Wednesday, June 27, 2012

မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြင်သစ်ခရီးစဉ်။

ယနေ့  ပြင်သစ်နိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံ Elysee Palace နန်းတော်မှာ ညစာစားပွဲနဲ့  ဂုဏ်ပြုတည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့  ညနေမှာ ပြင်သစ်နိုင်ငံရဲ့  နာမည်ကျော် Gardens of the Quai d'Orsay မှာ "tree of liberty" အထိမ်းအမှတ်သစ်ပင်စိုက်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဂွမြို့တွင် ဖမ်းမိသော ဘင်္ဂါလီ တစ်ရာခန့် ကို စစ်ဆေးရန် သံတွဲ ရဲစခန်းသို့ ပို့ဆောင်ပြီ



ဘင်္ဂါလီလူမျိုး တဦးအားတွေ့ ရစဉ် ဓါတ်ပုံ-Google Images
ရခိုင်ပြည်နယ် ဂွမြို့  အနီးတွင်ရှိသော ကျွန်းတစ်ကျွန်းတွင် တရားမ၀င် ၀င်ရောက် လာသည့် ဘင်္ဂါလီလူမျိုး ၁၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမ၀င် ၀င်ရောက်လာသည့် လူများအနက် အချို့ကို စက်လှေတစ်စင်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ဂွမြို့တွင် ငါးဖမ်းရှာနေသည့် ဒေသခံရေလုပ်သား အချို့က

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် ခရီးစဉ် စတင်

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား  ပြင်သစ် နိုင်ငံမှ နိုင်ငံတော် အထူး ဧည့်သည် အဖြစ်ကြို ဆိုမည်။
ဒေါ်အောင်ဆန်း စုကြည်ရဲ့ သမိုင်း ၀င် ပြင်သစ် ခရီးစဉ်ကို ယနေ့နေ့ လည်ပိုင်းတွင် အင်္ဂလန် နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့  ရထားဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ညနေပိုင်းတွင် ပြင်သစ်သမ္မတကကြိုဆိုတွေ့ဆုံပြီး Elyseeနန်းတော်မှာ ပြင်သစ်သမ္မတနှင့် ညစာစားပြီး သတင်းစာရှင်းလင်းပွဲတရပ်ပြုမှာဖြစ်ပါတယ်။

ယနေ့ ပြင်သစ်နိုင်ငံအစိုးရ ဧည့်သည်တော်အဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့  Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..

ပြင်သစ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..(ဓါတ်ပုံ သတင်း)

ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦး အမွေဆိုင်အိမ်ကိစ္စနှင့်ပတ်သက်၍ ကျနော့်အမြင်

af Ko Baloi den 26. juni 2012 kl. 12:34  

မြန်မာ့ဗုဓ္ဒဘာသာဝင်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ မိဘအမွေဆိုတာ ရသင့်ရထိုက်မှသာ ခံစားစံစားရပါသည်။ အခုဖြစ်ပွါးနေတဲ့
ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့၏ အမွေဆိုင်အိမ်ကိစ္စသည်၊ အောင်ဆန်းဦးမှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်
ချုပ်နှင့် ထိမ်းသိမ်းခဲ့စဉ်ကတည်းက ရန်သူ့အလိုအကျ အကွက်ကျကျစီစဉ်ခဲ့ပြီး နိုင်ငံရေးအရထိုးနှက်တိုက်ခဲ့ခြင်းပင်ဖြစ်သည်။

Tuesday, June 26, 2012

စစ်တွေ ကယ်ဆယ်ရေးစခန်းများတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စု စိစစ်

စာတိုလေးအနည်းငယ်ရေးပါရစေ။ အောက်ပါသတင်းထက် သတင်းပါဓါတ်ပုံကို ပိုပြီးစိတ်ဝင်စားပါတယ်။ ဘာကြောင့်လည်းဆို 
၎င်းဓါတ်ပုံပေါ် ကလစ်နှိပ် ၍ ပုံကြီးချဲ့ကြည့်ပါ။ မြင်နေသောသူများဟာ ကျွန်တော်တို့တိုင်းပြည်က လူမျိုးတွေလား၊ ဒီလူမျိုးတွေဘယ်လို ကိုယ့်တိုင်းပြည်ထဲ လာရောက်နေထိုင်နေကြသလည်း။ နောက်ကြောင်းကို လိုက်ကြည့်ပါ။ ဘယ်သူတွေကြောင့် အခုလို ပြသနာတွေဖြစ်ရသလည်း၊ ဒီပြသနာတွေ ကို ဘယ်လိုဖြေရှင်းကြမှာလည်း။ သူတို့တွေကို 
ကိုယ့်တိုင်းပြည်မှာ လက်ခံထားဖို့ ဆိုတာ စဉ်းစားစရာတောင်လိုမယ်မထင်။ ကိုယ့်တိုင်းရင်းသား အမျိုးသမီးကိုစော်ကားသတ်ဖြတ်၊
နောက်ဆက်တွဲ ရွာတွေကို မီးတိုက်၊ လူမျိုးမတူတာတွေ ဒီလိုလက်ခံမထားခဲ့ရင် ဒီပြသနာတွေ ဖြစ်လာစရာအကြောင်းမရှိဘူး။
အများကသမိုင်းဟောင်းကို ပြန်လှန်ကြည့်ကြတယ်။ ကြည့်စရာမလိုဘူး။ အင်္ဂလိပ်နဲ့ပါလာတဲ့ လယ်ကူလီလုပ်တဲ့ကုလားတွေမဟုတ်ဘူး ။လွန်ခဲ့တဲ့ နှစ်တရာပတ်ဝန်းကျင်ကတည်းကနေထိုင်လာတဲ့ကုလားလည်းမဟုတ်ဘူး။ဟုတ်ရင် ဒီကုလားတွေ ရခိုင်စကားမွှတ်နေအောင်ပြောတတ်နေပြီ။ ဒီကုလားတွေဟာ မြန်မာပြည်ခေတ်ပျက်ပြီး စစ်အုပ်စု က အတင်းအားဓမ္မအုပ်တဲ့အချိန်လောက်ကမှ ကိုယ့်တိုင်းပြည်ကို လွယ်ကူစွာခိုးဝင်ပြီးလာနေတဲ့ တဖက်နိုင်ငံက ကုလားတွေဖြစ်တယ်။
အဝေးကြီးရှောက်မတွေးကြနဲ့။ အနောက်ပိုင်းခရိုင်တိုင်းမှုးတွေ၊ လဝက အုပ်ချုပ်ရေးမှုးတွေ ဒါတွေအားလုံးသိတယ်။ရူးချင်ရောင်ဆောင်နေကြတာ။ (ပြည်သူ့အော်သံ)


