ရန်ကုန်မြို့ အောင်မြေဗောဓိဓမ္မာရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်သို့
(21.3.2012)ရက်နေ့ အမျိုးသားဒီမိုကရေစီးအဖွဲ့ချုပ် NLD ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် ကျောက်တော်မြိုနယ် ရှိ ရခိုင့်
ရှေးဟောင်းသမိုင်းဝင်
မဟာမုနိရှပ်ရှင်တော်မြတ်ကြီး၏အထွက်ထိပ်သို့တင်လှူပူဇော်မည့်ရွှေစင်းရွှေသားရွှေထီးတော်အား
(၃း၃၀)နာရီအချိန်တွင် လာရောက်ဖူးမြော်ခဲ့ပါသည်။
ရခိုင့်ရှေးဟောင်းသမိုင်းဝင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာ
မြတ်စွာဘုရားရင်ငွေတော်ဖြင့်သွန်းလုပ်ခဲ့တဲ့ကိုယ်ပွါးတော်ဖြစ်ပါတယ်။
ထိုသို့လာရောက်ဖူးမြှော်ခဲ့သည့်ဓါတ်ပုံများအားပြန်လည်ဖေါ်ပြလိုက်ပါတယ်။Saturday, March 31, 2012
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ရွေးကောက်ခံ မဲဆန္ဒ နယ်မြေ ဖြစ်သည့် ကော့ မှူး မြို့နယ်သို့ သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့သည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည်ဖြစ်သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့် ပြည်တွင်း ပြည်ပ သတင်း သမားများ တရာကျော်က မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။
နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့် ရွေးကောက်ပွဲ သတင်း အချက် အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
Envoy ဂျာနယ်မှ အဆိုတော်လေးဖြူသို့ တောင်းပန်ခြင်းအပေါ်ပရိတ်သတ်အချို့မကျေနပ်
အဆိုတော်လေးဖြူသို့ သတင်းတမန်ဂျာနယ်မှ မဟုတ်မမှန်သောသတင်းတပုဒ်ကိုလုပ်ကြံရေးသားခဲ့ပါတယ်။
အဆိုတော်လေးဖြူဟာ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ကိုမဲပေးခဲ့ပြီး၊ ယခုကြားဖြတ်ရေးကောက်ပွဲတွင် မည်သည့်ပါတီကိုမဲပေးရမည်ကို မစဉ်းစားရသေးကြောင်းဖေါ်ပြသောသတင်းကို ရေးသားဖေါ်ပြခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်၍အဆိုတော်လေးဖြူမှ မဟုတ်မမှန်ကြောင်းပြန်လည်ဖြေရှင်းပေးရန်နှင့် အစိုးရပိုင်သတင်းစာများမှပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့သည်။
ထိုပြန်လည်တောင်းပန်စာနှင့် ပတ်သက်ပြီးစာဖတ်ပရိတ်သတ်များနှင့် ကိုလေးဖြူပရိတ်သတ်အချို့ကတောင်းပန်စာရေးသားထားသည်ကို ကြည့်၍ Enovoy ဂျာနယ်ကိုမကျေနပ်နိုင်ချေ။ ရှင်းလင်းစွာတောင်းပန်ရေးသားခြင်းမျိုးမဟုတ်ပဲ၊ မလိမ့်တပတ်နှင့်ရေးသားဖေါ်ပြတောင်းပန်ခြင်းများကြောင့် ဂျာနယ်မီဒီယာများမှမဟုတ်မမှန်သတင်းများကို
ပြီးစလွယ်ရေးသားဖေါ်ပြခြင်း၊ ဖြစ်ပေါ်လာသောပြဿနာများအပေါ် တာဝန်ယူမှု့မရှိခြင်း၊ သတင်းအချက်အလက်များကိုယုံကြည်စိတ်ချနိုင်ရခြင်းမရှိခြင်းများကြောင့် ပြည်တွင်းဂျာနယ်များအပေါ်စိတ်ပျက်
မိကြောင်းပြောဆိုနေကြသည်။စီးပွားရေးလုပ်ငန်းတခု အနေဖြင့်ရေးသားဖေါ်ပြချက်များနှင့် သတင်းဖေါ်ပြရေးသားမှု့များသည် မိမိဂျာနယ်နံမည်ကျော်ကြားရေးကိုသာဦးစားပေးနေသည့် ပြည်တွင်းဂျာနယ်အချို့ကြောင့်မလိုလားသောရှုပ်ထွေးမှု့များ
ဖြစ်ပေါ်လာနိုင်ပေသည်။
ဒေါ်စုတည်းခိုမည့် ၀ါးသင်္ခအိမ်တွင် ကရင်လူငယ်များလုံခြုံရေးတာဝန်ယူ
မတ်လ ၃၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

“အန်တီနေမကောင်းလို့ နောက်ပြီး သူတည်းမယ့် အိမ်တစ်ခုထဲအတွက်မဟုတ်ဘူး။ သူသွားတဲ့နေရာမှာ နှုတ် ဆက်သူ တွေ လမ်းတစ်လျှောက်လုံး လမ်းမပိတ်အောင် မီဒီယာတွေက ပိတ်ပြီး ဓါတ်ပုံရိုက်တာတွေ မရှိအောင် တာဝန်ပေးထားတာလို့ သိရတယ် ” ဟု ရွေးကောက်ပွဲစောင့်ကြည့်မည့် သတင်းထောက်တစ်ဦးက ပြောသည်။
ပြည်ပရောက် မြန်မာ သန်းချီ မဲပေးခွင့်မရှိ
ဧပြီလ
၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ပရောက်
မြန်မာနိုင်ငံသားတွေကို မဲပေးနိုင်အောင် အစိုးရက မစီစဉ်ပေးဘူးလို့
ပြည်ပရောက် မြန်မာပြည်သားတွေက ပြောပါတယ်။

၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းက မဲပေးရပေမယ့် ၂၀၁၀
ရွေးကောက်ပွဲတုန်းကလည်း မဲမပေးခဲ့ရဘူးလို့ သူတို့က ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံတွေကြား ကျီးလန့်စာစား ဒုက္ခရောက်နေ
ကချင်နေ့စဉ်သတင်းမှ-ပြန်လည်ဖေါ်ပြသည်။
ပြီးခဲ့တဲ့
မတ်လ (၂၉) ရက်နေ့ မနက်က မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာ၊
ရန်အောင်ရပ်ကွက်မှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ
နမ္မားကျေးရွာနေ ဦးကံကောင်းဆိုသူ ရွှေကျင်လုပ်သား
တစ်ဦးသည် ဆွမ်ပရာဘွမ်မြို့နယ်၊ ဆွတ်ခါးကျေးရွာ မြောက်ဘက်ရှိ ရွှေမှော်မှ
ပြန်လာစဉ် ချောင်းစပ်အနီး မှာ ထောင်ထားတဲ့ ကေအိုင်အေအဖွဲ့ရဲ့
မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့ကာ မိုင်းစများထိမှန် ခဲ့ပြီး
မြစ်ကြီးနား ပြည်သူ့ဆေးရုံ မှာ တက်ရောက် ဆေးဝါး ကူသမှု ခံနေရကြောင်း
သိရှိရပါတယ်။နေအိမ်အတွင်း ဗလီဆောက်ဖို့ ကြိုးပမ်းသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံများ ဝိုင်းဝန်းဖြိုဖျက်
သတင်း-ဘားမားဗီဂျေ
ကျောက်ပန်းတောင်းမြို့

