Friday, August 31, 2012

အမည်ပျက်စာရင်းမှ ပယ်ဖျက်သည့် လူ ၂ ထောင်ကျော်စာရင်း ထုတ်ပြန်

လင်းသန့်
စစ်အစိုးရလက်ထက်က အမည်ပျက်စာရင်း သွင်းထားသည့် လူဦးရေ ၆ ထောင်ကျော်အနက် စာရင်းမှ ပယ်ဖျက်ပေးလိုက်သည့်နိုင်ငံ ခြားသား နှင့် မြန်မာနိုင်ငံသား ၂ ထောင်ကျော်စာရင်းကို သမ္မတရုံး၏ ဝက်ဘ်ဆိုဒ်မှ ယနေ့ထုတ်ပြန်လိုက်သည်။
နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်သော နိုင်ငံခြားသား ၁၁၄၇ ဦးစာရင်းတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းမယ်ဒလင်း အော ဘရိုက်၊ အထက်လွှတ်တော်အမတ် တွန်လင်းတော့စ်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဒေးဗစ် စကောက် မက်သီ ဆင်၊ ဂျာ နယ်လစ်များဖြစ်သည့် ဘာတေးလစ်တနာ၊ ဒင်းနစ် ဒီဂရေး၊ ဂျွန်ပေဂျာ၊ အင်ဒရူးမာရှယ် စသည့် နိုင်ငံရေး၊ မီဒီယာ၊ စီးပွားရေး အသီးသီးမှထင် ရှား သူများ စွာ ပါဝင်သည်။

မြန်မာအစိုးရအပေါ် ချမှတ်ထားသည့် ဗီဇာပိတ်ပင်မှုကို အမေရိကန် ရုပ်သိမ်း


မြန်မာအစိုးရအပေါ် ချမှတ်ထားသည့် ဗီဇာပိတ်ပင်မှုကို အမေရိကန် ရုပ်သိမ်းမြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ တွင် ကုလသမဂ္ဂ အထွေထွေညီ လာခံတက်ရောက်ရန် အမေရိ ကန်နိုင်ငံ နယူးယောက်မြို့ သို့သွား ရောက်မည်ဖြစ်ပြီး၊ ဒေါ်အောင် ဆန်းစုကြည်၏ အမေရိကန်ခရီး စဉ်နှင့်လည်း တိုက်ဆိုင်နေသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်တွင် အိုဘား မားအစိုးရ၊ ကွန်ဂရက်ခေါင်း ဆောင်များနှင့်တွေ့ဆုံပြီး၊ အမေရိ ကန်နိုင်ငံ၏ အမြင့်ဆုံးအရပ်ဘက် ဂုဏ်ထူးဆောင်ဆု “ကွန်ဂရက် ရွှေတံဆိပ်ဆု” (Congressional Gold Medal)ကို လက်ခံရယူရန်ရှိ သည်။

Wednesday, August 29, 2012

အစိုးရ ၀န်ကြီး အပြောင်းအလဲစာရင်း ထွက်ပေါ်


မြန်မာအစိုးရက ၀န်ကြီး ၉ ဦးကို ရာထူး ပြောင်းလဲ ခန့်အပ်၊ ဒု ၀န်ကြီး ၁၅ ဦး ခန့်အပ်
၂၀၁၂ သြဂုတ် ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှ
ကြိုတင် ခန့်မှန်းထားကြချိန်ထက် အတန်ကြာ နောက်ကျခဲ့သော်လည်း ၂၀၁၂ သြဂုတ် ၂၇ ရက်နေ့မှာတော့ မြန်မာအစိုးရ ၀န်ကြီး အပြောင်းအလဲစာရင်း ထွက်ပေါ်ခဲ့ပြီ ဖြစ်ပါတယ်။

Tuesday, August 28, 2012

အစိုးရက လယ်သမား တွေ အတွက် လူမှုတာဝန်ယူမှု ( Social Responsible ) ယူပေး ရမယ်။(ဓါတ်ပုံသတင်း)

လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းအတွက် ယာမြေ(၇၈၀၀ ဧက-ကျော်)များ အတင်းအဓမ္မသိမ်းပိုက်ခံထားရသော တောင်သူများက မိမိတို့၏ ဆုံးရှုံးနစ် နာနေမှုများအတွက် ယာမြေများပြန်လည်ရရှိရေးအတွက် မချီတက်လာစဉ်။ 
လယ်သမားတွေက မြေသိမ်းတယ်ဆိုရင် လယ်သမားတွေအတွက် ဘ၀အာမခံချက်ရှိတဲ့ 
စီပွားရေးလုပ်ငန်း၊ နေစရာ အိမ်မြေခြံ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျောင်း၊အားကစားကွင်း
ဆေးရုံ ၊ စာကြည့်တိုက်စတဲ့ လူမှုရေးတာဝန်ယူမှု ( Social Responsible ) ကို သိမ်းပိုက်တဲ့
အစိုးရ သို့ မဟုတ် ကုမဏီတွေက ပြန်ပြီး တာဝန်ယူပေးကြရပါတယ်။ 
ဒီလိုတာဝန်ယူမှု မရှိရင် ပြင်းထန် တဲ့လူထုလှုပ်ရှားမှုကြီးတွေဖြစ်ပေါ်လာနိင်ပါတယ်။ 

ခုံရုံးအငြင်းပွားမှု ပြည်သူ့မျက်နှာ ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လင်းသန်
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ် စားလှယ် များ ဆွေးနွေးကြရာတွင် ဒေါ်အောင်ဆန်းစု ကြည်က ပြည်သူ့မျက်နှာကို ကြည့်ပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ဆွေးနွေးသွား ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် အငြင်းအခုံဖြစ်ရသည့် ပြဿ နာတရပ် ဖြစ်သော်လည်း ဒီမိုကရေစီ စနစ်အတွက် မထူးဆန်း ကြောင်း၊ ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရန် လိုအပ်ကြောင်း၊ ဖြေရှင်းရာတွင်အား လုံးသည် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထား ကြီးကြီးနှင့် အ မြော်အမြင်ရှိရှိ ဖြေရှင်းရေး ဦးတည်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံရင်း ယနေ့ ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးတင်ပြ သွားသည်။

မောင်တောတွင် ရခိုင်အိမ်များ ရောင်းမည်

မောင်အေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထားသည်ဟု သတင်း ရရှိသည်။

“ ဟုတ်တယ်။ အခုတစ်လော ရခိုင်အမျိုးသားပိုင် အိမ်တစ်ချို့ “အိမ်ရောင်းမည်” ဆိုပြီး စာကပ် ထားတာကို တွေ့ရပါတယ်။ စိတ်မကောင်းစရာ ပါ။ အဓိကတော့ မောင်တောမှာ ရခိုင်တွေ နေနိုင်မယ့် အနေအထား မရှိဆိုတာကို ပြသနေတာ ဖြစ်ပါတယ်” ဟု မောင် တောမြို့လူကြီး တစ်ဦး က ပြောသည်။

အိမ်ရောင်းမည် စာတန်းများ ယခု ရက်ပိုင်းအတွင်း ပိုများပြားလာကြောင်း အမှတ် (၁) ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။

အင်ဒိုနီးရှား ကြက်ခြေနီ အကူအညီပေးရေး အဖွဲ့တဖွဲ့ မြန်မာသို့ စေလွှတ်

ထွန်းထွန်း
အင်ဒိုနီးရှား ကြက်ခြေနီ (Red Cross) အဖွဲ့မှ အကူအညီ ပေးရေး အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်၏ ပဋိပ က္ခအတွင်း ဒုက္ခရောက်နေကြသူများအား ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရန် ယနေ့သြဂတ်(စ်)လ ၂၅ရက်နေ့က ထွက်ခွာသွား ပြီ ဖြစ် ကြောင်း The Jakartaglobe သတင်းတွင် ရေးသားသည်။

ညမထွက်ရအမိန့်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ရခိုင်တိုင်း ရင်းသားအများစုပါဝင်

ဒေါင်းမြရင်

ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဆောင်ရွက်သူများမှာ စစ်တွေမြို့ပေါ်၌ ရှိနေသောကြောင့် ညမထွက်ရအမိန်အား ဖောက်ဖျက် ကျူးလွန်းမှုကြောင့် ပြစ်ဒဏ်ချမှတ်ရာတွင် ရခိုင်တိုင်း ရင်းသားများမှာ အများစုဖြစ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦက ပြောသည်။