ကျော်ခ

ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများတွင် ပြည်နယ်အစိုးရနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ (လဝက) တို့ပူး ပေါင်း ကာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

“အိမ်ထောင်စုစာရင်းရော မှတ်ပုံတင်ရော စစ်တာပါ၊ ဒီလူတွေကို စိစစ်ပြီး ပြန်သွင်းရမယ့် အခါကြ တော့ သေချာအောင် အဲဒီ အတွက် စစ်တာ ပါ၊မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိတဲ့လူတွေကိုတော့ လဝက အဖွဲ့က သူ့တို့ ဥပဒေအ တိုင်း သူတို့ လုပ်မှာပါ”ဟု ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က  ပြောသည်။

Sunday, June 24, 2012

ရခိုင်ဒေသတွင်ဖြစ်ပွားနေသော ရခိုင်တိုင်းရင်းသားများ၏ကိုယ်တွေ့ သတင်း ဗီဒီယို များ

ရခိုင်ပြည်နယ်ဒေသများတွင်ဖြစ်ပွားလျှက်ရှိသော လူမျိုးခြားများကြောင့် မြန်မာတိုင်းရင်းသားဒေသခံရခိုင်လူမျိုးများဒုက္ခရောက်ကြရသည့် ကိုယ်တွေ့ ဗီဒီယိုသတင်းဖိုင်များ နှင့် အပေါ်ဆုံး မှ သတင်းဗီဒီယို တွင်၎င်းဒေသရှိကျောင်းဆရာတစ်ဦးမှ ဘင်္ဂလီ ကုလားများ ရခိုင်ရွာများကို ဝင်ရောက်ဖျက်ဆီးတိုက်ခိုက်ပုံ၊ မိမိကိုယ်တိုင် သတ်ဖြတ်ခံရမှု့အခြေအနေမှထွက်ပြေးလွတ်မြောက်လာပုံ နှင့် မိမိတို့ ရင်တွင်းခံစားချက်များကိုထုတ်ဖေါ်ပြောဆိုထားသည့် သတင်းဖြစ်ပါတယ်။(သတင်း လင့်များကို-ဒေါင်းမာန်ဟုန်မှ ယူပါတယ်။)

ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှ ပါလီမန်၌ မိန့်ခွန်း ပြောကြားသည့် အပေါ် ပြည်ပရောက် မြန်မာများ ဝမ်းသာ ဂုဏ်ယူ


ဗြိတိသျှ ပါလီမန်မှာ မိန့်ခွန်းပြောကြားအပြီး အဆောက်အအုံတွင်းမှ ထွက်ရှိလာသောဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းအမျိုးသားဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ၂၁ရက်နေ့ညနေ ၃း၀၀ နာရီအချိန်မှာ ဗြိတိသျှပါလီမန် ဝက်မင်စတာ  (Wesminster) ခန်းမကြီးမှာ မိန့်ခွန်း ပြောကြားခွင့် ရခဲ့ပါတယ်။
 

သက်တမ်း နှစ် ၉၀၀ ကျော်ပြီဖြစ်တဲ့ အဲ့ဒီခန်းမကြီးမှာ စကားပြောခွင့်ရတာဟာ အမျိုးသမီးတဦး အနေနဲ့ ပထမဦးဆုံးဖြစ်ပြီး အာရှနိုင်ငံသားတွေထဲမှာလည်း ပထမဆုံး စကားပြောခွင့်ရတာ ဖြစ်ပါတယ်။

ပညာရေး မြှင့်တင်ဖို့ စီစဉ်ထားဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာနိုင်ငံရဲ့ပညာရေးကို မြှင့်တင်ရာမှာ ကျောင်းဆရာ၊ ဆရာမတွေဟာ အဓိက အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၂ ရက်နေ့က ပြောဆို
လိုက်ပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ royal festival hall မှာ နံနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ပြုလုပ်တဲ့ ဗြိတိန်ရောက် မြန်မာ ကွန်မျူနီတီတွေနဲ့ သူမတို့

