ကြော်ငြာစာ အပြည့်အစုံမှာ မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေး ကော်မရှင်အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ် စက်တင်ဘာလ
၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၃၄/၂၀၁၁ ဖြင့် ဖွဲ့စည်းပေးပြီး
တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုပါ ဖော်ပြအပ်နှင်းခဲ့ပြီး ဖြစ်ကြောင်း၊
အဆိုပါအမိန့်ကြော်ငြာ စာပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖြည့်စွက်သည့်
အချက်များမှာ အဆိုပါ အမိန့်ကြော်ငြာစာအပိုဒ် ၆ တွင် “စုံစမ်း စစ်ဆေးရာ၌
Truth Commission အနေဖြင့် အမျိုးသားစည်းလုံး ညီညွှတ်ရေးကို
ဦးတည်ဆောင်ရွက်ရန် ဖြစ်သည်” စာသားအား ဖြည့်စွက်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် “ကော်မရှင်၏ အရေးယူဆောင်ရွက်ခွင့်သည် နောက်ကြောင်းပြန်
သက်ရောက်မှုမရှိစေရ” စာသားအား အပိုဒ် ၇ အဖြစ်ဖြည့် စွက်ရမည်ဖြစ်ကြောင်း
အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ ပါအပိုဒ် (၇)(၈)(၉)(၁၀) တို့အား
ဂဏန်းတစ်ခုစီတိုး၍ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့်
လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာအမှတ် ၃၄/၂၀၁၁ တွင် အပိုဒ် ၂ မှ
အပိုဒ် ၁၀ ထိဖော်ပြထားခြင်း ဖြစ်ပြီး ယင်းအပိုဒ်များအတွင်း၌
ထပ်မံဖြည့်စွက်သည့် အပိုဒ်များကို ထည့်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ တာဝန်နှင့်
လုပ်ပိုင်ခွင့်များ အပိုဒ် ၆ ရှိမူရင်းဖော် ပြချက်မှာ
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မိမိ၏
လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရာ၌ သက်သေခံ အက်ဥပဒေ၊ ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေနှင့် တရားမကျင့်ထုံး ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ
ကျင့်သုံးနိုင်သည်ဟု ဖော်ပြထားသည် ဖြစ်ရာ “ စုံစမ်းစစ်ဆေးရာ၌ Truth
Commission အနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို
ဦးတည်ဆောင်ရွက်ရန်ဖြစ်သည်” ဟူသည့် စာသားအား ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား ၂၀၁၁ ခုနှစ်
စက်တင်ဘာလ ၅ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ ဦးဝင်းမြ
(သံအမတ်ကြီး-အငြိမ်းစား)၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ
(သံအမတ်ကြီး-အငြိမ်းစား)၊ အတွင်းရေးမှူး ဦးစစ်မြိုင်
(ညွှန်ကြားရေးမှူးချုပ်- အငြိမ်းစား)နှင့် အဖွဲ့ဝင် ၁၂ ဦးပါဝင်ကြောင်း
သိရသည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com