" စစ်တွေ အမှု ၁၃ မှုမှာ လူ ၆၁ဦး၊ သံတွဲ နှစ်မှုမှာ လူ ၂ ဦး၊ စုစုပေါင်း ၆၃ ဦးစီရင်ချက်ချပြီးပြီ။ သူတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အမြင့် ဆုံး ထောင်ဒဏ် ၆ လစီ အပြစ်ပေးခဲ့တာဖြစ်တယ်။အများစုမှာ ရခိုင်တိုင်း ရင်းသား တွေ ဖြစ် တယ်။ စစ်တွေမှာ အများဆုံးဖြစ်နေတာကလည်း တ ရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဆောင်ရွက်သူတွေဟာ စစ်တွေမြို့ပေါ် မှာပဲ ရှိနေ ခြင်းကြောင့်ဖြစ်တာ။ " ဟု သူကပြောသည်။

ရခိုင်ဒေသ လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီ ရသေ့တောင်တွင် ဖွဲ့စည်း

မောင်ရမ္မာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်များကို ဖေါ်ထုတ်အဖြေရှာနိုင်ရန် အ တွက် လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီတစ်ရပ်ကို သြဂတ်စ် ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်သည်။

၎င်း လူထုဆန္ဒဖေါ်ထုတ်ရေး ကော်မီတီကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလှသိန်းက နိရဉ္စရာသို့ ပြော သည်။

Sunday, August 26, 2012

အေးရှားဝေါဆိပ်ကမ်းရှေ့မှ လူအများစုရုန်းမှုကြောင့် (၅)နာရီအကြာယာဉ်ကြောပိတ်ဆို့မှုဖြစ်


စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup on 25 Aug, 2012

ရန်ကုန်မြစ်အတွင်း စီးဝင်နေသော ပင်မမြောင်းကြီးတစ်ခု ပိတ်ဆို့မှုနှင့်ပတ်သက်၍ အေးရှားဝေါကုမ္မဏီ အရှေ့တွင် သြဂုတ်လ (၂၄)ရက်နေ့ကလူ(၃ဝဝ)ကျော်စုရုန်းခဲ့ကြပြီး ထက်ကြည်မြင်တိုင်လမ်းနှင့်အောက်လမ်းရှိယဉ်ကြော များ (၅)နာ ရီကျော်အကြာ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

Wednesday, August 22, 2012

ကုလားစုတ်တွေကမ္ဘာကိုလိမ် ၊ မြန်မာပြည်ကို နယ်ချဲ့ဖို့ကြိုးစားနေတယ်



မြန်မာနိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ်မှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်နေပါတယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို နဲ့ ဓာတ်ပုံတွေကို ပါကစ္စတန်နိုင်ငံထဲ ကနေ ပြုလုပ် ဖြန့်ချိနေတာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောဆိုလိုက် ပါတယ်။

နည်းပညာကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ပုံတွေကို ပါကစ္စတန် နိုင်ငံအတွင်းက အင်တာနက် ဘလော့ စာမျက်နှာတစ်ခုမှာ စတင်ဖေါ်ပြခဲ့တာလို့ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး က ပြောပါတယ်။

ခေါ်တော၏မူလဂျီ သူလဂျီ ၊ ကုလားလိမ်များ ရန်မှကာကွယ်ကြ

Inline image 2Inline image 1

--ခေါ်တောကုလားတွေ ငါတို့တိုင်းပြည်ကိုပိုင်ဆိုင်ဖို့ နည်းမျိုးစုံသုံး
ကုလားမူ၊ ကုလားငို "အမားကယ်ပါ၊ အလာကယ်ပါ၊ အပြန်ကယ်ပါလုပ်ပြီး "ငါတို့လူမျိုးတွေကိုစော်ကားနေတယ်။

Sunday, August 19, 2012

မူဆလင် ဘာသာဝင်တွေအိန္ဒိယမှာ ဘုရားဆင်းတုတော်ကို ဖျက်စီး

ပုသိမ်ရေဘေးဒုက္ခသည် နောက်ဆက်တွဲ အခြေအနေ


Photo Courtesy of Goldren Pathein Facebook
ဧရာဝတီတိုင်း မြို့တော် ပုသိမ်မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေလွှမ်းနေပုံကို ၂၀၁၂ ခုနှစ် သြဂုတ်လလယ်ပိုင်းတွင် တွေ့ရစဉ်။

