မြန်မာနိုင်ငံတွင်ပြည့်ဝသောဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေးသည်
့မြန်မာနိုင်ငံသားတိုင်းအရေးဖြစ်သည်။
ဧရာဝတီကိုအကြောင်းပြုလျှက် တရုပ်လူမျိုးများ ပြည်သူလူထုအပေါ်ဆက်ဆံမှု့များတင်းမာ၊
တရုပ်လူမျိုးများအကျင့်စရိုက်သည်နိုင်ငံကြီးသားမပီသသောသူများဖြစ်သည်။ စီမံကိန်းနှင့်မသက်ဆိုင်သော
နေရာဒေသများသွားရောက်လည်ပတ်ကာ တိုင်းပြည်လူထု ဆင်းရဲမှု့များအပေါ် မောက်မာသောဆက်ဆံ
ပြောဆိုမှု့များနှင့်ပြောဆိုဆက်ဆံကြောင်းသိရှိနေရ။တရုပ်လူမျိုးများသည် နိုင်ငံခြားသားများဖြစ်သဖြင့်၊
အခြားနိုင်ငံခြားသားများနည်းတူ မြန်မာပြည်မှ ဝယ်ယူသောပစ္စည်းများအပေါ် နိုင်ငံခြားငွေဖြင့်သာသုံးစွဲသင့်၊
တရုပ်နိုင်ငံသည် လက်ရှိစည်းပွားရေးတိုးတက်နေသည်မှာ မှန်သော်လည်း၊ တရုပ်ပြည်တွင် ဒေသပေါင်း
စုံ ဖွံ့ဖြိုးမှု့နှင့် လူတန်းစားညီမျှသော စီးပွားရေးမဟုတ်ပေ။ တရုပ်တိုင်းပြည်၏နည်းပညာ အဆင့်မှာလူ့အသက်၊
ကျမ်းမာရေး အပေါ်တွင်စိတ်ချယုံကြည်ရသော အဆင့်တွင်မရှိသေးပါ။ စားသောက်ကုန်ထုတ်လုပ်မှု့များတွင်
ရော၊ စက်မှု့နည်းပညာထုတ်လုပ်မှု့များတွင်၊ ခဏခဏ လူများစွာအသက်ဆုံးရှုံနေရသည်များကို မြန်မာနိုင်ငံ
တွင်နေထိုင်သော ပြည်သူများမှာ ပြည်ပသတင်းတီဗီ များမှမမြင်တွေ့နေရသောကြောင့်၊ အစိုးရ၏ သတင်း
ထုတ်ပြန်မှု့များ မဆောင်ရွက်ပေးမှု့ကြောင့် လွယ်ကူစွာမသိရှိသောကြောင့်သာဖြစ်သည်။
အခြားတိုင်းပြည်များတွင် နေထိုင်နေသော တီဗီသတင်းများတွင် တရုပ်ပြည်မှပို့လိုက်သောအစားအသောက်များ၊ စက်ပစ္စည်းများကြောင့်လူများစွာ အသက်ဆုံးရှုံးသောသတင်း
များမှာ အမြဲလို ကြားသိနေရသည်။တရုပ်ပြည်တွင်းတွင်လည်း ထို့အတူပင်ဖြစ်သည်။
တရုပ်ပြည်မှ ထုတ်လုပ်သော ခလေးနို့မှုံ့ များမှ ခလေးသူငယ်များသောက်သုံးမိမိကာ သေဆုံးခဲ့ရသော
သတင်းသည်လည်း ဟိုးလေးတကျော်ဖြစ်ခဲ့သည်။
ဂျပန်နိုင်ငံကို ယှဉ်ပြိုင်လိုသောကြောင့် မကြာသေးခင်က ဂျပန်နိုင်ငံမှ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ရထားထက်
ပိုမြန်အောင်တရုပ်က ထုတ်လုပ်လိုက်သည်။ထို့နောက် ကမ္ဘာ့သတင်းများတွင်ထုတ်ပြန်ကြေငြာပြီးမကြာ
ခင်မှာ ရထားလမ်းထိမ်းသိမ်းညွန်ကြားမှု့ ညံ့ဖျင်းမှု့ကြောင့် တိုက်မိကာ လူအများသေဆုံးခဲ့ရသေးသည်။
အခြားများစွာသော အဖြစ်အပျက်များသည်တရုပ်နိုင်ငံတွင်ပြောမကုန်အောင်နေ့စဉ်ရှိသည်။
ထိုသို့သောနည်းပညာဖြင့် မြန်မာပြည် တွင်ကြီးမားသောဆည်များကို တရုပ်ပညာရှင်များလာတည်ဆောက်
သည်မှာ များစွာအန္တာရယ်ကြီးလှပေသည်။
မကြာခင်တရုပ်လူမျိုးများဥာဏ်ပညာကြီးမားပုံကို ဗီဒီယိုနှင့် တင်ပြပေးပါမည်။
Sunday, September 25, 2011
Saturday, September 24, 2011
ပြုပြင်ပြောင်းလဲရေးလုပ်တာ ပြည်သူကျေနပ်ဖို့သာ အဓိက
By ဦးကျော်ဇံသာ ကြာသပတေး, 22 စက်တင်ဘာ 2011
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတာဟာ နိုင်ငံတကာက
နှစ်သက်ဖို့ထက် ပြည်သူလူထုက ကျေနပ်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံ
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောလိုက်ပါတယ်။ AIPA ခေါ် အာဆီယံ
ပါလီမန်များ ညီလာခံကို တက်ရောက်ရင်း ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်နေတဲ့