အခုလိုဖြစ်ပွားနေသည့် ပြဿနာအပေါ် ကျောက်ပန်းတောင်းမြို့နယ် နိုင်ငံရေးအသိုင်းအဝိုင်းက ပြောနေကြတာကတော့ “ အရင်တုန်းကတည်းက ကျောက်ပန်းတောင်းက လူမျိုးခြားကုလား လက်မခံတဲ့ မြို့ ဖြစ်တယ်၊ ညအိပ်ညနေတောင် လက်မခံဘူး။ အပြင်ဘက်မှာ ထွက်နေတဲ့အသံက ကျောက်ပန်းတောင်းမှာ ကုလားတွေ ဗလီ ဆောက်တယ်ဆိုပြီး သတင်းရလို့ မြို့ခံတွေ စုပေါင်းပြီး ဝင်ဖျက်နေတာ၊ လူထုက တသောင်းခွဲလောက် ရှိတယ်၊ ကားအစီး ၁၀၀ လောက် ရှိသွားပြီ၊ တကယ်က ကုလားနဲ့ ဘုန်းကြီးနဲ့ ပြဿနာဖြစ်တယ်ဆိုပြီးတော့ အသံထွက်နေတာ” ဟု မြို့ခံ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းအမှန်တကယ် ရပ်တန့်ပါပြီလော.။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်လွှတ်တော်သို့ ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းရန် အချက်(၁၀)ပါရှိသော
သဏ်လွှာကိုအောက်ပါအတိုင်းစာအမှတ်နေ့စွဲဖြင့်ပေးပို့ခဲ့သည်။
( ပြည်ထောင်စုသမ္မတနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့
ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ နိုင်ငံတော်သမ္မတ၏ အချက် (၁၀) ချက်........)
သို့သော်ယနေ့ထိတိုင် ဧရာဝတီ မြစ်ဆုံ ဆည်စီမံကိန်းနှင့်ပတ်သက်နောက်ဆက်တွဲသတင်းများသေချာစွာ
အစိုးရအဖွဲ့အစည်းများမှ ဆက်လက်ထုတ်ပြန်ကြေငြာခြင်းမရှိချေ။ သတင်းမီဒီယာများတွင်လည်းရေးသားဖေါ်ပြခြင်းမရှိချေ။ လောလောဆယ်အများ၏ အာရုံသည်
ဧပြီလတွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ နှင့်ပတ်သက်သောလှုပ်ရှားမှု့များတွင် အာရုံစိုက်နေကြရသည်။
Friday, March 30, 2012
အမျိုးသား နိုင်ငံရေးကိုသာ လုပ်မည်ဟု ဦးခင်ညွန့် ပြောကြား
- 28 Mar 2012 |ကိုခင်ညွန့်ကစကားပြောရင်သူ့ကိုယ်သူ "အဘ "စစ်တပ်အတွင်းခေါ်ဝေါ်သုံးစွဲတာလေးကအဖျောက်နိုင်သေးဘူးအကျုင့်ပါနေတုန်း။အခုလည်းမြန်မာစကား
- ကို အဓိပ္ပါယ်အနက်အမျိုးမျိုး ဖွင့်ဆိုပြောနေပြန်ပြီ "အမျိုးသားနိုင်ငံရေးတဲ့" ဒါဆိုရုပ်ရှင်မင်းသားကိုကျော်သူ လူမှု့ရေးလုပ်ငန်း အကျိုးဆောင်နေတာ ဟာအမျိုးသားနိုင်ငံရေးဖြစ်ပြီး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီနိုင်ငံရေးပေါ့။ ကိုခင်ညွန့်က
- စစ်တပ်ကပြုတ်တာ၊ ပါတီကို ဦးဆောင်နေတာ စစ်တပ်ကလက်ရှိ ဖြစ်နေတော့ စင်ပြိုင်လုပ်လို့မရဘူးလေ၊ ဟိုက ကိုခင်ညွန့်ကို ဆွဲစားသွားမှာပေါ့၊ ကိုခင်ညွန့်လည်းခေသူမှမဟုတ်တာ
- ထောက်လှမ်းရေးနံပါတ်တစ် ပြုတ်ပဲဟာ။ဒီလောက်တော့ပါးတာပေါ့နော်။အေးအေးနေပါအဘခင်ညွန့်ရယ်။

အမျိုးသား နိုင်ငံရေးအကြောင်း ဦးခင်ညွန့်က ပြောကြားရာတွင် " အမျိုးသား နိုင်ငံရေး ဆိုတာ ပြည်သူ ပြည်သားတွေ ကောင်းဖို့အတွက်လုပ် တာ၊ ပြည်သူ ပြည်သား တွေကို ထောက်ပံ့ဖို့ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာတွေ အကူအညီပေးဖို့ ဖြစ်တယ်၊ ကျွန် တော်တို့နိုင်ငံမှာ ဆင်းရဲတဲ့ပြည်သူ တွေ အများကြီး ရှိတယ်၊ သူတို့အတွက် ရွှေမှော်ဝန်းဖောင်ဒေးရှင်းကို ကျွန်တော်တို့ ယုံကြည်ပြီးလေးစား တဲ့သူတွေ ကျောက်တန်းဒေသကို အခြေပြုပြီး လုပ်သွားမယ်၊ နောက် တော့တိုင်းပြည်အတိုင်းအတာနှင့် လုပ်သွားမှာပါ" ဟုပြောကြားခဲ့သည်။
NLD မဲဆွယ်စည်းရုံးပွဲကို သွားရောက်နေတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာ ရွာလုံးကျွတ် မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်း
ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရွာလုံးကျွတ်
မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ လူမင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ရဲတိုက်၊ ဝိုင်း၊
ချစ်သုဝေ၊ လင်းလင်း၊ မာရဇ္ဇ စတဲ့ အနုပညာရှင်တွေက မဲပညာပေး
စည်းရုံးရေးခရီးစဉ်နဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းကို
လာရောက်ဖျော်ဖြေနေချိန်မှာ တရွာလုံး သွားရောက် အားပေးနေစဉ်
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြရန် ပြင်ဆင်သည့် အလုပ်သမားများနှင့် အာဏာပိုင်များ ရုန်းရင်းဆန်ခတ်ဖြစ်
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ကိုယ်တိုင်သွားကြည့်သူ တဦးကို နေ့လည် ၁၂ နာရီမှာ ဆက်သွယ် မေးမြန်းထားပါတယ်။
တရားခံထက်ထက်မိုးဦးအား ငွေဒဏ်ကျပ်တစ်ထောင် ပြစ်ဒဏ်ချမှတ်ခြင်းခံရ
![]() |
ယခင်အမှုခြိမ်းများတွင် တရားရှေ့၌တွေ့ ရသော ထက်ထက်မိုးဦး |
ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးနှင့်
သတင်းထောက် မအေးသူစံတို့အကြား ဖြစ်ပွားခဲ့သည့် အမှုနှင့်ပတ်သတ်၍ အပြီးသတ်
စီရင်ချက်ကို မတ်လ ၃၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးတွင်
အမိန့်ချမှတ်ခဲ့ရာ တရားခံ ထက်ထက်မိုးဦးသည် ငွေဒဏ် တစ်ထောင်ကျပ်သာ
ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရကြောင်း သိရသည်။
ထက်ထက်မိုးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထက်ထက်မိုးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ဖြစ်နေခဲ့တဲ့အခြေအနေတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် လက်ခံနိုင်တဲ့ အခြေအနေတွေ မဟုတ်ပါဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း နည်းလမ်းမကျတာတွေ၊ တရားမ၀င်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်တာကလည်း စိတ်မကောင်းစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်သတင်းစာရှင်းလင်းပွဲကျင်းပမည်
Thursday, 29 March 2012
သတင်းစာရှင်းပွဲသို့သတင်းယူရန်အတွက် ပြည်တွင်း၊ပြည်ပသတင်းစာဆရာများဝင်ခွင့်ကဒ်ထုတ်ယူနေကြစဉ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းကြည်သည် ကျမ္မာရေးကြောင့်
အနားယူနေရာမှ ကောင်းမွန်သက်သာလာပြီဖြစ်ကြောင်းသိရသည်။ မတ်လ(၃၀)ရက်နေ့ ယနေ့နံနက်(၉)နာရီအချိန်တွင်
ကြားဖြတ်ရွေးကောက်ပွဲသတင်းယူရန် ရောက်ရှိနေကြသော ပြည်ပမီဒီယာမှသတင်းစာဆရာများနှင့်
ပြည်တွင်းမီဒီယာမှသတင်းစာဆရာများကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့်
သက်ဆိုင်သော သတင်းစာရှင်းပွဲပြုလုပ်မည်ဖြစ်သည်။
မြန်မာ့မြစ်ကြီး (၄) စင်းအနီး ကုန်ကြမ်းမရှာဖွေရအမိန့် ပတ်ဝန်းကျင်ထိန်းသူတွေကြို