2012-08-18
ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး င၀န်မြစ် ရေတက်လို့ ရပ်ကွက် ၁၀ ခု ကျော်မှာ ရေလွှမ်းမိုးနေတဲ့ အတွက် ဒုက္ခသည်ပေါင်း ၂ သောင်းကျော် ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

ကိုင်ရိုမြို့ရှိ မြန်မာသံရုံးနှင့်သံတမန်ဝန်ထမ်းများအား ထပ်မံတိုက်ခိုက်မှုမဖြစ်ပွားစေရေးအတွက် ထိရောက်စွာအကာအကွယ်ပေးရန် အီဂျစ်အစိုးရကိုတောင်းဆို





အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ မြန်မာ သံရုံးနှင့် သံတမန်ဝန်ထမ်းများအား ထပ်မံတိုက်ခိုက်မှုမဖြစ်ပွားစေရေးအ တွက် ထိရောက်စွာအကာအကွယ် ပေးရန် မြန်မာအစိုးရက အီဂျစ်အစိုး ရကိုတောင်းဆိုလိုက်ကြောင်း နေ ပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာ နမှသိရသည်။

မကွေးတိုင်း စကုမြို့သို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ရောက်ရှိ

ကိုမင်းကိုနိုင်နှင့် ၈၈ ကျောင်းသားများ အဖွဲ့သည် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၆း၃၀ နာရီခန့်တွင် မကွေးတိုင်း၊ စကုမြို့သို့ ရောက်ရှိခဲ့ကြပြီး ဒေသံပြည်သူ
၁၀၀၀၀ ကျော်ခန့်က လှိုက်လှဲစွာ ကြိုဆို ခဲ့ကြတယ်။ ကိုမင်းကိုနိုင်နှင့် အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း လူငယ် တာဝန်ခံ ကိုနေမျိုးကျော်၏ နေအိမ်
NLD ရုံးခန်းတွင် စကု ပြည်သူလူထုအား ၂ နာရီခန့် တွေ့ဆုံ ခဲ့ကြပြီး ကိုမင်းကိုနိုင်နှင့်အတူ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုထွန်းမြင့်အောင်၊ စမ်းချောင်းကိုကိုကြီး၊
ကိုအံ့ဘွယ်ကျော်၊ မနီလာသိန်း ၊ မမီးမီးတို့က စကု ပြည်သူလူထုကို တစ်ဦးချင်း နှုတ်ဆက်စကား ပြောဆို ခဲ့ကြပါတယ်။

ရခိုင်အရေးကိစ္စ တက်ကြွလှုပ်ရှားသူအချို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်


ရခိုင်အမျိုးသား ကွန်ရက်အဖွဲ့မှ ရခိုင်အရေး သဘောထား ထုတ်ဖေါ် ဆန္ဒပြ၊ ဇွန်လဆန်းမှ စတင်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာ အန်ဂျီအိုများ လူ့အခွင့်အရေး အဖွဲ့အစည်းများက ရခိုင်ပြည်သူများ အပေါ် ခွဲခြားဆက်ဆံခြင်း မပြုစေရန် ရခိုင်အမျိုးသား ကွန်ရက်ဟု ခေါ်ဆိုသည့် အဖွဲ့မှ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

နေပြည်တော် ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလုပ်အကိုင် ဖန်တီးရေး ဆွေးနွေး


၂၀၁၂ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီရွာ ဒေသခံ ကျေးရွာပြည်သူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံခဲ့စဉ်။

2012-08-18  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့ ပြောကြားခဲ့ပါတယ်။
ဒေသခံတွေ အနေနဲ့ အချင်းချင်း တိုင်ပင်ပြီးမှ ဘယ်လို အလုပ်အကိုင်မျိုး လိုအပ်နေတယ် ဆိုတာ တင်ပြဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးထားသည့် အိုင် အန်ဂျီအို ၀န်ထမ်းများကို ပြည်ထဲရေးဌာန အမိန့်ဖြင့်ပြန်လွှတ်ပေး

 AZG မှ ဦးကျော်လှအောင်နှင့် ဦးဝင်းနိုင် (ဓါတ်ပုံ- မစ္ဖျိမ)
မောင်အေး
ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ပတ်သည်ဟုဆိုကာ သက်ဆိုင်ရာမှ ဖမ်းဆီးထားသည့် INGOs နှင့် UNHCR ၀န်ထမ်းတချို့ကို ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ဖြင့် ပြည်လည်လွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ 
 