ရခိုင်ဒေသ အတွက်ကူညီဖေးမမှု့များ ၈၈ မျိုးဆက်ကျောင်းသားများမှ ဆောင်ရွက်

Photo: ရခိုင်ပြည်နယ်အတွင်း ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ကူညီထောက်ပံ့လှုဒါန်းမှုများကို ၈၈မျိုးဆက်ကျောင်းသားများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဇွန်လ၊၂၃ ရက် နံနက်ပိုင်းတွင် အမှတ်(၂၁၄)ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့နေ ကိုကျော်စိုးအောင် က အ၀တ်အထည်(တန်ဖိုးငွေ ၂၇ သိန်းကျော်) နှင့်ငွေကျပ် ၇၅သိန်းတိတိတို့ကို ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ လာရောက်လှုဒါန်းသွားသည်။ရခိုင်ပြည်နယ်အတွင်း ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ကူညီထောက်ပံ့လှုဒါန်းမှုများကို ၈၈မျိုးဆက်ကျောင်းသားများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဇွန်လ၊၂၃ ရက် နံနက်ပိုင်းတွင် အမှတ်(၂၁၄)ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့နေ ကိုကျော်စိုးအောင် က အ၀တ်အထည်(တန်ဖိုးငွေ ၂၇ သိန်းကျော်) နှင့်ငွေကျပ် ၇၅သိန်းတိတိတို့ကို ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ လာရောက်လှုဒါန်းသွားသည်။

ကျပ်မပြည့်(သို့) ဦးဏှောက် ပုံမှန် မဟုတ်သော ဝန်ကြီးများ အစိုးရအဖွဲ့မှ အမြန်ဆုံးရှင်းလင်းဖယ်ရှားသင့်

မြန်မာပြည်ပြောင်းလည်းရေးကို ဦးသိန်းစိန် အစိုးရ နှင့် ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ညှိနှိုင်းဆောင်ရွက်ပြီးနောက်ပိုင်း၊

 ပြောင်းလည်းရေး လမ်းစ ကိုရှောက်လှမ်းနေပြီဖြစ်သော်လည်း အစိုးရ၏ ဝန်ကြီးအဖွဲ့တွင်

မောင်တောအခြေအနေ ပုံမှန်မရောက်သေး


RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ အမျိုးသားတချို့ကို သက်ဆိုင်ရာက နေရပ်ပြန်ခိုင်းနေပေမဲ့ အမျိုးသမီးနဲ့ ကလေးတွေက ကျန်ရှိနေသေးပြီး အခြေအနေ ပုံမှန်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။

Friday, June 22, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ အိမ်ရှေ့ မင်းသားနှင့်တွေ့ ဆုံ


၂၀၁၂-၆-၂၁ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ အိမ်ရှေ့ မင်းသား 
ချားလ်နှင့် မိဖုရား ဂမီလာ ဒူချယ်စ်  (Britain's Prince Charles and Camilla Duchess )တို့  တွေ့ ဆုံ
ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အား အားရ၀မ်းသာကြိုဆိုခဲ့ပြီး မြန်မာ့အရေးနှင့်ပါတ်သက်ပြီးအားပေး
ကြောင်း ပြောကြားခဲ့ပါသည်။

Thursday, June 21, 2012

မသီတာထွေးအမှုအားကျူးလွန်သူ တရားခံနှစ်ဦးကို စစ်တွေသို့ပို့

မသီတာထွေးအမှု ကျူးလွန်သူ တရားခံနှစ်ဦးအား ဇွန်လ ၁၉ရက်နေ့က အမိန့်ချမှတ်လိုက်ပြီး ၄င်းတရားခံနှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၉ရက်နေ့က ကျောက်ဖြူတရားရုံးတွင် မသီတာထွေးအမှုနှင့်ပက်သက်၍ တရားခံ မာမတ်ရော်ဖီး (ခ) လှဝင်း နှင့် လူလု(ခ)ခေါ်ချီး(ခ)မြင့်ဆွေ(အဖြူ) တို့အား  ပုဒ်မ ၃၇၆(မုဒိမ်မှု)၊၃၉၂(လုယက်မှု)၊၃၀၂/၁(၈)(မသေမချင်းသတ်မှူ) တို့ကိုကျူးလွန်သည့်အတွက် ၃၂၀(၁)(ဂ) အရ သေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  Honorary Doctor of Civil Law လက်ခံ ရရှိပါပြီ (ဗွီဒီယို)။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  Honorary Doctor of Civil Law လက်ခံ ရရှိပါပြီ - ဇွန်လ ၂၀ ရက်နေ့  ၂၀၁၂ ခုနှစ် (ဗွီဒီယို)။

"ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာပြည်သူပြည်သားများမှ တိုင်းပြည်နဲ့  လူမျိုးအတွက် ဂုဏ်ယူလေးစားပါကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာ"။

ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းစကား (ဗွီဒီယို)။

ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့် ခွန်းစကား။

ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အနီရောင် ဒေါက်တာဘွဲ့ ဝတ်ရုံအောက်က ၀တ်ဆင်ထားတဲ့ အင်္ကျီအပေါ်မှာ ရွှေဝါရောင် ဒေါင်းရုပ် ရင်ထိုးကလေးကို မြင်တွေ့ ရမှာ ဖြစ်သလို၊ မြန်မာပြည်သူလူထုအကျိုးအတွက်နဲ့  လူငယ်လူရွယ်များ ရှေ့ ရေးအတွက် အလေးထား ဦးစားပေးပြောဆိုမှုတွေကို ကြားရမှာ ဖြစ်ပါတယ်။

Wednesday, June 20, 2012

တည်းခိုမည့် ဟိုတယ်သို့ ရောက်ရှိလာသော အန်တီစုအား ကြိုဆိုနေပုံများ (ရုပ်သံ) .....

 

နော်ဝေနိုင်ငံ အော်စလိုမြို့တော်ရှိ Grand Hotel
သို့ ရောက်ရှိလာသော မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေနှင့် ဥရောပတလွှားရောက်
မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများက ကြိုဆိုကြပုံများ ...