ဓာတ်ပုံ CIA World Factbook
မြန်မာပြည်ရဲ့ အဓိက မြစ်ကြီး လေးစင်းရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြစ်ကြောင်းအတွင်းနဲ့ မြစ်ကမ်းစပ်ကနေ ပေ (၃၀၀) အကွာ အတွင်းမှာ ကျောက်မျက်ရတနာ၊ ဓါတ်သတ္ထုနဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းတွေကို စမ်းသပ် ရှာဖွေ ထုတ်လုပ်ခြင်းမလုပ်ဖို့ သတ္ထုတွင်းဝန်ကြီးက ဒီနေ့ အမိန့်ကြော်ငြာ စာထုတ်ပြန်လိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက် နေသူတွေက သတိနဲ့ကြိုဆို လိုက်ပါ တယ်။
တဆက်တည်းမှာပဲ ဒီမြစ်ကြီးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် တည်ဆောက်နေတဲ့ ရေကာတာတွေကို ပြန်လည်ဆန်းစစ်ဖို့နဲ့ တည်ဆောက်တာတွေ ရပ်တန့်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။
လေးဖြူက ကြံ့ဖွံ့ပါတီကို မဲမပေးခဲ့၊ Envoy ဂျာနယ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်မည်
Email ThisBlogThis!Share to TwitterShare to Facebook

မတ် ၃၀၊ ၂၀၁၂(လေးဖြူ၏ သူငယ်ချင်း ဒီဇိုင်းဆရာ မျိုးဆွေသန်း၏ Facebook တွင် ရေးသားထားချက်များကို ကူးယူ ဖော်ပြပါသည်။)
လေးဖြူနဲ့ မြန်မာပြည်ဒီမိုကရေစီ
ပြီးခဲ့တဲ့နှစ်ရက်လောက်က ဖေ့ဘွတ်ခ်မှာ သီချင်းဆိုတဲ့ကိုလေးဖြူနဲ့ပတ်သက်လို့ သတင်းတစ်ခု တက်လာပါတယ်။
Envoy Journal က လေးဖြူနဲ့အင်တာဗျူးဆိုပြီး ၂၀၁၀ မှာ ကိုလေးဖြူက ကြံ့ဖွတ်ပါတီကို မဲပေးခဲ့ကြောင်း
အခု ၂၀၁၂ မှာ ဘယ်ပါတီကိုမဲပေးရမလဲမဆုံးဖြတ်ရသေးကြောင်း ဆိုတဲ့သတင်းကို အကြောင်းပြုပြီး
IC တစ်ဖွဲ့လုံးနဲ့ဆန့်ကျင်လျက် လေးဖြူက ၂၀၁၀ မှာ ဖွတ်ကိုမဲပေးခဲ့ကြောင်း Envoy Journal မှာ
တရားဝင်ထုတ်ပြောပြီဟု ခေါင်းစဉ်တပ်ပြီး ထပ်ဆင့်သတင်းတင်လာပါတယ်။လေးဖြူကိစ္စ ကျွန်တော်နဲ့မဆိုင်ပေမယ့် သူငယ်ချင်းဖြစ်လို့ ဒီသတင်း အခြေအမြစ်မရှိကြောင်း
မဖြစ်နိုင်ကြောင်းကို မှတ်ချက်လေးပေးလိုက်ပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြု
ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီးဦးကျော်ဆန်း၏လူရင်း
Thursday, March 29, 2012
နန်းဝိုးဖန် ထိုးသွားခဲ့တဲ့ အချက်ပေးခေါင်းလောင်း
[သွန်းနေစိုး] ရေးသားသည်။
ဒါပေမဲ့ ဒီ့ထက်မကတဲ့ သတိထားစရာတွေ ရှိနေတယ်။
သတင်းတွေကို လိုက်ဖတ်တယ်။
နန်းဝိုးဖန်က တရားလိုတဲ့။
သူ့ဆီက လူတစ်ယောက် မတရားအလွဲသုံးစားလုပ်သွားတာကို သူ တရားစွဲမိကာမှ ဘယ်နှယ့်လုပ် သူက ခံရရှာသလဲ?
ကျနော်တို့ တိုင်းပြည်က လည်သူ စားစတမ်းလား?
ဒါကို ထုံးတမ်းစဉ်လာတစ်ခုလိုဖြစ်မသွား စေချင်ဘူးဆိုရင် ကျနော်တို့အားလုံး ဒီကိစ္စကို လေးလေးနက်နက် ၀ိုင်းဝန်းဖို့ လိုမယ်။
ကိုလိုနီခေတ်အကျင့်ဆိုးတွေကို ဖျောက်ဆိုတဲ့စာတမ်းကို ကျနော်တွေ့ဘူးသလိုပဲ။
ဒါပေမဲ့ တကယ်တမ်း အဲဒီလို အကျင့်ဆိုးတွေ ဖျောက်နိုင်ရဲ့လား။
ကိုလိုနီခေတ်တုန်းက ပုလိပ်ဆိုတာတော့ အတော်ဆိုးတာပဲ။ ဂွင်ဖန်လိုက်တာကလည်း နူရာဝဲစွဲ လဲရာ ပုလိပ်ထောင်းခဲ့တယ်။
နန်းဝိုးဖန် အမှုကို တရားရင်ဆိုင်မည်ဟု ခင်ပွန်းသည်ပြော