ယခု လွတ်မြောက်လာသူများတွင် စစ်တွေအကျဉ်းထောင်မှ AZG အဖွဲ့မှ ဦးကျော်လှအောင်နှင့် ဦးဝင်းနိုင်အပါအ၀င် စုစုပေါင်း ၁၀ ဦးဖြစ်သည်။

Sunday, August 12, 2012

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း တိုက်ခိုက်ခံရ


အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ် ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟုJakataglobe ဆိုဒ်တွင် ရေးသားထားသည်။

သောကြာနေ့ ဗလီမှ ဘုရားဝတ်ပြု ဆုတောင်းပြီး အပြန် Islamic Defenders Front (FPI) အမည်ရှိ အဖွဲ့ သည် ဗလီနားမှာ လူစုပြီး တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီး စစ်တွေရောက်၊ ဒုက္ခသည် စခန်းများကို သွားရောက်ကြည့်ရှု့

တူရကီ နိုင်ငံခြာရေး ၀န်ကြီးလည်းဖြစ်၊ အစ္စလာမ်နိုင်ငံများ ပူးပေါင်းရေး OIC အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်တဲ့ Ahmet Davutoglu ဟာ ဒီကနေ့ နံနက်က စစ်တွေကို လေယာဉ်နဲ့ အတူ ရောက်ရှိလာပါတယ်။

သူရောက်လာတာနဲ့ ချက်ချင်း သဲချောင်းရှိ  မန်ဇီ မွတ်ဆလင်တွေရဲ့ ဒုက္ခသည် စခန်းကို ထွက်ခွာ သွားတယ်လို့ သိရပါတယ်။
အဲဒီက ပြန်အထွက်မှာ မင်းဂံရပ်ကွက်ရှိ ရခိုင် ဒုက္ခသည်တွေကို ၀င်ရောက် ကြည့်ရှု့မယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သမ္မတနှင့် ရခိုင်တိုင်းရင်းသားပါတီ နှစ်ခုတို့ သီးသန့်တွေ့


ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် ရခိုင်တိုင်းရင်းသားပါတီ နှစ်ခုတို့ သြဂုတ် ၈ ရက် ညနေပိုင်းတွင် နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့ကြကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။
''ရခိုင်အရေးကိစ္စမှာ ရခိုင်အချင်းချင်းပြောရင် အဆင်ပြေမယ်ဆိုပြီး ခေါ်တွေ့တာပါ'' ဟု ၎င်းကဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၆ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အဖွဲ့ဝင် လေးဦးတို့ တက်ရောက်ခဲ့ကြသည်။

ကင်တားနားအကြံပြုချက် ပါတီတွေ လက်မခံ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ်၊ အိုဟေး ကင်တားနား။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန် မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မကြာသေးခင်က လာရောက် စုံစမ်းစစ်ဆေးမှုတွေအပေါ် ပြည်တွင်း နိုင်ငံရေးပါတီတွေက သဘောမကျဘူးလို့ ပြောဆိုနေကြ ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားရဲ့ နိုင်ငံရေး လက်ထောက်နဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၂၄ ဖွဲ့တို့ မနေ့က တွေ့ဆုံချိန်မှာ အဲ့ဒီလို ပြောဆိုခဲ့ကြတာပါ။

အမေရိကန်အမတ် နဲ့ ၈၈ မျိုးဆက်တွေ့ဆုံ

Photo courtesy of the 88 Generation Students Group
အမေရိကန် ပြည်ထောင်စု ရီပါပလင်ကင်ပါတီ အောက်လွှတ်တော်အမတ် အုပ်ချုပ်မှုဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ David Dreier ဦးဆောင်သည့်အဖွဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးကို လာရောက် တွေ့ဆုံဆွေးနွေးနေစဉ်။

မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု ရီပါပလင်ကင်ပါတီ အောက်လွှတ်တော်အမတ် အုပ်ချုပ်မှုဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ David Dreier ဦးဆောင်တဲ့ အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့နဲ့ ဒီကနေ့ စနေနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Wednesday, August 8, 2012

ဝန်ကြီး နှစ်ဦးမှ ရှစ်လေးလုံးအခမ်းအနားအတွက် ငွေဆယ်သိန်းလှူ


ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို
 ဝါဆို သင်္ကန်းကပ် လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စု
ဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်
 ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနား ကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီး ကျောင်းတိုက်သို့
 ရောက်ရှိလာကြကာ ကျောင်းထိုင် ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်
 ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။