Tuesday, June 19, 2012

သမ္မတကြီး၏ ပြုပြင် ပြောင်းလဲရေးနှင့် ပါတ်သတ်၍ ပြောကြားသည့် မိန့် ခွန်း အပြည်အစုံ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်များ / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ/ဒုတိဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများအား ပြောကြားသော မိန့်ခွန်း

မြန်မာ့အရေး ပြည်တွင်းပြည်ပ ဆက်လက်လှုပ်ရှားဖို့ ဒေါ်စု တိုက်တွန်း


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အဆိုတော် ဘိုနို။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့နဲ့ တိုင်းရင်းသား ပဋိပက္ခတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ အတွက်ကို နိုင်ငံရေးအရ ရှေ့ ဆက်လုပ်စရာတွေ အများအပြား ကျန်နေသေးပြီး လွှတ်တော်အတွင်းရော အပြင်မှာပါ ဆောင်ရွက်ရမယ့် ကိစ္စတွေရှိနေသေးတယ်လို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါ တယ်။ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲအပြီး U2 တေးဂီတ အဆိုတော် ဘိုနို၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တာပါ။

လူထုခေါင်းဆောင်နှင့် U2 ဘိုနို (ဓါတ်ပုံ)သတင်း



နော်ဝေနိုင်ငံ၊ အော်စလိုမြို့က မြန်မာ့နိုင်ငံရေး 
အကြောင်း ဆွေးနွေးတဲ့ အော်စလိုဖိုရမ်ကို
 တက်ရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ
 ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ 
ယူတူး တေးဂီတအဖွဲ့ ခေါင်းဆောင် ဘိုနို

ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ ဒပ်ဗလင်မြို့ သို့သွားရောက်ရန် အတွက် အိုင်းရစ် အဆိုတော်ဘိုနို မှ သူ၏ ကိုယ်ပိုင် ဂျက်လေယာဉ် ပေးအပ်ခဲ့

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာလူ့ အခွင့် အရေးဆု ပေးအပ်ပွဲ နှင့် U2အဖွဲ့ အပါအဝင် ကမ္ဘာကျော် အဆိုတော်များ၊ သရုပ်ဆောင်များမှ ဂုဏ်ပြုတင်ဆက်မည့် Electric Burma အမည်ရှိ ဂီတပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်သည်။
 ဂီတပွဲတော်အပြီး ဒပ်ဗလင်ရှိ ဂုဏ်ပြုရင်ပြင်တွင် အိုင်ယာလန်ပြည်သူများကို အမှတ်တရစကား ပြောကြားမည်ဖြစ်သည်။
 ယနေ့မနက်နော်ဝေနိုင်ငံတွင် နှစ်စဉ်ကျင်းပသော Oslo Forumတွင် အိုင်းရစ်အဆိုတော်ဘိုနို တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ဒပ်ဗလင်မြို့သို့သွားရောက်ရန်အတွက် သူ၏ကိုယ်ပိုင်ဂျက်လေယာဉ်ကို ပေးအပ်ခဲ့ကြောင်း နော်ဝေနိုင်ငံရေးဝန်ကြီးဌာနက သတင်းတရားဝင်ထုတ်ပြန်ခဲ့သည်။

စစ်တွေ RNDP ပါတီဝင်များ အဖမ်းခံရ

ကျော်ခ
ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းအား အကြမ်းဖက်မှုကို တားမြစ်ခဲ့သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပါတီဝင် ၄ ဦး နှင့် ရခိုင်အရပ်သား ၄ ဦးအား ဆူပူမှုဖြင့် စွပ်စွဲကာ ဒေသခံ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း RNDP က ပြော သည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စ

လင်းသန်
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပွား၍ ၉ ရက်ခန့် ရပ်ဆိုင်းနေသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး သည် ယ မန်နေ့က ပြန်လည် စတင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံဘက်မှ ရေခဲရိုက် ငါး တန်ချိန် ၉၀ တင်ဆောင်လာသည့် ကုန်တင်သင်္ဘော တစီး ယမန်နေ့က ဘင်္ဂလားဒေ့ရှ် စံတော်ချိန် ည နေ ၅ နာရီခွဲ ခန့်တွင် တာ့ခ်နာဖ်(Teknaf) ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ကြောင်း United Land Port Teknaf Limited ၏ မန်နေဂျာ ချုပ် မစ္စတာ Abdul Mohaimen ၏ ပြောဆိုချက်အား ကိုးကား၍ The Daily Star သတင်းတွင် ယနေ့ ဖော်ပြ ထားသည်။

သတင်းစာ ဆရာကြီး လူထု စိန်ဝင်း ကွယ်လွန်

နိရဉ္စရာ
မြန်မာ နိုင်ငံမှ ၀ါရင့် သတင်းစာ ဆရာကြီး တစ်ဦးဖြစ်သူ ဆရာ လူထု ဦးစိန်ဝင်းသည် ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန် အနိစ္စ ရောက်သွားကြောင်း သိရပါသည်။
လူထု စိန်ဝင်းသည် ဇွန်လ ၁၇ ရက်နေ့ ည ၁၁ န ရီ ခွဲက ရန်ကုန်မြို့ SSC ဆေးရုံတွင် ရင်ကြပ် ရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း မိ သားစုများက အတည်ပြု ပြောကြားသည်။ ဆရာလူထု စိန်ဝင်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီ ဖြစ်ကြာင်း သိရသည်။ ဆရာ လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။