ရန်ကုန် စုံစမ်း စစ်ဆေး ရေးရုံး ငါးထပ် တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံး သူ မနန်း ၀ိုးဖန်ရဲ့ ဈာပ နကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ တနာ ရီမှာ ရန်ကုန်မြို့ ထိန်ပင် သုသာန်မှာ သဂြိုဟ် မှာဖြစ်ပြီး တရား ဥပဒေ ကြောင်း အရလည်း ခင်ပွန်း သည်က ရင်ဆိုင်ဖို့ ပြင်ဆင်နေ ပါတယ်။
အိမ်ခြံမြေ ကိစ္စနဲ့ စပ်လျဉ်းပြီး အသက် ၁၉ နှစ် အရွယ် ရှမ်း အမျိုး သမီး မနန်း ၀ိုးဖန်ဟာ သိန်း ၅ ထောင် ထက် မနည်း တန်ဖိုး ရှိတဲ့ အိမ်ခြံ မြေပိုင် ဆိုင်မှုနဲ့ စပ်လျဉ်းပြီး စသုံးလုံး ရုံးမှာ မတ်၂၁ ရက်နေ့ ညနေ ကနေ နေ့ရော ညပါ စစ်ဆေး ခံရပြီး ၂၄ ရက်နေ့ မနက် ၅ နာရီ ခန့်မှာ ငါးထပ် တိုက်ပေါ်က ကျပြီး သေဆုံး ခဲ့ပါတယ်။ ရုပ် ကလာပ်ကို ထိန်ပင် သုသာန်မှာ မနက်ဖြန် သင်္ဂြိုလ်မှာ ဖြစ်တယ် လို့ မနန်းဝိုးဖန်ရဲ့ မိတ်ဆွေ ရှေ့နေ ဒေါ်အိ အိအောင် က ပြောပါ တယ်။
အလဲဗင်းမီဒီယာသို့ပြည်သူ့အော်သံ သဘောထား မေးလ် ပေးပို့ခြင်း
Eleven Media Group ၏ သတင်းနှင့် ဓါတ်ပုံများကို အင်တာနက်
ဝက်ဘ်ဆိုဒ်အချို့တွင် အပိုဒ်လိုက် သော်လည်းကောင်း၊ တစ်ပုဒ်လုံး
သော်လည်းကောင်း ခွင့်ပြုချက်မရှိဘဲ ကူးယူ
ဖော်ပြခြင်းများကို တွေ့ရှိနေရပါသည်။ သတင်းမီဒီယာတစ်ခုကဲ့သို့ website
တစ်ခုတည်ဆောက်ပြီး EMG ၏ သတင်းများကို ရေရှည်ကူးယူသုံးစွဲနေခြင်းအား
ခွင့်မပြုပါ။
အထက်ပါသတိပေးချက်နှင့်ပတ်သက်သော ပြည်သူ့အော်သံ သဘောထား နှင့် ပြန်စာအား
အလဲဗင်း မီဒီယာသို့ပေးပို့ပြီးဖြစ်ပါတယ်။ (ပြည်သူ့အော်သံသို့လာရောက်သောမိတ်ဆွေများသိရန်ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်။)
အလဲဗင်း မီဒီယာသို့ပေးပို့ပြီးဖြစ်ပါတယ်။ (ပြည်သူ့အော်သံသို့လာရောက်သောမိတ်ဆွေများသိရန်ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်။)
သို့ ၊
အယ်ဒီတာ.
လေးစားစွာဖြင့် သိစေအပ်ပါတယ်။
ပထမဦးစွာ အလဲဗင်းသတင်းမီဒီယာမှ ပြည်တွင်းနှင့်ပတ်သက်သောအေ၇းကြီးသတင်း(သို့)မြန်မာနိုင်ငံသားတိုင်း၊ ပြည်သူများသိသင့်သည့်
သတင်းများကို မူယင်းအတိုင်းကူးယူဖေါ်ပြခဲ့ပါတယ်။
ထိုသို့ကူးယူဖေါ်ပြရခြင်း၏ရည်ရွယ်ချက်များကို
သိရှိစေလိုပါတယ်။သို့သော်လည်းနောက်နောင်ဖေါ်ပြတော့မည်မဟုတ်ကြောင်းသိစေအပ်ပါတယ်။
ကော့မှူးကြံ့ဖွံ့၏ မဲထည့်နည်း ပယ်မဲသဘောဆောင်ဟု မြို့ခံများပြောဆို

မြို့ခံအမျိုးသမီးကြီးတစ်ဦးက “ဒီနေ့ ကြံ့ခိုင်ရေးပါတီက မဲထည့်ပုံ၊ ထည့်နည်းအကြောင်းပြောတယ်။ ဒေါ်စုကိုကြိုက်ရင် အမှန်ခြစ်ပြီး ကြံ့ ခိုင်ရေးကို မကြိုက်ရင် အမှားခြစ်ထည့်ခိုင်းတယ်။ ကြံ့ခိုင်ရေးကို မကြိုက်လို့ အမှားခြစ်ခိုင်းမှတော့ ဒါ ပယ်မဲ ဖြစ်သွားမယ်လေ။”ဟု ပြော သည်။
ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေ ရောက်ရှိ
မြန်မာနိုင်ငံမှာ ဧပြီလတစ်ရက်နေ့ကျရင် ကျင်းပမယ့်
ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ဖို့အတွက် အခုဆိုရင် နိုင်ငံတကာ
အဖွဲ့တွေ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီ။ ဖိတ်ကြားထားတဲ့ အတိုင်းပဲ
နိုင်ငံတကာ သံတမန်တွေနဲ့အတူ သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ပါဝင်လာကြပါတယ်။
အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို
စောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို
ရောက်နေပါပြီ။
အနုပညာရှင်များ၏ စည်းရုံးရေးနှင့်မဲသရုပ်ဖော် ခရီးစဉ်
ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည်
တိုင်းပြည်တည်ဆောက်ရေးအတွက်အမှန်တကယ်မဟုတ်သောလုပ်ငန်းများ(သို့) ကြွေးမြီပြဿနာများကြောင့် ပြည်သူများသုံးစွဲနိုင်ခြင်းမရှိသည့်စီမံကိန်းများ။
၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်းမြန်မာမှ တရုပ်ထံချေးငွေ အမေရိကန်ဒေါ်လာသန်း သုံးထောင်ကျော်နှင့် တရုတ်ယွမ်ငွေသန်း နှစ်ထောင်နီးပါး ချေးငွေရရှိခဲ့ပြီး လျပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် ချေးငွေပမာဏမှာ အများဆုံးဖြစ်ကြောင်း သိရ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ထုတ်ပြန်ချက်စာရင်း |
Wednesday, 28 March 2012 12:25 |
|
တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
ရခိုင်ပြည်နယ်ရှိ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခွင်တစ်နေရာကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်
Wednesday, 28 March 2012 10:54 |
တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့
ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ
ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ
စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မတ်လ ၂၂ ရက်နေ့တွင်
ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ''ရေဖြူ မဲဆန္ဒနယ်က ဦးဝင်းဦး ဆွေးနွေးသွားတဲ့ နိုင်ငံတော်ဘက် စဉ်းစားပြီးတော့ အခုလုပ်တဲ့ Project တွေမှာ နိုင်ငံခြားသားတွေ သူတို့ရဲ့ အချိုးဟာ ဘယ်လောက် များတယ်၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ပြည်တွင်းက လုပ်သားတွေ အင်အားကတော့ နည်းတယ်စသည်ဖြင့် ထောက်ပြ ဝေဖန်သွားတာ ရှိပါတယ်။ |
အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းနေသည့် ကာလအတွင်း ယင်းအမျိုးသမီး ငါးလွှာမှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွား ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ်