ဦးခင်အောင်မြင့်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောကြားခဲ့တာ
ဖြစ်ပါတယ်။ ဦးခင်အောင်မြင့်နဲ့ ဗွီအိုအေ မြန်မာပိုင်းတို့
ဆက်သွယ်မေးမြန်းခန်း တစိတ်တပိုင်းကို တင်ပြပေးထားပါတယ်။မြန်မာနိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဟာ အလားအလာကောင်းတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောပါတယ်။
ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းသစ်ဖောက်လုပ်မှု ဒေသရှိထိုင်းစစ်တပ်ဘဝင်မကျ
အာကာ - September 22nd, 2011 လွတ်လပ်သော မွန် သတင်းအေဂျင်စီ
ထားဝယ်ရေနက်ဆိပ်ကမ်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းသစ်ဖောက်လုပ်နေမှုသည် ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ထိပါးနိုင်သဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် စီမံကိန်း နှောင့်နှေးအောင် ဝိုင်းဝန်း စဉ်းစားပေးစေလိုကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ လက်အောက်ခံ ထောက်လှမ်းရေးအဖွဲ့က ပြောသည်။
ကန်ချနပူရီခရိုင်၌ အခြေစိုက်သည့် ထိုအဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ အရာရှိအချို့နှင့် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ထိုင်းစစ်တပ်က ဒီလမ်းကို သဘောမကျဘူး။ လမ်းဟောင်း ရှိတယ်။ ဒီလမ်းကို အားလုံးပိတ်ပြီး လမ်းသစ်ဖွင့်တယ်။ မြန်မာတွေ နယ်စပ်ရောက်ရင် ထိုင်းတွေအတွက် နစ်နာစရာတွေ ရှိတယ်။ ဒါ့ကြောင့် ကျနော်တို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒီစီမံကိန်း နှောင့်နှေးအောင် ဝိုင်းစဉ်းစားပေးပါလို့ ထိုင်းစစ်တပ်က ကျနော်တို့ကို ပြောတယ်” ဟု တွေ့ဆုံရာတွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီဝင်တဦးက ပြောသည်။
မြန်မာ့ ပြုပြင်ပြောင်းလဲရေး အမေရိကန် သတိထား စောင့်ကြည့်
Friday, September 23, 2011
လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုရင် ကြိုဆိုမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
RFA သတင်းကိုတိုက်ရိုက်ပြန်လည်ဖော်ပြထားပါသည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်ပါဝင်လျှင်ကြိုဆိုမည်ဖြစ်သော သတင်းသည်ပြည်သူအများသိထိုက်သော
သတင်းတပုဒ်အဖြစ်ရွေးချယ်တင်ပြခြင်းဖြစ်ပါသည်။
2011-09-20
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာမယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ပြောကြား လိုက်ပါတယ်။
RFA
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်မှာ
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက်
အာဆီယံ ပါလီမန် အမတ်များ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော်
နာယက ဦးခင်အောင်မြင့်ကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ ကို အောက်ပါ RFAလင့်တွင်ဝင်ရောက်နားဆင်နိုင်ပါတယ်။
ဒီကိုနှိပ်ပြီးဝင်ရောက်နိုင်ပါတယ်။
RFA ရဲ့ သတင်းတခုကနေဖတ်လိုက်ရတာလေးကိုပြန်လည်ဖော်ပြပြီးစဉ်းစားကြည့်လိုက်ရင်-
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မနေ့က တရုတ်
နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးနဲ့
ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့
