Sunday, October 16, 2011

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိဟု စွမ်းအင်ဝန်ကြီး ပြောဆိုချက်အပေါ်-

နိရဉ္စရာ

ကျောက်ဖြူ မြို့နယ် ပြည်သူ့ လွတ်တော် အမတ် ဦးဘရှင်က ကျောက်ဖြူမြို့ မြောက်ဖက် ၂၅ မိုင်အကွာ တွင်ရှိသော "ရွှေ" သဘာဝ ဓါတ်ငွေ့သိုက်မှ ရရှိ လာသော သဘာဝဓါတ်ငွေ့ များကို အသုံး ပြုပြီး ကျောက်ဖြူမြို့ အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဝေပေးရန် အစီ အစဉ် ရှိမရှိ စက်တဘာင်္လ ၂၇ ရက်နေ့က ကျင်းပ ခဲ့သော ပြည်သူ့ လွတ်တော်တွင် မေးမြန်း ခဲ့ပါသည်။ အဆိုပါ မေးမြန်း ချက်ကို စွမ်းအင် ၀န်ကြီး ဦးသန်းဌေး ဖြေကြား ရာတွင် ရွေသဘာဝ ဓါတ်ငွေ့သိုက်က ရရှိ လာသော သဘာဝ ဓါတ်ငွေ့များကို မြန်မာ - တရုတ် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းက တဆင့် တရုတ် ပြည်ကို တင်ပို့ သွားရန် ဖြစ်ကြောင်းနှင့် တရုတ်- မြန်မာ ချုပ်ဆို ထားသော စာချုပ်ကို ဆန့်ကျင်ပြီး ဓါတ်ငွေ့ များကို အသုံး ပြု၍ မရဟု ဖြေကြား သွားခဲ့ ပါသည်။

ယခုကဲ့သို့ စွမ်းအင်ဝန်င်္ကြီး ဦးသန်းဌေးမှ ရခိုင်ကမ်းလွန်မှ ထွက်သော ဂတ်စ်ကို ရခိုင်ပြည်နယ်တွင် တစုံတရာ အသုံးပြုရန် အစီအစဉ် မရှိကြောင်း ဖြေကြားသွားသည့် အပေါ် လက်လှမ်း မှီသလောက် ရခိုင် ခေါင်းဆောင်များနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ http://www.narinjara.com/burmese.asp

ဦးအေးသာအောင်
ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
အတွင်းရေးမှူး CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ

ရခိုင်ပြည် ကထွက်တဲ့ ဂတ်စ်ဟာ ရခိုင်ပြည်မှာ သုံးဖို့မဟုတ်ဘူး ဆိုတဲ့ စကားဟာ ရခိုင်ပြည် သူတွေကို အလွန် စော်ကားရာ ရောက်ပါတယ်။ ထိခိုက် နစ်နာအောင် ပြောတဲ့ စကားလို့ တိုတို တုတ်တုတ်နဲ့ ပြောချင် ပါတယ်။ အထူး သဖြင့် ရခိုင်ပြည်မှာ ထွက်လာတဲ့ သယံဇာ ပစ္စည်း အားလုံးဟာ ရခိုင်ပြည် နယ်သားတွေ အဓိက ပိုင်ဆိုင်တယ်။ ရခိုင် ပြည်နယ်က ထွက်လာ သမျှ ဂတ်စ်ဘဲ ဖြစ်ဖြစ်၊ ရေနံဘဲဖြစ်ဖြစ်၊ တခြား သစ်တော၊ ငါးပုဇွန် ထွက်လာ သမျှရဲ့ သယံဇာတ ပစ္စည်းရဲ့ တန်ဖိုး ဟာ ရခိုင်ပြည်က ပိုင်ဆိုင်တာ ဖြစ်တယ်။ ရခိုင်ပြည်ဟာ အမှန် တကယ် ပြည်ထောင်စု ထဲမှာ ရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ် ဆိုလို့ ရှိရင် ဒီထွက်လာတဲ့ ပစ္စည်းရဲ့ အချိုးကျ ကိုတော့ ရခိုင်ပြည် နယ်က ခံစားခွင့် ရှိတယ်။ အဲဒါကြောင့် ဒီလို ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်ဟာ ရခိုင်ပြည်မှာ အသုံး ပြုရန် အစီ အစဉ် မရှိလို့ ပြောတဲ့ ဟာသည် ရခိုင်ပြည် သူတွေ ကို စော်ကား လိုက်တဲ့ စကားလို့ဘဲ ကျွန်တော် မြင်ပါတယ်။"

No comments:

Post a Comment

wwwwnyinyi@gmail.com