စစ်တွေကမ်းနား တလျှောက် လုံခြုံရေး တိုးမြှင့်ချထား၊ ဈေးနှင့် ကျောင်းများ ပိတ်ထားဆဲ

ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထား
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ယခုလ  (၁၅)ရက်နေ့က စတင်ကာ ပဋိပက္ခများ တည်ငြိမ်ခဲ့သော်လည်း မြို့နေရာ အနှံ့အပြားနှင့် ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားလာကြောင်း သိရှိရသည်။
စစ်တွေတွင် ယခင်က  လုံခြုံရေးချထားခြင်းမရှိသေးသော နေရာများဖြစ်သည့်နေရာ အချို့တွင် လုံခြုံရေး တိုး မြှင့်ချထား မှုများ ပြုလုပ်လာခြင်းဖြစ်သည်။ မြစ်ကမ်းစပ်နှင့်ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ရဲတပ်သားများ ည အချိန်တွင် ကင်းချ ထားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောပြသည်။

သီတာထွေးအမှု တရားခံများ သေဒဏ်ချမှတ်

ရန်ကုန်၊ ဇွန် ၁၈

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးကို မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့သော တရားခံ သုံးဦးကို ဇွန်လ ၁၈ရက်နေ့ နံနက် ၁၁နာရီ ၅၀မိန့်နစ်တွင် သေဒဏ် ပြစ်ဒဏ် ချမှတ် ချမှတ်လိုက်ပြီဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ရှေ့နေတစ်ဦးက The Voice Weeklyသို့ ပြောကြားသည်။

Sunday, June 17, 2012

ရခိုင်ပြည်နယ် ပြဿနာတွေအပေါ် ဦးဝင်းတင်ရဲ့သဘောထား အမြင်


ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-သဘာပတိ အဖွဲ့ဝင်)
အစိုးရ အနေနဲ့ ရပ်တည်ဖို့ ဆိုတာဟာ ဒီပြဿနာတွေ အခုမှ ဖြစ်တာမဟုတ်ဘဲ ဟိုးအရင် နှစ်ပေါင်း ၆၀ လောက်ကတည်းက ဒီမိုကရေစီ အစိုးရ
အုပ်ချုပ်စဉ်ကလဲ ရှိခဲ့သလို ဦးနေဝင်း လက်ထက်တုန်းကလဲ ရှိခဲ့တာပါပဲ။ အခု ပြဿနာဟာ နယ်စပ်ကနေ ခိုးဝင်လာတဲ့ ပြဿနာ မဟုတ်တော့ဘဲ အခြေတကျ ဝင်ပြီးတော၊့ နေရာစိုက်ထူပြီး ကိုယ့်အရပ် ကိုယ့်ရွာ ကိုယ့်တိုင်းပြည်လို တောင်းဆိုတာတွေ ရပ်တည်လာတာတွေ ဖြစ်လာတဲ့ အနေ
အထား ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ငြိမ်းချမ်းရေးသည် အစိုးရအဓိက တာဝန်ဖြစ်


မိမိတို့ မြန်မာနိုင်ငံ ပြည်ထောင်စုကြီးတွင် ကိုယ့်တိုင်းရင်းသားညီအကိုမောင်နှစ်များ စနစ်ဆိုးတခုကြောင့်အယူအဆအတွေအခေါ်များနှင့်အုပ်ချုပ်ရေးဆိုင်ရာမှားယွင်းမှု့ကြောင့် ဒုက္ခဆင်းရဲရောက်ကြရပါတယ်။စစ်ပွဲများကို ဆင်နွဲနေရသည်။မိမိတို့ တိုင်းပြည် ၏လူမျိုးစုနွယ်များ မပျောက်ပျက်စေရန်၊ ထိမ်းသိမ်းစောက်ရှောက်သင့်ပါတယ်။ယခုအခါတိုင်းပြည်တွင် ခြစားသကဲ့သို့

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နိုဘယ် ငြိမ်းချမ်းရေး ဆုလက်ခံရယူပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ဘာသာပြန် စဆုံး (Dr ကောင်းမြတ်ကျော်)

ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….

လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။

တပ်မတော်က အာဏာကို အလွန်အကျွံမသုံးရန် ဒေါ်အောင်ဆန်းစုကြည်ပြော

လင်းသန်
တပ်မတော်အနေဖြင့် အာဏာကို အလွန်အကျွံ ကျင့်သုံးခဲ့ခြင်းများကြောင့် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုသည် ထင်သာမြင်သာ မဖြစ် သေးကြောင်း နှစ်ပေါင်း ၂၀ ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် ဥရောပ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင် ဆန်းစုကြည်က သတိပေး ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့တော်က နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့ အခမ်းအနားမိန့်ခွန်း(ရုပ်သံ)

RFA ရုပ်မြင်သံကြား သတင်းမဂ္ဂဇင်း အစီအစဉ် (ဇွန်လ ၁၆ ရက် ၂ဝ၁၂)
- ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့တော်က နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်နေပါတယ်။ အဲဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပါတယ်။
- နော်ဝေနိုင်ငံ အော်စလိုမြို့မှာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေဝန်ကြီးချုပ်နဲ့ အတူ မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဲဒီအခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး သတင်းပေးပို့ချက်

ကျောက်နီမော်ကျေးရွာမုဒိမ်းကျင့်လူသတ်မှုတွင် အသက်ရှင်ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူနှစ်ဦးက မုဒိမ်းမှုကို ဝန်ခံသော်လည်း လူသတ်မှုနှင့် လုယက်မှုကျူးလွန်ခြင်းမရှိကြောင်းငြင်းဆို




ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အသက် ၂၆ နှစ်အရွယ် မသီတာထွေးအား မုဒိမ်းကျင့်/သတ်ဖြတ်/လုယက်မှု ကျူးလွန်သူသုံးဦးအနက် အဓိကတရားခံ ရှောင်ရှူး (ခ) ထက်ထက်အကျဉ်းထောင်အတွင်း ကြိုးဆွဲချသေဆုံးခဲ့သော်လည်း အသက်ရှင်ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူနှစ်ဦးဖြစ်သော ရော့ပီးနှင့် ခိုချီးတို့က ယင်းတို့သည် သေဆုံးသူအား အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံဖြောင့်ချက်ပေးသော်လည်း လူသတ်မှုနှင့် လုယက်မှုတို့ကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

Saturday, June 16, 2012

လာဒ်စားမှုကင်းတဲ့ နယ်စပ် လုံခြုံရေး လိုအပ်

မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုမရှိသရွှေ့အုပ်စုလိုက်ဖြစ်တဲ့အထိကရုန်းတွေဆက်ဖြစ်နေမှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်ဖက်မှာ လာဘ်စားမှုကင်းတဲ့ နယ်စပ်လုံခြုံရေးရှိဖို့ အရေးကြီးတယ် ဆိုတာကိုလဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင်

ဒေါ်စုကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲရပ်နား

ဆွစ်ဇာလန်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဆွစ်ဇာလန် သမ္မတ အယ်ဗလင်း ၀စ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) နဲ့ Berne မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။

Friday, June 15, 2012

စစ်တွေမြို့ ကုန်းတန်းရပ်ကွက်မှာ လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိ

ဓာတ်ပုံ ဂျေမောင်မောင်(အမရပူရ)
မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုက ဇွန် ၁၂ ရက်ည ၁၁ နာရီခန့်က စစ်တွေမြို့ ကုန်းတန်းရပ်ကွက်နေ ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာကျေးရွာသွားသောလူအုပ်အယောက်တစ်ရာထဲမှ တုတ်၊ဓား၊ လှံ လက်နှက်များကိုင်ဆောင်ထားသည့် လူ ၂၉ ဦးဖမ်းမိလိုက်ကြောင်းသတင်းရရှိသည်။
လူမျိုးစုံဒေသခံများကိုဖမ်းမိခြင်းဖြစ်ပြီး ၄င်းတို့လက်ထဲတွင်လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိကြောင်းသတင်းရရှိသည်။ ယနေ့ ဇွန် ၁၄ ရက်တွင် စစ်တွေမြို့တွင်း ဆူပူအုံကြွမှုများမတွေ့ရကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

ရင်ကိုလာထိသော ဒေါ်ခိုင်ခိုင်နွယ်

ဒီနေ့ ILO ကွန်ဖရင့်စ်ကို အချိန်ပေးပြီး စောင့်ကြည့်ခဲ့ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ၊ တဆက်တည်းဆိုသလိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုကြည့်ခဲ့ပါတယ် ၊ သတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားဆိုတာ လက်ခံပါသလားဆိုပြီး သတင်းထောက်တစ်ယောက်ကမေးတယ်

ဒေါ်အောင်ဆန်းစုကြည် ရဲ့  ရိုဟင်ရျာ ပြသနာပေါ် ဖြေကြားချက်


ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များ ရှိခဲ့သည့်အတွက် (တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

Thursday, June 14, 2012

စစ်တွေမှာ လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိ


ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ဒုက္ခသည်များကို စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေအနုပညာရှင်များက ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေသည်ကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းနိုင်ရန်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား များက ရခိုင်တိုင်းရင်းသားများထံတွင် ရှိနေသော လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိကြောင်း ရခိုင်တိုင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦးက ပြောကြားသည်။

စစ်တွေတွင် တုတ်၊ဓါး လက်နက် မကိုင်ရ အမိန့်ထုတ်

နိရဉ္စရာ
ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားနေသော စစ်တွေတွင် တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်၍ လမ်းများပေါ်တွင် မသွားလာရဟု ယနေ့ နံနက်က အာဏာပိုင်များက အမိန့်ထုတ်ကြောင်း သိရသည်။

၎င်းအမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်ပြီး ယနေ့နံနက်က အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ကျေညာ သွား သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ကုလ ကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ဆွေးနွေး

လင်းသန်
ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများကြောင့် အရေးပေါ်အခြေအနေ ကြေညာထားသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ် ဘီယားနှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ဒုက္ခသည်များအရေး ကုလသမဂ္ဂ ကူညီမည်

ကျော်ခ
ရခိုင်ပြည်နယ် အတွင်း အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည်များ အရေးကို မြန်မာအစိုးရနှင့် ပူးပေါင်း ကူညီ သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီ ယာက ယနေ့ ပြောဆိုလိုက်ကြောင်း သိရသည်။

Wednesday, June 13, 2012

အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်း မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည့် UNHCR မှ ဒေါ်မြနန္ဒာအောင် ကို ပြန်လွှတ်ပေးလိုက်ပြီ

 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင်
ယမန်နေ့ (၁၁.၆.၂၀၁၂)နေ့လည် ၁နာရီတွင် မောင်းတော မှ စစ်တွေ သို့  ရောက်ရှိလာသော
 UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် ကို
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်းမသင်္ကာမှုဖြင့် စစ်တွေမြို့၌ သက်ဆိုင်ရာမှထိန်းသိမ်းခဲ့ရာမှ
ယနေ့နေ့လည်၁နာရီခန့်တွင် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်တဦးထံမှသိရှိရပါသည်။