အထွေထွေ ညီလာခံ ကာလ အတွင်း အခုလို တွေ့ဆုံတာလို့ တရုတ်အစိုးရ
ဆင်ဝှါသတင်းဌာနက ဒီကနေ့ ကြေညာပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး
ယန်ကျိချီက တရုတ်မြန်မာ မဟာ ဗျူဟာမြောက် အကျိုးတူ ဆက်ဆံရေး တိုးတက်လာဖို့ ၂
နိုင်ငံ အဆင့်မြင့်အရာရှိချင်း စဉ်ဆက်မပြတ် ဆက်ဆံရေး ထားရှိဖို့ ၊ ၂
နိုင်ငံ အကျိုးတူ
Thursday, September 22, 2011
ပြည်သူ့လွှတ်တော်တွင် ဆန္ဒမဲပေးရာ၌ မတ်တပ်ရပ်သော စနစ်ကို ဦးစားပေးကျင့်သုံးမည်
Monday, 19 September 2011 00:12 |
နေပြည်တော်၊ စက်တင်ဘာ ၅ -
ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်အစည်းအဝေးအတွင်း
ရွေးကောက်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ အချို့သော လွှတ်တော်
ကိုယ်စားလှယ်များသည် ဆန္ဒမဲပေးရသည့် စက်ခလုတ်အား အယုံအကြည်မရှိကြောင်း
သိရသည့်အတွက် ရှေ့ဆက်ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးများတွင် ဆန္ဒမဲပေးရာ၌
စက်ခလုတ်အား အဓိက အားထားစရာမလိုဘဲ ဗြောင်ကျကျ မတ်တပ်ရပ်၍ ဆန္ဒမဲပေးခြင်း
ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက
ယနေ့ပြောကြားသည်။
လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဆန္ဒပြခွင့် ရှိသည့်အတွက် မိမိ၏ဆန္ဒကို
ထုတ်ဖော်ရာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်စရာ၊ ရွံ့စရာ
မလိုကြောင်းကိုလည်း သူရဦးရွှေမန်းက ပြောကြားသွားသည်။
“မိမိရဲ့ ယုံကြည်ချက်၊ မိမိရဲ့ဆန္ဒကိုလည်း ထုတ်ဖော်ခွင့်ရှိပါတယ်။ အဲဒီလိုထုတ်ဖော်လို့လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဒုက္ခပေးလိမ့်မည်မဟုတ်၊ ဒုက္ခပေးနိုင်သည့် အခွင့်အရေးလည်း မရှိကြောင်းကို လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ တင်ပြလိုပါတယ်”ဟု သူရဦးရွှေမန်းကပြောကြားသည်။
သူရဦးရွှေမန်းက ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။
စက်ခလုတ်နှိပ်၍ မဲပေးခြင်းအား လွှတ်တော်များတွင် ခေတ်မီသည့် အခြေအနေတစ်ရပ်၌သာ ထားရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် သေချာရေရာသည့် ဗြောင်မဲပေးစနစ်ကိုသာ အများဆုံး ကျင့်သုံးသွားမည်ဟု သိရသည်။
![]() |
ဦးရွှေမန်း |
![]() |
သူရရွှေမန်း |

Ref : 7 Day News
လေးဖြူ နှင့်ဇော်ဝင်းထွဋ္ဋ် တို့ သီဆိုမဲ့သီချင်းနှစ်ပုဒ်
သွေးခြင်းညီအကိုများစည်းလုံး ညီညွတ်ဘို့အတွက် တစ်မြေတည်းနေတစ်ရေတည်းသောက် ဆိုရိုးစကား
ဟာဧရာဝတီပေါ် အခြေခံပြောဆိုခဲ့တယ်လို့ ထင်ပါတယ်။မြန်မာပြည်မြောက်ဖျားမှ တောင်ဖက်ထိစီးဆင်း
လာတဲ့ဧရာဝတီကို တစ်ရေတည်းသောက်လို့ဆိုထားပုံရပါတယ်။ သွေးချင်းညီအကိုများ စည်းလုံးရေး
အတွက် ပအိုဝ်းအမျိုးသားပွဲတော်ကို သွားရောက်ဖျော်ဖြေခဲ့တဲ့ ကိုညီ(ဇော်ဝင်းထွဋ္ဋ်)သီချင်းကို ကျနော့်
စာဖတ်ပရိတ်သတ်အတွက်ကျနော်ဘလောက်လေးမှာ တင်ပေးလိုက်ပါတယ်။အထူးအနေနဲ့ကတော့ ဧရာဝတီ ဆည်စီမံကိန်းကို
တားမြစ်ဘို့အတွက် လေးဖြူနဲ့၊ ဇော်ဝင်းထွဋ္ဋ် တို့ သီးချင်းဖြင့် ခံစားမှု့တွေဖေါ်ထုတ်ကြမယ်လို့သိရပါတယ်။
အဲဒီမှာ ကိုဇော်ဝင်းထွဋ္ဋ် ကမျော်လင့်ချက်ကမ်းခြေ ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့ ဧရာဝတီ ကိုရေးဖွဲ့ထားတဲ့