Wednesday, March 28, 2012
ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်နိုင်ရေး ပြည်သူသာအဓိကလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် သူရဦးတင်ဦး စကားပြောကြားနေစဉ်။( သတင်း-အာအက်ဖ်အေ)
မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ ပြည်သူအများ လိုလားနေတဲ့
ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် အဓိက
ဆောင်ရွက်ပေးနိုင်မယ့် အင်အားစုတွေဟာ ပြည်သူတွေသာ ဖြစ်တယ်လို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ကျင်းပတဲ့ ၆၇ နှစ်မြောက်
ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က
သ၀ဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။
နိုင်ငံရေးမှာ တပ်မတော် ဆက်လက်ပါဝင်သွားမည်

ဓာတ်ပုံ ASSOCIATED PRESS
သတင်း-ကိုကျော်ကျော်သိန်း
မြန်မာနိုင်ငံမှာ တပ်မတော်က ဦးဆောင်မှုကဏ္ဍမှာရှိနေတာကို သဘောတူပေမဲ့
အဲဒီအချက်ကြောင့် တပ်မတော် က နိုင်ငံကို အုပ်ချုပ်မယ် ဆိုတာမျိုးကိုတော့
သဘောမတူဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးက ပြောပါ
တယ်။ တပ်မတော်ဟာ တိုင်းပြည် ကာကွယ်ရေး တာဝန်ကိုပဲ ယူသင့် တယ်လို့
တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသလို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့
ခေါင်းဆောင် တဦးကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မျှော်ကိုးပြီး
ပုံစံတကျမဟုတ်သေး တဲ့ နိုင်ငံရေး ဖြစ်စဉ်တခု ကို ဖြတ်သန်းနေရတာဖြစ်တယ်လို့
ပြောပါတယ်။
၆၇ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့ မိန့်ခွန်းပါ အချက်တချို့ အပေါ် အခုလို တုံ့ပြန်ချက် အသီးသီးကိုတော့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ စုစည်းပြီး တင်ပြ ထားပါတယ်။
၆၇ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့ မိန့်ခွန်းပါ အချက်တချို့ အပေါ် အခုလို တုံ့ပြန်ချက် အသီးသီးကိုတော့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ စုစည်းပြီး တင်ပြ ထားပါတယ်။
ကုလကိုယ်စားလှယ်အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ စေလွှတ်မည်

မြန်မာနိုင်ငံမှာ ရှေ့တပတ်ထဲ ကျင်းပမယ့် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် အကဲခတ်ဖို့အတွက် ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်မယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရုံးချုပ်ရှိရာ နယူးယောက်က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး လေ့လာတွေ့ရှိချက်တွေကိုတော့ ခရီးစဉ်အပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အစီရင်ခံသွားမှာ ဖြစ်တယ်လို့လည်း Inner City Press သတင်းဌာနကို အတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောလိုက်တာပါ။ (By ဗွီအိုအေ)
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း
၂၀၁၂ခုနှစ်
မတ်လ ၂၆ရက်နေ့တွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ အန်အယ်လ်ဒီပါတီ
ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်ရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်းကို
ဗဟန်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးသန်းထွန်းမှ လက်ခံခဲ့ကြောင်း
သိရှိရသည်။
“
ကျွန်တော်တို့ အမှုဖွင့် တရားစွဲဆိုတာကို ဗဟန်းမြို့နယ် တရားရုံးက
တရားသူကြီး ဦးသန်းထွန်းက လက်ခံခဲ့တယ် အဲ့တော့ ဧပြီလ ၅ရက်နေ့ကို
ပြန်ချိန်းထားတယ် အမှုတင်သင့် မတင်သင့်ကို အဲ့ရောက်မှ ဆုံးဖြတ်ဖို့ပေါ့ “ ဟု
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအုန်းလွင်က ပြောသည်။
ကော့မှူးမှာ ၀န်ကြီးဟောင်းတွေကိုယ်တိုင် မဲဆွယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေကြေးပစ္စည်းတွေနဲ့မဲဆွယ်နေသလို၊
ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့
စာရွက်စာတမ်း ဖြန့်တဲ့လုပ်ရပ်တွေ ရှိနေပြီး၊ စစ်အစိုးရလက်ထက်က
ဝန်ကြီးဟောင်းတချို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေ
ပါဝင်မဲဆွယ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ရွေးကောက်ပွဲ သတင်းယူမယ့်သူတွေ လိုက်နာရန် အချက်များ ပြန်ကြားရေးက စတင်ဖြန့်ဝေ
![]() |
ဓါတ်ပုံ (ရိုက်တာ) |
ပြည်တွင်း သတင်းသမားတွေအတွက် စာပေစိစစ်ရေး ဌာနက သတင်းထောက် ကတ် ထုတ်ပေးရင်း ဖြန့်ဝေသွား မှာ ဖြစ်ပြီး၊ ပြည်ပ သတင်းထောက်တွေ ကိုတော့ ရန်ကုန်လေဆိပ်က လူဝင်မှု ကြီးကြပ်ရေး ကောင် တာနောက်မှာ ပြန်ကြားရေးကောင် တာ ဖွင့်ပြီး ထုတ်ပေးမှာဖြစ်ပါတယ်။
Tuesday, March 27, 2012
မြန်မာဒုက္ခသည် ဂျပန် တိုးမြှင့်ခေါ်ယူမည်
စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့်
တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည်
အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ
ဖြစ်ပါသည်။
သမ္မတကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများသို့  ရဲတပ်ဖွဲ့ ဝင်တဦး၏(ပေးစာ)
ကျွန်တော်ဟာရဲတပ်ဖွဲ.ဝင်တစ်ယောက်ပါ။ကျွန်တော်တို့ရဲတပ်ဖွဲ.ကိုဝင်ေ၇ာက်စဉ်က
ရဲတပ်ဖွဲ.မှာအနည်းဆုံး(၅)နှစ်တာဝန်ထမ်းဆောင်ရမယ်။လုပ်သက်(၅)နှစ်ပြည့်လို့မှ
ဆက်မလုပ်ချင်ဘူးဆို၇င်ရဲတပ်ဖွဲ.မှနှုတ်ထွက်နိုင်တယ်ဆိုပြီးဝန်ခံလက်မှတ်ရေးထိုး
ရပါတယ်။
ဒါပေမယ့်အခုရဲတပ်ဖွဲ.မှာကျင့်သုံးနေတာကလုပ်သက်(၅)နှစ်ပြည့်ရုံမပြောနဲ့ ၊ လုပ်သက်(၃၀)ပြည့်တာတောင်လုံးဝထွက်လို့မ၇ပါဘူး။လုပ်ချင်သည်ဖြစ်စေ၊
မလုပ်ချင်သည်ဖြစ်စေဆက်လက်တာဝန်ထမ်းဆောင်ရပါတယ်။
လွတ်လပ်တဲ့ နိုင်ငံသား အခွင့်အရေး ပိုင်ဆိုင်ခွင့် ရှိသည်ဟု ကိုမင်းကိုနိုင် ဆို
မိန့်ခွန်း ပြောကြားနေသော ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်