Sunday, June 10, 2012

မုဒိန်းကျင့် လုယက်ပနာ အသတ်ခံလိုက်ရရေ မသီတာထွေးအမှုနိန့်ပတ်သတ်ပြီး ထိမ်းသိမ်းခံထားရရေ သုံးယောက်ထဲက ထက်ထက်ဆိုသူ မိမိကိုယ်ကို အဆုံးစီရင်

မူယင်းသတင်းရေးသားထားသည့်အတိုင်းတင်ပြထားပါသည်။ ရခိုင်စကားသံအတိုင်းရေးသားတင်ပြထားခြင်းဖြစ်ပါတယ်။
သတင်း- မြထွန်းအောင်(ကျောက်ဖြူ)

မုဒိန်းကျင့် လုယက် အသတ်ခံလိုက်ရသော သီတာထွေး အမှုနှင့် ပတ်သတ်ပြီး ထိမ်းသိမ်း ခံထား ရသော သုံးယောက် ထဲက ထက်ထက်(ခ) ရော်ချီး ဆိုသူကို (9/6/2012) နေ့ ညနေ မြန်မာ (၅) နာရီ အချိန်မှာ မိမိဝတ်ထားတဲ့ (လုံချည်) ကို ကြိုးကျစ်ကာ ဆွဲကြိုးချ သေဆုံး သွားပြီ ဖြစ်ကြောင်း ကျောက်ဖြူ အကျဉ်း ဦးစီး ဌာနက နာမည် မဖေါ်လိုသော တာဝန်ရှိ တယောက်က လေးဝတီကို ပြောကြား ပါသည်။

လူမဆန်စွာ လုယက် မုဒိန်းကျင့် နေစဉ် အတွင်း ဗွီဒီယို mp4 နှင့် သူရို့ အချင်းချင်း မှတ်တမ်းတင် ထားချက် တခုကိုလည်း စစ်ဆေး တွေ့ရှိထား ကြောင်းလည်း အတည် မပြုနိုင်သေးသော သီးခြား သ တင်း အချက် အလက် တခုအရ သိရှိရသည်။

အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းဖို့ NLD မေတ္တာရပ်ခံ


RFA
NLD လွှတ်တော်အမတ် ဦးအုန်းကြိုင်က သတင်းထောက်တွေကို ရှင်းလင်းပြောပြနေစဉ်။

2012-06-09 ရခိုင်ပြည်နယ်မှာ လောလောဆယ်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လှုံ့ဆော်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
NLD  နဲ့ မဟာမိတ် တိုင်းရင်းသားခေါင်းဆောင်တွေ ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ လုပ်တဲ့ အစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ လှုံ့ဆော်သူအားလုံးကို အဲဒီလို မေတ္တာရပ်ခံလိုက်တာပါ။

မောင်တောတွင် ရဟတ်ယာဉ်များဖြင် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာ

ယခုအခါ မောင်တောမြို့သို့  အစိုးရ အဆင့်မြင့် အရာရှိများ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာပြီ ဖြစ်သဖြင့် ခိုကိုးရာမဲ့ ဖြစ်နေကြသော လူထုကြီးမှာ စိတ်သက်သာရ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးကို မေးမြန်းစဉ် ပြောကြားသည်။

“ အခုဘဲ မောင်တော ဘော်လုံးကွင်းမှာ ရဟတ်ယာဉ်တွေ ဆင်းနေတဲ့ အသံကို ကြားရပါတယ်။ လူကြီးတွေလည်း ပါလာတယ်လို့ ပြောပါတယ်။ ရဟတ်ယာဉ်တွေ အသံကြားရတာ ကြောက်စိတ်တွေ ပျောက်ပြီး စိတ်သက်သာရာ ရသွားပါတယ်” ဟု မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ

ဘင်္ဂလီများလာရာ လမ်းကြောင်းတွင် ကင်းစောင့်လျက်ရှိသော ရခိုင်မျိုးချစ်ျများ
(မြစ်မခ ရခိုင်ပြည်နယ်သတင်းထောက် သတင်းပေးပို့သည်)

ကာကွယ်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးလှမင်း ဦးဆောင်တဲ့အဖွဲ့ မောင်တောမြို့ သို့  ရောက်ရှိကွပ်ကဲလျက်ရှိ

Photo: ကာကွယ်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးလှမင်း ဦးဆောင်တဲ့အဖွဲ့ မောင်တောမြို့ သို့  ရောက်ရှိကွပ်ကဲလျက်ရှိ

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးလှမင်း
ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ

 ဆေးဝန်ထမ်းများ ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်

 နေပြည်တော်  ဇွန်  ၉

ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများအပေါ်စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည် ဖြစ်သည့်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ အခြေအနေများ မူလအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလျက် ရှိပြီဖြစ်သည်။

အဆိုပါဖြစ်စဉ်များ၌ နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခရောက်နေကြသည့် ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေ ဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးစခန်းများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တောက်ပံ့ရေးပစ္စည်း (၃.၃)တန်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဘေထုပ် (၅၀) (စုစုပေါင်း ၂ တန်ကျော်) ပေးပို့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ထိခိုင်ဒဏ်ရာရသူများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးဝန်ထမ်း (၃၂) ဦးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အဖွဲ့ဝင် (၁၀) ဦးပါ ဆေးကုသရေးအဖွဲ့ (၁) ဖွဲ့တို့ ယနေ့ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းလည်း သိရှိရသည်။မောင်တောမြို့၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုအခြေအနေကောင်းများအား ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကူညီပံ့ပိုးစောင့်ရှောက်မှုများ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှူးချုပ်ကိုကိုနိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖုန်းဆွေတို့ မောင်တောမြို့သို့ ရောက်ရှိကွပ်ကဲလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)ကာကွယ်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးလှမင်း ဦးဆောင်တဲ့အဖွဲ့ မောင်တောမြို့ သို့  ရောက်ရှိကွပ်ကဲလျက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးလှမင်း
ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟ
ိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ ဆေးဝန်ထမ်းများ ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်