Tuesday, August 7, 2012

ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သတ်ပြီး ကိုကိုကြီး ပြောကြား

  ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အနေနဲ့ ရခိုင်ဒေသကို မသွားရောက်ခင်မှာ တတ်နိုင်သလောက် ရခိုင်သုတေသီတွေ  ထုတ်တဲ့ စာရွက်စာတမ်းတွေ၊ ရိုဟင်ဂျာတွေဘက်က ထုတ်တဲ့ စာရွက်စာတမ်းတွေကို တော်တော်များများ လေ့လာခဲ့ပါတယ်။ ကျနော်တို့ သွားတဲ့ ရည်ရွယ်ချက်ကိုယ်နှိုက်က ကျနော်တို့က အဖြစ်အပျက်အမှန်တွေကို သိရှိနိုင်ဖို့ပါ။ နောက်တခုက ကြီးတဲ့အမှုကို ငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင် ကျနော်တို့ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ၊ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောရင် ကျနော်တို့ တိုင်းရင်းသားတွေ အချင်းချင်းကြားထဲမှာ နားလည်မှုတွေနဲ့ ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သွားခဲ့ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ မြန်မာနိုင်ငံသားတွေဟာ ဒုက္ခရောက်နေသူတွေကို ကြောင်တောင်ကြည့်နေတဲ့ လူစားမျိုးတွေ မဟုတ်ပါဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဇူလိုင်လ ၅ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားများရုံးမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သတ်ပြီး ကိုမင်းကိုနိုင် ပြောကြား


   မြန်မာတပြည်လုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုဟာ တနေရာတည်းမှာ ဖြစ်နေတာ မဟုတ်ပါဘူး၊ နေရာအနှံ့မှာ ဖြစ်နေတာပါ။ ဒါဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဟာ တပြည်လုံးမှာ ရှိနေတာပါ။ ဒီကိစ္စမှာတော့ လူ့အခွင့်အရေးတည်း ဆိုတဲ့ ရှုထောင့်တခုတည်းက ကြည့်လို့ လုံးဝ မလုံလောက်ပါဘူး၊ ကျနော်တို့ တိုင်းပြည်ရဲ့ သမိုင်းကြောင်း၊ ကျနော်တို့ တမျိုးသားလုံးရဲ့ အကျိုးစီးပွားတွေ၊ ပြည်ပက ကျူးကျော်ဝင်ရောက်နေမှုတွေ၊ အဲ့ဒီမှာလဲ မတရားသဖြင့် ကျနော်တို့ဆီက အကျင့်ပျက်နေတဲ့ ၀န်ထမ်းတွေကြောင့် တချိန်တုန်းက ၀င်ရောက်လာမှုတွေ ရှိသလို၊ နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်နေမှုတွေလဲ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသား အကျိုးစီးပွားအတွက်ရယ်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေရယ်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေရယ် အားလုံးခြုံပြီး ကြည့်ရပါမယ်။ ပြဿနာက အင်မတန် သိမ်မွေ့ပါတယ်လို့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ဒေသတွင်း ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့ရဲ့သဘောထားကို အခုလို ပြောကြားလိုက်ပါတယ်။

Sunday, August 5, 2012

ရိုဟင်ဂျာကိစ္စကို မဟာဗျူဟာမြောက်တုန့်ပြန်ရန်လိုအပ်ခြင်း

ဖေ့ဘုတ်မှ ဖတ်ကောင်းသောသုံးသပ်ချက်ကိုပြန်လည်ဖေါ်ပြပါသည်.
Inline image 1
by Myo Set on Saturday, August 4, 2012 at 11:29pm ·
1982 နိုင်ငံသားဖြစ်မှု ဥပဒေကို ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကန်တားနားက ပြန်လည်သုံးသပ်ဖို့ ယနေ့ ၄၊ ၈လ၊ ၂ဝ၁၂ ခုနှစ် မြန်မာစံတော်ချိန် ခြောက်နာရီခန့်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတယ်။ အဲ့ဒီသတင်းကို ဖေ့စ်ဘုတ်မီဒီယာလောကမှာ တက်တက်လာချင်း မျိုးချစ်တွေက အဆဲအဆိုတွေနဲ့တုန့်ပြန်ကြတာကိုတွေ့ရပါတယ်။ ရိုဟင်ဂျာတွေရဲ့ စံနစ်တကျ ကျူးကျော်မှုတွေ၊ မွတ်စလင်နိုင်ငံတွေရဲ့ အမျုးမျိုးဝါဒဖြန့်မှုတွေကို မတုန့််ပြန်ဘဲနေနေတဲ့ အစိုးရအဖွဲ့ကို အားရခြင်းမရှိတဲ့ မိမိအနေနဲ့ ကိုယ့်လူတွေကို အနည်းငယ်မချင့်မရဲဖြစ်ရတယ်။