လက်ကမ်းနေတဲ့ အချိန်မှာ မြို့နယ်အဆင့် ဒေသဆိုင်ရာ အဆင့်လောက်ကနေပြီးတော့ ပြည်သူ့ ခေါင်းကို ပြည်သူ့ လည်ပင်းကို အမိန့် အာဏာတွေနဲ့ တက်နင်းထားတဲ့ အပြု အမူမျိုးကိုတော့ လုံးဝ လက်မခံပါနဲ့လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်း
လပွတ္တာမြို့နယ် အမှတ် ၉ ရပ်ကွက် ကိုးနဝင်း ပရိယတ္တိ စာသင်တိုက်မှာ ပြုလုပ်တဲ့ မဇ္ဈိမအလင်း ပညာဒါန အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်လှစ်ပွဲ အခမ်းအနားတွင် တိုက်တွန်း ပြောကြား လိုက်ပါတယ်။
ဗီဒီယိုဖိုင်ကိုဆက်ကြည့်ရန်-
နာမည်ကျော်များ NLD ကို မဲပေးကြမယ်
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာလိုပါတော့တယ်။ ဒီလိုအချိန်မှာ လူသိရှင်ကြား ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေက NLD ပါတီကို မဲပေးကြမယ်ဆိုတာ အတိအလင်းပြောနေကြပါတယ်။
ဒီအထဲမှာ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ လူမင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးပါဘူး။
ဘာကြောင့် ၂၀၁၀ တုန်းက ဆန္ဒမဲ မပေးခဲ့ရတာကိုလည်း The Ladies ဂျာနယ်မှာ လူမင်းက “မဲမပေးဘူးဆိုတာက သိပ်လည်း စိတ်မ၀င်စားဘူး။ ပြီးရင် ဒီလိုဘဲ ဖြစ်မယ်ဆိုတာ ကြိုသိနေတော့ မဲပေးခြင်း၊ မပေးခြင်းအပေါ် စိတ်လည်း မ၀င်စားဘူး။ ထင်ထဲအတိုင်းဘဲ ဖြစ်သွားတာဘဲ”လို့ ဖြေကြားထားတယ်။
ကလေးငယ်ကို လစ်လျူရှူကြတဲ့ တာဝန်မဲ့တဲ့ ဗဟန်းရဲစခန်းက ရဲတွေကို အရေးယူပေးပါ။

ယနေ့  (၂၅.၃.၂၀၁၂) ရက်နေ့  တနင်္ဂနွေ နေ့ တွင် ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်းအနီး၌ အသက် (၈) နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၄င်းတို့ တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် ကိုသံချောင်းမှ ကလေးငယ်အား လမ်းဘေးတွင် ပြန်လည်စွန့် ပစ်ထားရစဉ် ဥပေက္ခာ မပြုနိုင်သော လမ်းသွားလမ်းလာများမှ ငွေကြေး စုဖွဲ့  ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို့  အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
မြန်မာပြည်မြေပေါ်က အဖိုးတန် သဘာဝပစ္စည်းတွေ ဘယ်ရောက်ကုန်ကြပြီလည်း။
မြန်မာပြည်ရဲ့  သဘာဝသစ်ပင်ကြီးတွေထဲက ၀က်သစ်ချပင်အကြောင်း အကျဉ်းချူပ်ပြောရရင် ၀က်သစ်ချပင်(oak tree) ဟာ နွေဦးမှာ အထူးသဖြင့် မေလမှာ သစ်ရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ ဆောင်းဦးမှာ အရွက်တွေခြောက်သွားရင်တောင် ကြွေမကျဘဲ အင်မတန်ခိုင်န့် တဲ့ သစ်ပင်ကြီးမျိုး ဖြစ်ပါတယ်။ ၀က်သစ်ချပင် အခက်လေးတွေကို အိမ်တွေမှာ ကျန်းမာစေတယ် လာဘ်ရွှင်စေတယ်ဆိုတဲ့ ယုံကြည်မှုနဲ့  ဆောင်ထားလေ့ရှ်ိကြပါတယ်။
မြန်မာပြည်ရဲ့  တန်ဖိုးမဖြတ်နိုင်တဲ့ သစ်ပင်ကြီးမျိုးတစ်ခုဖြစ်တဲ့ ၀က်သစ်ချပင်ကြီးတပင်ရဲ့  အင်မတန်ကြီးမားလှတဲ့ ပင်စည်အမြစ်ကြီးကို ဒီလဆန်းပိုင်းမှာ တူးဖေါ်ရရှိခဲ့ပါတယ်။
Monday, March 26, 2012
အိမ်မှာပဲ လောလောဆယ် အနားယူနေ
တနင်္လာ, 26 မတ် 2012voa သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကျန်းမာရေး အခြေအနေ တိုးတက်လာနေပြီ ဖြစ်ပေမဲ့ အိမ်မှာပဲ လောလောဆယ်
အနားယူနေပြီး ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဆိုင်ရာ
ခရီးစဉ်တွေအားလုံးကိုတော့ ဖျက်ထားလိုက်ပြီလို့ NLD ရဲ့ ရွေးကောက်ပွဲဆိုင်ရာ
အဓိက တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။ တချိန်ထဲမှာပဲ ကချင် ပြည်
မဲဆန္ဒနယ် သုံးခုမှာ ရွေးကောက် ပွဲ တွေကျင်းပရေး ဆိုင်းငံ့ထားဖို့
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးတဲ့ နောက် ရွေးကောက်ပွဲ
ဖြစ်မြောက်ရေးကိစ္စကို ကေအိုင်အေ၊ ကေအိုင်အို (KIA/KIO) အဖွဲ့နဲ့ ဆွေးနွေး
ညှိနှိုင်းဖို့ NLD က ဆန္ဒရှိတယ်လို့ ပြောပါတယ်။
မန္တလေး ကြံ့ဖွံ့ တဦး ဗိုလ်ချုပ်နှင့် ဒေါ်စု ဓါတ်ပုံကို စော်ကားပြောဆို
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်းပြော
Sunday, March 25, 2012
အစိုးရ၏ NLD အပေါ်သဘောထား


မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၂ နှစ်က ၂၀၁၀ ရွေးကောက်ပွဲဟုကျင်းပခဲ့ပါတယ်။
၎င်းရွေးကောက်ပွဲကျင်းပစဉ်က မြန်မာနိုင်ငံလူမှု့အင်းအား၏စာရင်းဇယားများ တိကျစွာကောက်ခံဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် ၂၀၁၀ရွေးကောက်ပွဲအား
တိကျသော လူနေမှု့စာရင်းဇယားများနှင့်မှန်ကန်စွာကျင်းပခဲ့ခြင်းမဟုတ်။အစဉ်ပြေလက်သင့်သလို မိမိတို့လိုရာလုပ်ကိုင်ခဲ့မှန်းသိသာလှသည်။ တိုင်းပြည်တခု၏အခြေခံလူအင်အားစာရင်းဇယားများ ကို ၂၀၁၀ကေ၇ွးကောက်ပွဲအတွက်တကြိမ်၊ ယခုအတွက်တကြိမ် ထိုနှစ်ကြိမ် သည် ၂ နှစ်အတွင်း လူများ၏
သေစာရင်းမွေးစားရင်း တိကျစွာ လုပ်ဆောင်နိုင်ခြင်းမရှိခြင်းလော၊
ဆယ်တန်း ကျောင်းသူလေး မမေသူအောင် အား ပြည်သူ့ရဲဝန်ထမ်းတို့၏ အာဏာပြ ခြိမ်းခြောက်မှု ၊ ငွေညှစ်တောင်းရမ်းမှု့ ကာယကံရှင်ပြောပြချက်(ဗီဒီယိုဖိုင်)
Posted by
Co2zeиith
အကြောင်းအရာ
သတင်း
မိတ္ထီလာမြို့ ပျဉ်သာအုပ်စု ပျဉ်သာကျေးရွာနေ အဖ ဦးပေါ်ဦး အမိ ဒေါ်မြခင်တို့၏ သမီးဖြစ်သူ မမေသူအောင် ၁၀တန်းကျောင်းသူသည် ရွှေရင်မျှော် ဘုရားသို့သွားရောက်ပြီး ပြန်အလာ ရွာကြီးဇရပ်နားအရောက် နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် နေပူပြင်းသဖြင့် ဆိုင်ကယ်မောင်းနေစဉ် နှာခေါင်းသွေးယိုကျလာသောကြောင့် ရုတ်တရက် လန့်ကာ ဆိုင်ကယ်အရပ်တွင် လဲကျသွားခဲ့ပါသည်။ထိုအခါ အနီးနားတွင် လမ်းပြင်နေကြသော အလုပ်သမားများမှလမ်းကြုံကားတစ်စီးဖြင့် သာစည်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ပါသည်။ သာစည်ဆေးရုံမှ လိုအပ်သော ကုသမှုများ ယာယီပြုလုပ်ပေးခဲ့ပြီး မန္တလေး ဆေးရုံသို့သွားရောက်၍ ၄ ရက်ကြာ တက်ရောက်ကုသခဲ့ရပါသည်။
ထိုအချိန်တွင် မမေသူအောင် နေထိုင်သော မိတ္ထီလာမြို့ ပျဉ်သာကျေးရွာရှိ နေအိမ်သို့ ရဲဝန်ထမ်း ဒုရဲအုပ်အောင်ဇော်ဦးနှင့် အာကာပြည့်တို့ နှစ်ဦးနှင့် ရ၀တ ရုံးမှ လူနှစ်ဦးတို့ ရောက်ရှိလာပြီး မမေသူအောင် ၏မိခင်အား မမေသူအောင်နှင့် ဆိုင်ကယ်ကို အပ်ရန် နှင့် လူကို အာမခံနှင့်ခေါ်ရန် မခေါ်လျှင် ဖမ်းဆီးမည် ထောင်ချမည် ကလေးထောင်ပို့မည်ဟု ခြိမ်းခြောက် ခဲ့ပါသည်။ဒုရဲအုပ် အောင်ဇော်ဦးမှလည်း ပြစ်မှု- ၃၃၇ ဖြင့် တရားစွဲဆိုရန်အတွက် မမေသူအောင်နှင့် ဆိုင်ကယ် ကို ရဲစခန်းသို့ စေလွှတ်ရန် အကြောင်းကြားစာကိုလည်း (၁၈.၂.၂၀၁၂) ရက်စွဲဖြင့်တစ်ကြိမ်
(၂၇.၂.၂၀၁၂)ရက်စွဲဖြင့်တစ်ကြိမ် နှစ်ကြိမ် ပေးပို့ကာ ရဲစခန်းသို့ဆင့်ခေါ်စာများကိုပေးပို့ခဲ့ပါသည်။ အမှန်မှာ မမေသူအောင် ဆိုင်ကယ်လဲသော ကိစ္စသည် မည်သူတစ်ဦးတစ်ယောက်မှ ၀င်တိုက်ခြင်းမရှိသလို ပစ္စည်းတစ်စုံတစ်ရာမှလည်း ထိခိုက်ခဲ့ခြင်းမရှိခဲ့ပါ၊၊ ကျန်းမာရေးကိစ္စရုတ်တရက်ပေါ်ပေါက် လာ၍သာ ဆိုင်ကယ် လဲသွားခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပြစ်မှု-၃၃၇ နှင့် ငြိစွန်းခြင်းမရှိပါဟု ဥပဒေအကြောင်းနားလည်တတ်ကျွမ်းသော လူများက သုံးသပ်ခဲ့ပါသည်။ ဒုရဲအုပ် အောင်ဇော်ဦးမှ ဆိုင်ကယ် သိမ်းလိုသဖြင့်
ခေါ်ယူဆွေးနွေးမှုပြုခြင်းဖြစ်ပါသည်။
ထို့နောက် ဒုတိယအကြိမ်ထပ်မံ၍ ရဲအရာရှိနှစ်ဦးက ပျဉ်သာကျေးရွာရှိ မကြူ၏ဆိုင်တွင်အရက်သောက်ရင်း မမေသူအောင်၏ အဘွားဒေါ်မြရင်အား အရက်ဆိုင်သို့ခေါ်ပြီး
ထပ်မံငွေညှစ်တောင်းရမ်းခဲ့ပါသည်။
မမေသူအောင် စာမေးပွဲဖြေဆိုရန်ကျောင်းသွားစဉ်တွင် အနောက်မှလိုက်ပြီး ငွေတောင်းရမ်းရာတွင် မရ၍ ဖမ်းဆီးပြီးထောင်ချမည်၊ ကလေးကျဉ်းထောင်ပို့မည် ဟုထပ်မံခြိမ်းခြောက်ခဲ့ပါသည်။ ထို့အတွက်ကြောင့် မမေသူအောင်မှာ စာမေးပွဲကိုတစ်ရက်သာ ဖြေဆိုနိုင်ခဲ့ပြီး ရဲများ၏ ခြိမ်းခြောက်မှုကို မခံနိုင်လွန်းသည့်အတွက် တိမ်းရှောင်ပုန်းနေခဲ့ရပါသည်။
ပြည်သူ့ရဲဝန်ထမ်းတို့၏ အာဏာပြ ခြိမ်းခြောက်မှု ၊ ငွေညှစ်တောင်းရမ်းမှု ကြောင့် နောင်နှစ်တွင်တက်ရောက်ခွင့်ရမည့် တက္ကသိုလ်အား မမေသူအောင်လွဲချော် ခဲ့ရပါသည်။ ကျောင်းသားအခွင့်ရေးစာမေးပွြဲေ ဖဆိုမှုလက်လွှတ်းခဲ့ရသည်။
ဆင်းရဲလှသော တောင်သူလယ်သမား မျိုးရိုးဖြစ်သောကြောင့် တစ်နှစ်တာ အတန်းပညာရေးကို
ခက်ခက်ခဲခဲ သင်ယူထားခဲ့ရသော်လည်း စာမေးပွဲကို ဆုံးအောင် ဖြေဆိုခြင်း မပြုနိုင်တော့ပါ။ မမေသူအောင်၏ အဖွားဖြစ်သူဒေါ်မြရင်မှာလည်း ရဲအရာရှိများ ၏ ခြိမ်းခြောက်မှု ၊ ငွေတောင်းရမ်းမှု ၊ စိုးရိမ်မှုတို့ကြောင့် စိတ်သောကများ၍ အိပ်ယာထဲ လဲနေရပါသည်။စီးပွားရေးချို့တဲ့၍ ဆင်းရဲနွမ်းပါးသောကြောင့် ရဲများ၏ ဥပဒေဆိုင်ရာ ခြိမ်းခြောက်
ပြောဆိုမှုအား ဥပဒေနှင့်ညီမညီ ဥပဒေနှင့်သက်ဆိုင်သော အကြံဥာဏ်အကူညီများကို
စေတနာဖြင့် ဆောင်ရွက်ပေးမည့်သူများ လိုအပ်လျှက်ရှိပါသည်။
အပြစ်မဲ့သော ကျောင်းသူမလေး မှာ ခက်ခဲစွာသင်ယူ ရင်းနှီးမြှုပ်နှံ ထားရသော တစ်နှစ်တာပညာရေး ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်းကို မိဘပြည်သူများသိရှိစေရန်၊ အမှုမှန်အတိုင်းဖြစ်ပေါ် စေရန် နှင့် အာဏာအလွဲသုံးစားပြုလုပ်သော ရဲဝန်ထမ်းများအား အရေးယူဆောင်ရွက်ပေးစေရန်မိသားစုနှင့်တကွ ဒေသခံများမှလိုလားလျှက်ရှိပါသည် ။
ကြားဖြတ်ရွေးကောက်ပွဲအတွက်နိုးဆော်ချက်
မြန်မာနိုင်ငံကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရက်အနည်းငယ်မျှသာလိုပါတော့သည်။
ယခုကျင်းပမည့်ရွေးကောက်ပွဲ တွင်ပြည်သူများအနေနှင့် ၈၈၈၈၊ ၁၉၉၀ ၊၂၀၁၀ ရွေးကောက်ပွဲများမှ လက်လွှတ်ဆုံးရှုံးခံလိုက်ရသော ပြည်သူများ၏ အခွင့်အရေးကိုပြန်လည်ရယူရန်ဖြစ်သည်။
၁၉၈၈ တွင် မဆလ အာဏာရှင်တစ်ပါတီ စနစ်ကိုတိုက်ဖျက် ယင်းအသက်ပေးလှုသွားခဲ့ကြသည့် အာဇာနည်များ၏ ပေးဆပ်မှု့တွေကို ပြန်လည်ရယူမည့် ရွေးကောက်ပွဲဟုဆိုလျှင်လည်းမှားမည်မထင်ပေ။