သီချင်းကိုသီဆိုမယ်လို့သိရပါတယ်။အဲဒီအတွက်မို့လို့ မျော်လင့်ချက်ကမ်းခြေကိုလည်း တင်ပေးလိုက်ပါတယ်။
ဇော်ဝင်းထွဋ္ဋ်-
စည်းလုံးခြင်းနှင့်အင်အား
လေးဖြူ-
သက်ရှိမြစ်

ကျွန်တော်တို့လိုဘဲ
ဧရာဝတီအတွက် စိတ်မကောင်းခြင်းများစွာတွင် ပါဝင်သော Rock တေးသံရှင်နောက်
(လေးဖြူ) ဖြစ်ပါတယ်
။ ဆရာမြင့်မိုးအောင်
စီစဉ်ထားသော သက်ရှိမြစ်ဧရာဝတီ
သီချင်းအက်ဆေး ထဲမှ သီချင်းနှစ်ပုဒ်လည်း ပါဝင်ပါတယ်
။
မျှော်လင့်ချက်ကမ်းခြေ
ကို ကိုဇော်ဝင်းထွဋ်
ကသီဆိုပြီး သက်ရှိမြစ် ကိုတော့ ကိုလေးဖြူ ကသီဆိုမှာပါ။
ဘယ်လိုနေရာမှာ ဘယ်လိုပုံစံနဲ့သီဆိုမှာကိုတော့ မသိ၇သေးပါဘူး။ လောလောဆယ်ဒါလေးကိုကြည့်လိုက်ပါ။
စည်းလုံးခြင်းနှင့်အင်အား
ဇော်ဝင်းထွဋ္ဋ်
-မျှော်လင့်ချက်ကမ်းခြေ
လေးဖြူ-
သက်ရှိမြစ်
သမ္မတမှတာဝန်မထမ်းဆောင်နိုင်သောဝန်ကြီးများကိုရာထူးမှနုတ်ထွက်ရန်ညွှန်ကြားနိုင်။
နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်ပြီး ညွှန်ကြားသည့်အတိုင်း မလိုက်နာပါက တာဝန်မှရပ်စဲရမည်ဟု သိရ |
Tuesday, 20 September 2011 16:57 |
![]() နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်ပြီး ညွှန်ကြားသည့်အတိုင်း မလိုက်နာပါက တာဝန်မှ ရပ်စဲရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားချက်များအရ သိရသည်။ နိုင်ငံတော်သမ္မတသည် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော |
သံရုံးရှေ့  တစ်ကိုယ်တော်ဆန္ဒပြသမားနဲ့  နောက်ဆက်တွဲများ
ရန်ကုန်တရုတ်သံရုံးရှေ့ မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့  ဆန္ဒပြကြမယ် ဆိုတဲ့သတင်းဟာ
ကောလဟာလ မဟုတ်ဘဲ အမှန်တကယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
မနေ့ ( ၂၀- ၉- ၂၀၁၁ )၊ နေ့ လည် ၁း ၃၀ နာရီ ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ နယ်၊ အမှတ် (၉၄)၊
ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်
ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
ဆန္ဒပြသူဟာ ရိုးရိုးသာမန်ရှပ်အင်္ကျီ ၀တ်ဆင်ထားပြီး လက်ထဲမှာ ၂ ပေ ပတ်လည်ခန့် ရှိတဲ့ ဆိုင်းဘုတ်ကို
ကိုင်ဆောင်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။
Wednesday, September 21, 2011
ဝန်ကြီးခြင်းတူသော်လည်းစိတ်ဓါတ်ခြင်းကွာ
သူများတိုင်းပြည်များတွင် ဒီမိုကရေစီ နည်းစနစ်များအရ တိုင်းပြည်အုပ်ချုပ်ရေးလုပ်ငန်းများ
တာဝန်ယူနေသူများသည် ပြည်သူများကို အလေးထားကြ၏ ပြည်သူများကလက်မခံလျှင် ဘာမှ
မတတ်နိုင်ပေ၊ဝန်ကြီးမပြောနှင့်ဝန်ကြီးချုပ်လည်းထွက်ပေးရသည်။မိမိကြောင့်အမှားတခုကိုပြုလုပ်မိလျှင်
ပြည်သူများကကြေနပ်အောင်ပြန်လည်ဖြေရှင်းတောင်းပန်ရသည်။မီဒီယာများနှင့်အများရှေ့တွင် ပြန်လည်
ဖြေရှင်းရသည်။ထို့အပြင်တာဝန်မှ ရပ်ဆိုင်းခြင်းခံရသည်။
ကိုယ့်ညံ့ဖျင်းမှု့ကို ကိုယ်တိုင်လက်ခံ၍ရာထူးမှမိမိ
ဆန္ဒအရ နုတ်ထွက်သည်။ကိုယ့်ကိုကိုယ်ရှက်၍သတ်သေကြသည်။
မြန်မာပြည်မှဝန်ကြီးများကဤသို့ မဟုတ် မိမိစကားကိုမိမိ တာဝန်မယူနိုင်သောလူ့အတ္တများ
ဖြစ်သည်။အတင်းအားဓမ္မ လုပ်ဆောင်နေကြတယ်။မှားလျှင်ထိုအမှားကို တာဝန်မယူတဲ့အပြင်

အောက်ပါအတိုင်းအာဏာရှင်ဆန်ဆန်(ယခင်နေဝင်းလူသတ်သမားနည်းတူ)
မထေမဲ့မြင်လူကြီးမဆန်သောစကားမျိုးပြောသောဝန်ကြီးများဖြစ်သည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သောဆန့်ကျင်မှု့များကိုဘယ်တော့မှ