နေပြည်တော် ဇွန် ၉
 ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများအပေါ်စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည် ဖြစ်သည့်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ အခြေအနေများ မူလအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလျက် ရှိပြီဖြစ်သည်။

မြန်မာပြည်ခြံစည်းရိုး အိန္ဒိယ နိုင်ငံ ကဲ့သို့ လုပ်သင့်သည်

အွန်လိုင်းမှပြန်လည်ဖေါ်ပြပါသည်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်။

အိန္ဒိယနိုင်ငံသည် အာရှတိုက်၏ လူဦးရေအထူထပ်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တောင်အာရှဒေသအတွင်း ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အိမ်နီးချင်းအင်အားကြီးနိုင်ငံ ဖြစ်သည်။ ၄င်းနိုင်ငံသည် အခြားသော နိုင်ငံများနှင့် ကုန်းပိုင်းတွင် ၁၅၁၀၆ ကီလိုမီတာခန့် ထိစပ်လျက်ရှိပြီး ကမ်းရိုးတန်းပိုင်းတွင် ၇၅၁၇ ကီလိုမီတာခန့် ဆက်စပ်နေပါသည်။

ရခိုင်ပြည် စီးရိုးကို ကာကွယ်ပါ။

Rakhine Muslim riot
မြန်မာနိုင်ငံတိုင်းဒေသကြီးတခုဖြစ်သည့်ရခိုင်ပြည်တွင် အကြမ်းဖက်မှု့များဖြစ်ပေါ်နေသည်။လက်ရှိ ဖြစ်ပေါ်နေသော သတင်းများအပေါ်အခြေခံပြီး ခံစားမှု့များ၊ဒေါသဖြစ်မှု့များ၊ တုန့်ပြန်ချင်စိတ်များ ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးစုများအပေါ်စာနာ ကိုယ်ချင်းစာစိတ် များဖြစ်ပေါ်ပေမည်။ ရခိုင် တိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားညီအကိုများ၊
ဓမ္မဒိဌာန်ကြကြ စဉ်းစားလျှင် မည်သူမဆို မတရားမှု့ စော်ကားမှု့ အနိုင်ကျင့်မှု့ကို လက်ခံနိုင်မည်မဟုတ်ပါ။

မသီတာထွေး သတ်ဖြတ်မှု ကျူးလွန်သူများ အများရှေ့မှောက် စစ်ဆေးမည်

2012-06-09 
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမှော် ဒေသက မသီတာထွေး အမည်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့် သတ်ဖြတ်မှုနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူထောင်မှာ ထိန်းသိမ်းထားသူ သုံးဦးထဲက ထက်ထက် (ခေါ်) ရော်ရှီး ဟာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ကျောက်ဖြူ အကျဉ်းထောင်ကို အာအက်ဖ်အေက ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသား တိုးတက်ရေး ပါတီက ဦးဘရှင်ကို ဆက်သွယ်မေးမြန်းရာမှာ -

ရိုဟင်ဂျာပြဿနာကို အမျိုးသားရေးပြဿနာအဖြစ် ၈၈မျိုးဆက်ကျောင်းသားတို့က သဘောထား မိုးမခသတင်းကောက်နုတ်ချက်၊ ဇွန် ၉ ၊ ၂၀၁၂

ယမန်နေ့က ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တွင် ကျင်းပရာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးနှင့် ကျောင်းသားလူငယ်များ၊ စာနယ်ဇင်းသမားများ တက်ရောက်ကြသည်။ ဒီဗီဘီက ထုတ်ပြန်သော ရုပ်သံတင်ဆက်ချက်များအရ ၈၈ မျိုးဆက်ကျောင်းသားများက ရခိုင်ပြည်နယ်အတွင်းအစွန်းရောက်အကြမ်းဖက်သူများ၏လုပ်ရပ်ကိုရှုပ်ချလိုက်ပြီး မြန်မာနိုင်ငံသားအားလုံးက အမျိုးသားရေးအသွင်ဖြင့် ရင်ဆိုင်ကြရန် တောင်းဆိုလိုက်သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်၏ လတ်တလော အခြေအနေများ (ရုပ်သံ- ဗွီဒီယိုမှတ်တမ်း)


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွာမှ ဘင်္ဂါလီလူမျိုးများက ယနေ့ညနေပိုင်းတွင် ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ လုံခြုံရေး အခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။ စစ်တွေမြို့ အခြေစိုက်
တပ်မတော်သား ခြောက်ရာခန့်ကို ယမန်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသော မောင်တော မြို့နယ်သို့ စေလွှတ်ထားသဖြင့် မြို့ပေါ်၌ လုံခြုံရေး အခြေအနေ အားနည်းမှုကို အခွင့်ကောင်း ယူကာ ယင်းကဲ့သို့ အကြမ်းဖက်မှုများ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

Saturday, June 9, 2012

မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေးလိုက်ပြီ


ညနေ ၅နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI

ယနေ့နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ပြောသည်။

ရဲနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အားပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။