၁၉၈၈ တွင် မဆလ အာဏာရှင်တစ်ပါတီ စနစ်ကိုတိုက်ဖျက် ယင်းအသက်ပေးလှုသွားခဲ့ကြသည့် အာဇာနည်များ၏ ပေးဆပ်မှု့တွေကို ပြန်လည်ရယူမည့် ရွေးကောက်ပွဲဟုဆိုလျှင်လည်းမှားမည်မထင်ပေ။
ဘင်္ဂလာ၌ အဖမ်းခံ စစ်ဗိုလ်ကို မြန်မာက လက်ခံရန်ငြင်း
စနေနေ့၊ မတ်လ 24 ရက် 2012 ခုနှစ်
နိရဉ္စရာ သတင်းဌာန

နစကနှင့် ဘင်္ဂလာ ဘီဂျီဘီ ယခုလို မကြာခဏ တွေ့ဆုံသော်လည်း နယ်စပ် ပြဿနာ အများအပြား ရှိနေဆဲ။ ဖမ်းဆီးခံရသူမှာ မြန်မာနိုင်ငံသားမှာ သန်းမောင်လှ ( အသက် ၃၈ နှစ်) ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတွင်းသို့ ၀င်ရောက်လာစဉ် ဘင်္ဂလာဒေခ်ျ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့မှ ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ခေါင်းတုံးဒေသတွင် မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီက ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
နာယကကြီး ဦးတင်ဦး ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်
![]() |
နာယကကြီး ဦးတင်ဦး ဟောပြောပွဲကိုလာရောက်တဲ့ ဒေသခံတဦး |
ခက်ခဲကြမ်းတမ်းတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်မြို့ ခရီးစဉ် ပထမနေ့  (ရုပ်/သံ)
Mar 24, 2012 10:41pm
၂၄ မတ်လ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ စည်းရုံးရေး ခရီးစဉ် သတင်းမြင်းကွင်း။ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် စက်လှေဘေးကနေ လှေတစ်စီးနဲ့ တောက်လျှောက် လိုက်ပါသတင်းယူခဲ့ပြီး ကွန်နက်ရှင် အခက်အခဲကြားက တညလုံး သတင်းအရုပ်တွေ ရောက်အောင် ပေးပို့ခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ခွန်ခေါင်ရဲ့ ခရီးစဉ်သတင်းပေးပို့ချက်ကို မူရင်းစာသားအတိုင်း ပူးတွဲတင်ပြလိုက်ပါတယ်။
ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း အမျိုးသမီး တရား ရုံးပြောင်းလျှောက်မှု ဆုံးဖြတ်မည်
- 24 Mar 2012 |By The Voice Journal

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက် သရုပ်ဆောင် ၁၄ ဦး ပဏာမရွေးချယ်
2012-03-24သတင်း-FRA
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားအတွက်
ဇာတ်ညွှန်းရေးသားတဲ့အဖွဲ့ကို ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း၊
မင်းထင်ကိုကိုကြီး၊ ဇာဂနာ တို့နဲ့အတူ စာရေးဆရာတွေဖြစ်တဲ့ ချစ်ဦးညို၊
ငြိမ်းမင်း ၊ ဇော်သက်ထွေးတို့နဲ့
ဖွဲ့စည်းခဲ့ပြီး ဇာတ်ညွန်းအတွက် ၀ိုင်းဝန်း အကြံပေးကြဖို့လည်း
ဖိတ်ခေါ်ထားပါတယ်။
Subscribe to:
Posts (Atom)