နောက်ဆုတ်မည်မဟုတ်ကြောင်းအမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန
ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းပြောကြား ။
(အောက်တွင်ဂျပန်နိုင်ငံသဘာဝဘေးဒဏ်ကြောင့်ဖြစ်
သော်လည်းထိုပြဿနာနှင့်ဆက်ဆပ်လျှက်ဝန်ကြီးချုပ်လည်းနုတ်ထွက်သွားပြီးယခုတဖန်ကုန်သွယ်ရေးဝန်ကြီး
နုတ်ထွက်ခြင်းသတင်းဖြစ်ပါတယ်)
စကားပြောမှားသဖြင့် ဂျပန် ကုန်သွယ်ရေးဝန်ကြီး ဟာချိရို နှုတ်ထွက်ခြင်း
ယိုရှီယို ဟာချိရို လွန်ခဲ့သော အပတ်ကမှ ကုန်သွယ်ရေး ဝန်ကြီး ခန့်အပ်ခြင်းခံရသည်။လွန်ခဲ့သော ခြောက်လတွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီ ရေလှိုင်းဒဏ်ခံခဲ့ရသော ဖူကူရှီးမား (Fukushima) ဓာတ်အားပေးစက်ရုံ တစ်ဝိုက်အား တစပြင်ကဲ့သို့ ဖြစ်နေသည် "town of death" ပြောခဲ့မိသောကြောင့် မကြာမီကမှ ခန့််အပ်ခြင်းခံရသော ကုန်သွယ်ရေးဝန်ကြီး ယိုရှီယို ဟာချိရိုသည် နှုတ်ထွက်သွားခဲ့သည်ဟု သတင်းမီဒီယာများက အစီရင်ခံသည်။
![]() |
ကုန်သွယ်ရေးဝန်ကြီးဟာချိရို |
ဧရာဝတီ Damကို တကိုယ်တော်ဆန္ဒပြကန့်ကွက်သူအား ရဲမှဖမ်းဆီးစစ်ဆေးခဲ့
ရန်ကုန်မြို့ရှိ
ဆင်ဟွာ တရုတ်သတင်းဋ္ဌာနရှေ့တွင် ဧရာဝတီမြစ်ဆုံ Damစီမံကိန်းကို
ရပ်ဆိုင်းပေးရန် တကိုယ်တော် ဆန္ဒပြကန့်ကွက် ခဲ့သော နိုင်ငံရေးတက်ကြွသူတဦးအား
စစ်အုပ်စုမှ အင်္ဂါနေ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဧရာဝတီDamစီမံကိန်းကို ရပ်ဆိုင်းပေးရန် တကိုယ်တော်ဆန္ဒပြသူအား စစ်အုပ်စု
ရဲအဖွဲ့မှ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့်
ယခုအချိန်ထိ တရုတ်သုံရုံးနှင့် ဆင်ဟွာသတင်းဋ္ဌာနရှေ့တွင် လုံခြုံရေးများ
တင်းကြပ်ထားကြောင်း သိရှိရသည်။
![]() |
မနေ့ကတရုတ်သံရုံးအနီးတွင် စောင့်နေသည့် လုံထိန်းနှစ်ဦး။ |
တရုတ်၏
ဆင်ဟွာသတင်းဋ္ဌာနရှေ့တွင် 'Irrawaddy Electricity Projectချက်ချင်းရပ်'ဟုစာတန်းရေးသားထားသည့်အေဖိုးစာရွက်ခြောက်ရွက်ကိုကိုင်ဆောင်ထားပြီးရပ်လျှက်တိတ်ဆိတ်စွာဆန္ဒပြခဲ့သူအသက်(၄၆)နှစ်အရွယ် အမျိုးသားအားလုံခြုံရေးရဲများကအင်္ဂါနေ့နေ့လည်(၁၂)နာရီခွဲခန့်တွင်ထိန်းသိမ်းခံရပြီးစစ်ဆေးခံနေရခြင်းဖြစ်ကြောင်းမျက်မြင်သက်သေများက ဆိုသည်။
စစ်အုပ်စု
လုံခြုံရေးရဲအဖွဲ့ထံ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြမှုကြောင့်
စစ်ဆေးခံနေရသည့် နိုင်ငံရေးတက်ကြွသူမှာတောင်ဥက္ကလာရပ်ကွက်တွင်
နေထိုင်သူဖြစ်ကြောင်းဖမ်းဆီးခံရသူနှင့် နီးစပ်သူတဦးက ဆိုသည်။
ဧရာဝတီနှင့်ပတ်သက်ပြီးမြစ်ဆုံတွင်ဆောက်လုပ်မည့်Damအတွက်ဧရာဝတီချစ်သူများကတနင်္လာနေ့ကတရုပ်သံရုံးရှေ့သို့သွားရောက်ပြီး ကန့်ကွက်ဆန္ဒပြကြမည်ဟုလည်းရန်ကုန်တွင်သတင်းများပျံနှံနေရာသက်ဆိုင်ရာနယ်မြေတွင်ယခုအချိန်ထိလုံခြုံရေးများ
တင်းကြပ်ချထားကြောင်း မျက်မြင်သက်သေများက ပြောသည်။
“ဒီနေ့နေ့လည်(၁၂)နာရီခန့်မှာတရုတ်သံရုံးတွင်လုံထိမ်းကားသုံးစီးရောက်ရှိလာပြီးလုံခြုံရေးတင်းကြပ်စွာချထားတာတွေ့ရပါတယ်၊ သံရုံးအပြင်ဘက်ရှိလက်ဘက်ရည်ဆိုင်တွေမှာဆန္ဒပြမည်ဆိုသောသတင်းများကြောင့်ပြည်တွင်းသတင်းထောက်တွေ လာရောက်ပြီးစောင့်ကြိုခဲ့ကြပါသေးတယ်။ဒါပေမဲ့လုံခြုံရေးအရမွန်းလွဲ(၃)နာကျော်အထိဆန္ဒပြပွဲဖြစ်မြောက်ခြင်းမရှိပါဘူး၊ပျက်ပြားသွားပါတယ်။”