ရခိုင်ပြည်နယ်အရေး အဖြစ်မှန်ဖော်ထုတ်ဖို့ ကင်တားနားတိုက်တွန်း

2012-08-04
မောင်တောမှ ပြန်လာသော မစ္စတာ ကင်တားနားအား စစ်တွေ လေဆိပ်တွင် တွေ့ရစဉ် ( ဓါတ်ပုံ- အေပီ)
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက် လေ့လာစုံစမ်းခဲ့တဲ့ မစ္စတာ ကင်တားနားက ခရီးစဉ်ပြီးဆုံးတဲ့နောက် အခုလို တိုက်တွန်း ပြောဆိုလိုက်တာပါ။

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။

သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။

ရန်ကုန်ရောက် ရခိုင်မျိုးချစ်များ UNHCR ရုံးရှေ့တွင် သမ္မတပြောစကားအား ထောက် ခံဆန္ဒထုတ်ဖေါ်

သဇင်ဥ
ရန်ကုန်မြို့ မြေနီကုန်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ရှေ့တွင် ရခိုင်အမျိုးသားများက သမ္မတကြီး ဦး သိန်း စိန် ဘင်္ဂလီများအား ထုတ်ဖေါ်ပြောဆိုမှုများအပေါ် တခဲနက် ထောက်ခံကြောင်း ယနေ့ ဆန္ဒပြနေကြသည်ဟု သိရှိရသည်။

UNHCRရုံးရှေ့တွင် ဆန္ဒထုတ်ဖေါ် ပြနေကြသည့် မျိုးချစ်ရခိုင်များမှာ အင်အား ၃၀ ကျော်ရှိကြောင်း နှင့် သမ္မတ ဦးသိန်းစိန်မှ ဘင်္ဂလီများကို စ ခန်းသွင်းထားရန်၊ UNHCR အကူအညီနှင့် တတိယနိုင်ငံတစ်ခုခုမှ လက်ခံလျင် ပို့ပေးရန်တို့အား ထောက်ခံသည့် ဆိုင်းဘုတ်များ၊ ကိုင်ဆောင် ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခြင်း ဖြစ်ကြောင်း မျက်မြင်တစ်ဦးက သတင်းပေးပို့သည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်

နိရဉ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်း တွေ ကိုအသီးသီး ချမှတ်ထားပေမယ့် အဲသလို ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့ တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့ တရားရုံး ရှေ့နေ တစ်ဦး ကပြော ပါတယ်။

မြန်မာစစ်တပ်ကို အိန္ဒိယ ကူမည်

ဇာနည်မာန်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယသို့ ရောက်နေစဉ် အိန္ဒိယအစိုးရက အိမ်နီးချင်းမြန် မာ နိုင်ငံကို စစ်ရေးအရ ကူညီမှုများ တိုးမြှင့်ပေးအပ်ရန်ဆုံးဖြတ်လိုက်သည်။

“မဟာဗျူဟာကျသော လှုပ်ရှားမှုတရပ်အဖြစ် မြန်မာစစ်တပ်ကို သင်တန်းများတိုးမြှင့်ပေးရန်နှင့် လက်နက် မဟုတ်သော စစ်သုံးပစ္စည်းများ ပေးအပ်ရန် အိန္ဒိယက ဆုံးဖြတ်လိုက်သည်” ဟု အိန္ဒိယသတင်းစာ ဟင်ဒူ စတန် တိုင်းမ် ရေးသားထားသည်။

မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည်

ကျော်ဖုန်းကျော်

မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ကြောင်းကို သက်သေ အထောက်အထားများဖြင့် ရှင်းလင်းသွားမည်ဟုလွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် သောကြာနေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ပြောသည်။

ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲကာ သေဒဏ်၊ တသက်တကျွန်းနှင့် ထောက်ဒဏ် ၁၉ နှစ် တပေါင်းတည်း ကျခံရန်စီရင်ခြင်းခံရပြီးဆိုးရွားလှ သည့် ကျန်းမာရေး အခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ရန်ကုန်မြို့တွင် သတင်း ထောက်များကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

Friday, August 3, 2012

အဖြစ်မှန်တွေ သိရအောင် ရခိုင်ကို သွားခဲ့တာပါ-ကိုကိုကြီး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ အဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ထဲမှာ ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ရွာနဲ့ မသီတာထွေး အခင်းဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေဆီ အရောက်သွားခဲ့ကြပါတယ်။

ဒီခရီးအခြေအတွေနဲ့ ပတ်သက်ပြီး ကိုကိုကြီးကို ဆက်သွယ် မေးမြန်းထားပါတယ်။

Wednesday, August 1, 2012

ကင်တာနားနှင့် ဒီမိုကရေစီအင်အားစုအချို့ တွေ့ဆုံ

ရန်ကုန်ကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူး မစ္စတာ ကင်တာနားဟာ ရန်ကုန်မှာ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ ဒီနေ့ တွေ့ဆုံပါတယ်။
ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ရုံးခန်းမှာ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး အဖွဲ့တွေနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးအခြေအနေ၊ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ အမြင်တွေကို မေးမြန်းမှတ်တမ်းယူသွားပါတယ်။

ယနေ့တင်သွင်းခဲ့သော ၂၀၁၂ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော် မှ ပြန်လည်ပြင်ဆင် ရေးဆွဲသွား မည်


ပြည်သူ့ လွှတ်တော်မှ ၂၀၁၂ ခုနှစ် တက္ကသိုလ်များပညာရေးဥပဒေ ကြမ်းအား ပြန်လည်ပြင်ဆင်ရေးဆွဲ သွား မည်ဖြစ် ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီမှ တင်သွင်းသော ၂၀၁၂ခုနှစ် တက္ကသိုလ်များ ပညာ ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ် တော် ပညာရေးမြှင့်တင်မှုကော်မတီ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြည်သူများထဲမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ် စားလှယ် များ ပါဝင်ပြီး အဆိုပါဥပဒေ ကို ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြ

Qintana_009oiuyမြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားကို အင်အား (၅၀၀) မျှရှိသည့် ရခိုင် တိုင်းရင်းသားများက အချက် (၄) ချက်ပါသည့် တောင်းဆိုချက် ပိုစတာဖြင့် ယနေ့နေ့လည်ပိုင်း၌ ဆန္ဒပြခဲ့ သည်ဟု မောင်တောမြို့ ဆန္ဒပြပွဲ၌ ပါဝင်သူ တဦးက ပြောပါသည်။
“ဒီနေ့မနက် မောင်တောကို ကင်တာနား ရဟတ်နဲ့ ရောက်လာတယ်။ မြို့ကိုပတ်ပြီး ဒုက္ခသည် စခန်းကို လာတွေ့တယ်။ ကျနော်တို့က သူရဲ့ ခရီးယာဉ်တန်းကို ဆိုင်းပုဒ်ကိုင်ပြီး ဆန္ဒပြကြတယ်လေ ငြိမ်းငြိမ်းချမ်းချမ်းပါဘဲ” ဟု ဆိုပါသည်။

သဲကုန်းမြို့ လယ်သမားဆန္ဒပြပွဲ ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို ရဲက ဖြိုခွင်းပြီး ဆန္ဒပြခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

သဲကုန်းမြို့နယ်တွင်း ကျေးရွာ ၁၀ ရွာခန့်က လယ်သမားတွေက သူတို့ထံကနေ အာဏာပိုင်တွေက သိမ်းဆည်းယူငင်ထားတဲ့ လယ်ဧက ၃၀၀ ကျော်ကို ပြန်လည်ရယူလိုတဲ့အတွက် ငြိမ်းချမ်းစွာဆန္ဒပြခွင့်ပြုဖို့ ဥပဒေနဲ့ အညီတင်ပြခဲ့ကြပေမယ့်လည်း ခွင့်မပြုတာကြောင့် ဒီမနက် ၉ နာရီမှာ စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုစာရင်း ကောက်ပြီဟုဆို

ဇူလိုင်လ ၃၁ ရက်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။