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက“မြစ်ဆုံကိစ္စကိုဘယ်သူတားတားဆက်လုပ်မှာဘဲ”ဟုလျှပ်စစ်ဝန်ကြီးဦးဇော်မင်းကသတင်းထောက်များကိုပြောကြားခဲ့ပြီးနောက်မြစ်ဆုံတွင်Damတည်ဆောက်ခြင်းကိုရပ်ဆိုင်းပေးရန်တောင်းဆိုမှုများ
ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီးနောက်ယခုကဲ့သို့သောင်းသောင်းဖျဖျဆန္ဒပြကြမည့်သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ Dam စီမံကိန်းမှ အဓိကတရုတ်၏ အကျိုးအမြတ်ခံစားရမည် ဖြစ်သည့်အပြင် တရုတ်က မြန်မာ့နိုင်ငံရေးကို Damနှင့် လှည့်ဖျား ကစားမည့် စီမံကိန်းလည်းဖြစ်ကြောင်း၊ Dam စီမံကိန်းကြောင့် သဘာဝ အရင်းအမြစ် ဆိုးကျိုးများ ဖြစ်ပေါ်လာမည့် အခြေအနေများနှင့် ဒေသခံ လူသားအရင်းအမြစ်များ ပြုန်းတီးမည့် အကြောင်းရပ်များကိုပါ အင်တာနက် သတင်းများကဆိုသည်။
EMAIL မှ ဧရာဝတီအတွက်လှုပ်ရှားကြတော့မယ်။
Date: 2011/9/18
Subject: ရန်ကုန်တရုတ်သံရုံးရှေ့  ဆန္ဒပြကြမယ်
မြန်မာအစိုးရနှင့်တရုတ်ကုမ္မဏီ
ဖြစ်သည့် CPI တို့
သဘောတူလက်မှတ်ရေးထိုးထားသည့် ဧရာဝတီမြစ်ဆုံ
ရေအားလျှပ်စစ်တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတစ်ရပ် ရန်ကုန်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ အမှတ်(၁) ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင်
Save the Irrawaddy စာသားပါ တီရှပ်များ ဝတ်၍ ငြိမ်သက်စွာ ဆန္ဒပြရန် စီစဉ်ထားကြောင်း ဆန္ဒပြပွဲကို
စီစဉ်သူများဆီမှ သတင်းစကား ရရှိထားသူတစ်ဦးက ပြောသည်။
“၁၁ နာရီ တရုတ်သံရုံးရှေ့ကို အကျီင်္ဝတ်ပြီး လာဖို့ ပြောထားတယ်။ ကျွန်တော်လို လာမယ့်လူတွေ များတယ်
ဆိုတာလည်း ကြားတယ်။ ဒီမြစ်ဆုံ ကိစ္စကတော့ သဘောမတူကြောင်း ပညာရှင်တွေပြောသလို ကျွန်တော်တို့
လူငယ်တွေကလည်း သဘောမတူကြောင်း တစ်ခုခုလုပ်ပြသင့်တယ် ထင်တယ်”ဟု အသက် ၂၂ အရွယ်လူငယ်
တစ်ဦးက ဆိုသည်။
နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်သည့် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်အစပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့
အထက်ဘက်ရှိ မြစ်ဆုံဒေသတွင် ကျေးရွာ ၆၃ ရွာ နှင့် ဒေသခံ ပြည်သူ တစ်သောင်းကျော် နေရာပြောင်းရွှေ့ရမည်
ဖြစ်ကြောင်း သိရှိရသည်။
မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း ဧရိယာသည် စင်ကာပူနိုင်ငံခန့် အရွယ်အစားရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ
အကုန်ကျခံ တည်ဆောက်မည် ဖြစ်ကာ၂၀၀၉ ခုနှစ် မှ စတင်ဆောက်လုပ်နေသည်။ ရှစ်နှစ် ကြာမည့်
ယင်းစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေး စသည်များ
ထိခိုက်ပျက်စီးနိုင်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ထောက်ပြပြောဆိုထားသည်။
ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် မြန်မာ (BANCA) ကျွမ်းကျင်ပညာရှင် ၉၀နှင့် တရုတ်ပညာရှင်
၁၀ ဦးပါဝင်သည့် လေ့လာရေး အဖွဲ့ကလည်း စာမျက်နှာ ၉၀၀ ကျော် ပါရှိသည့် အစီရင်ခံစာတစ်ရပ်အား
သက်ဆိုင်ရာသို့ ပေးပို့ထားသည်။
လာမည့် စက်တင်ဘာ ၂၆ ရက်တွင်လည်း လန်ဒန်ရှိ တရုတ်သံရုံးရှေ့တွင် မြစ်ဆုံကိစ္စအား လုပ်ဆောင်
နေခြင်းကို ဆန္ဒပြရန် လန်ဒန်ရောက် မြန်မာအသိုင်းအဝိုင်းအား နှိုးဆော်ထားကြောင်း သိရသည်။

ခေါင်းဆောင်မှု့နှင့်စီမံခန့်ခွဲမှု့ပညာ
Tuesday, September 20, 2011
စင်ကာပူ သွားမယ်ဆိုရင်
စင်ကာပူသွား မယ့်ကိုယ့်တိုင်းပြည်က လူငယ်တွေသိထားသင့်တယ်လို့ ထင်တာလေး
ပြန်ရှယ်လိုက်တာပါ။ စင်ကာပှူနိုင်ငံသည် စည်းကမ်းတင်းကျပ်ပါတယ်။
စင်ကာပူကိုမရောက်ဘူးသော်လည်းကြိမ်ဒဏ်ကိုကြားဖူး ကြမှာပါ။ အခု
မြင်ဘူးအောင်ဗီဒီယို မှတ်တမ်းလေးကို တင်လိုက်ပါတယ်။ကိုယ့်တိုင်းပြည်ကနေ ပထမဆုံးအနေနဲ့ သူများတိုင်းပြည်ကို အကြောင်းအမျိုးမျိုးကြောင့်သွားရောက်
နေထိုင်တော့မယ်ဆို ကိုယ်နေထိုင်မဲ့နိုင်ငံရဲ့ စည်းကမ်းတွေကို အတတ်နိုင်ဆုံးကြိုးစားလိုက်နာစေချင်ပါတယ်။
ဒါမှမိမိတို့ လိုချင်တဲ့ ရည်ရွယ်ချက်ကိုလျှောက်လှမ်းနိုင်ကြမှာပါ။အားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ။
ရိုက်တာတော့ တင်ပါးကို ကွဲထွက်အောင်ရိုက်တာပါ။
ဧရာဝတီ ကို အများအားနဲ့ ကယ်တင်ကြမယ်
ပုံကိုအကြီးချဲ့လိုလျှင် ပုံပေါ်ကလစ်နှိပ်ကြည့်ပါ
"ဒီပုံကတော့
ကျွန်တော်တို့ မြန်မာနိုင်ငံတဝှမ်း ခြေချစရာမရှိအောင် စစ်အာဏာရှင် လက်ထက်
တိုင်းပြည်ကို တရုတ်လက်ထဲ ဝကွက်အပ်ထားတဲ့ ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံ၊
သဘာဝဓာတ်ငွေ့ စီမံကိန်းတွေပါပဲ...။ တရုတ် ရေနံနဲ့ဂတ်စ် ပိုက်လိုင်းတွေ
မြန်မာပြည် အလယ်ပိုင်းက ဖြတ်သန်း ဖောက်လုပ်နေတာကို အနီရောင်နဲ့
ပြထားပါတယ်..။ ကုန်းတွင်းနဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ
အားလုံးတရုတ်လက်ထဲ မှာပါပဲ...။
အချုပ်အားဖြင့် ဆိုရသော် အမျိုးသားရေးဟု တွင်တွင်အော်နေတဲ့ အာဏာရှင်တွေ ကိုယ်တိုင် အမျိုးသားရေးကို သစ္စာဖောက်နေတဲ့ လုပ်ရပ်တွေနဲ့ တိုင်းပြည်ကို ရောင်းစားနေကြတာပါ။ အထက်ပါ မြန်မာပြည်တဝှမ်း ရေအားလျှပ်စစ် စီမံကိန်း စာရင်းတွေကတော့ တွေ့မြင်ရတဲ့ အတိုင်းပါပဲ...။ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီးစီးသွားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ အများအပြားပါ...။ ကျွန်တော်တို့ ပြည်သူတွေ ဘဝကတော့ ဒုံရင်းက၊ ဒုံရင်းပါပဲ...။"

အထက်ပါအတိုင်း(ကိုဒီမိုဝေယံ)ဘလောက်မှာဖေါ်ပြထားပါတယ်။ ကျနော်တို့ တိုင်းပြည်ကိုလက်ရှိ အုပ်ချုပ်တာဝန်ယူနေသော စစ်တပ်မှ အရပ်ဝတ်လဲပြီးအုပ်ချုပ်နေသူများသည် အမှန်တကယ် ဒီမိုကရေစီပြောင်းလည်းရေးကိုလိုလားပြီး တိုင်းပြည်လူထုအပေါ်ပွင့်လင်းစွာရိုးသားစွာနဲ့ တိုင်းပြည်တိုးတက်ရေးကို
ဦးတည်ဆောင်ရွက်ချင်တယ်ဆိုလျှင် ပြည်သူများအပေါ် ထုတ်ဖေါ်ပြောဆိုသင့်သောကိစ္စ၊ ပြည်သူ့သဘော
ထားကိုခံယူသင့်သော ကိစ္စများကို မဆောင်ရွက်ခင်ထုတ်ဖေါ်ပြောဆိုရှင်းပြသင့်သည်။စစ်ဖက်ရေးရာလျှို့ဝှက်
သင့်သောကိစ္စများ တိုင်းပြည်၏အရေးပါသော သတင်းအချက်များမှ လွဲလျှင် ကျန်ကိစ္စများက ပြည်သူများ
ဆန္ဒနှင့်သက်ဆိုင်ပါတယ်။
ယခုတိုင်းပြည်တွင်နေရာလပ်မကျန် ဆည်များအရေးတကြီးတည်ဆောက်နေခြင်းသည် မည်သည့်အတွက် ပါသနည်း၊ နောက်ပိုင်းလျှို့ဝှက်ချက်များစွာရှိနေမည်ဟု ယူဆပါတယ်။
ပြည်သူလူထု လျှပ်စစ်မီးရရှိရေးအတွက်လောက်၊ တိုင်းပြည်စက်ယန္နားယားများ လည်ပတ်ဖို့လည်းမဖြစ်နိုင်ပါ။ထိုကဲ့သို့ မိမိတိုင်းပြည်တခုတည်းပိုင်ဆိုင်သော အဖိုးမဖြတ်နိုင်သော
ဧရာဝတီ ကိုဘာကြောင့်စတေးပြစ်ရသနည်း။ ကျနော့်ထက်ပိုမိုနားလည်တွေးနိုင်သူများကိုတွေးစေချင်
ပါသည်။ဆန္ဒတွေထုတ်ဖေါ်စေချင်ပါတယ်။
စစ်အစိုးရ သည် တရုပ်အစိုးရအပေါ် ဘာအကြွေးတွေပေးဆပ်နေရသနည်း။
ဘာအခွင့်အရေးတွေ တောင်းခံနေရသနည်း ထိုဆည်ကြီးများစွာတည်ဆောက်သည့်ကုန်ကျစရိတ်3.6ဘီလီယျံကို တရုပ်မှ ရင်းနှီးကုန်ကျသည်။ ထွက်လာသောလျှပ်စစ်ပမာဏ99% ကိုတရုပ်ကပိုင်ဆိုင်သည်။မြန်မာက 1%ကိုသာရမည်။ဆိုသော
ရှင်းချက် ကို တသီးပုဂ္ဂလကိုယ်စားလှယ် ဦးဝင်းချိုမှ ကချင်ပြည်နယ်၊ မိုးညှင်းသို့ သွားရောက်ဟောပြောခဲ့သည့်ဗီဒီယို မှတ်တမ်းလေးကိုကြည့်ပြီး ဧရာဝတီကိုကယ်တင်ကြပါစို့လို့
တိုက်တွန်းလိုက်ရပါတယ်။
စာရေးသူဝန်ခံချက်။ အထက်ပါ(post)ဖြစ်လာရန် မိမိထံရောက်လာသောemail များနှင့် အင်တာနက်မှမိတ်ဆွေဘလောက်များမှ ဖော်ပြပါသည်။မိမိသည်စာရေးသူတစ်ဦးမဟုတ်သော်လည်း
မိမိတိုင်းပြည်အတွက်ထိုင်နေတာထက်စာလျှင် ပြည်သူများထံ အမှန်တရားအတွက်
မှန်ကန်သောသတင်းအဖြစ်အပျက်များကိုသိစေချင်သောဆန္ဒသက်သက်ဖြင့်သာရည်ရွယ်
ဖြန့်ဝေရေးသားခြင်းဖြစ်ပါသည်။
Monday, September 19, 2011
မည်သည့် ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား
10 September 2011 နေ့ကနေပြည်တော်ရှိမီးရထားဝန်ကြီးဌာန ရုံးတွင်ဝန်ကြီးဇော်မင်းမှမီဒီယာများနှင့်တွေ့ဆုံပြောကြားနေစဉ်။ | |||||||||||||||||||||||||
![]() မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ |
အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းအပြောနှင့်နောက်ကွယ် လက်ရှိလုပ်ရပ်
အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက
ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။
လို့ စက်တင်လာ ၁၀ ရက်နေ့က နေပြည်တော်တွင် မီဒီယာများနှင့်တွေ့ဆုံပွဲအခမ်းအနားတွင်ပြောဆိုခဲ့ပါတယ်။တိုင်းပြည်တွင်လျှပ်စစ်စွမ်းအားများပိုလျှံနေသည်
ဟုပြောဆိုခဲ့သည်။ထိုသို့ပြောဆိုနေသော်လည်းလျှပ်စစ်မီးကိုပြည်သူလူထု၏ အိမ်ယာများကိုပင် လုံလောက်အောင်ပေးစွမ်းနိုင်ခြင်းမရှိသည်ကို ပြည်သူများကအသိဆုံးပင်ဖြစ်သည်။ပြည်သူများ၏အိမ်တွင်းစက်မှု့လက်မှု့လုပ်ငန်းများဆိုလျှင်မိမိအစီအစဉ်ဖြင့်သာ
လုပ်ဆောင်နေရသည်။
မိမိတို့တိုင်းပြည်မှရရှိသောရေအားလျှပ်စစ်များမှာအမှန်တကယ်လုံလောက်ပါက အောက်ပါသတင်းကို စာဖတ်သူများသုံးသပ်ကြည့်ပါ။ OK Myanmar ကုမ္ပဏီမှ ဒါရိုက်တာ ဦးဇော်ဝိတ်က ပြည်ပမှ ဆိုလာပြားများဝယ်ယူတင်သွင်းပြီး"ကျေးလက်ဒေသက တောင်သူဦးကြီးတွေက အရစ်ကျပေးချေရမယ်တဲ့" တိုင်းပြည်တခုလုံးနေရာအနှံ့ မြစ်တွေချောင်းတွေ တခုမကျန် တရုပ်လက်ကို ဆည်တည်ဆောက်ဖို့ ချုပ်ဆိုထားတာတွေက တိုင်းပြည်လူထု အတွက်ဘယ်လိုအကျိုးအမြတ်မှ ခံစားခွင့်မရနိုင်ကြောင်းသေချာလှသည်။ဓါတ်အားပေးကြိုးတွေသွယ်တန်းဘို့ခက်ခဲတာ အကြောင်းပြပြီးနှစ်ပေါင်းဆယ်စုများစွာကနေ တိုင်းပြည်တိုးတက်ရေးကိုဘာမှ မလုပ်ကိုင်နိုင်ပဲ အတင်းဖိနှိပ်အုပ်ချုပ်ခဲ့တာတွေ ဘယ်သူမှာတာဝန်ရှိသနည်း။ ယခုလုပ်ဆောင်သောဆိုလာပြားများတိုင်းပြည်ကိုတင်သွင်းရောင်းချခြင်းသည်
အပေါ်ယံကြည့်လျှင်ကောင်းသလိုနှင့် ရှင်းရှင်းပြောရလျှင်(ပိုက်ဆံရှိသူက သူများတိုင်းပြည်ကပစ္စည်းကို ဝယ် ကိုယ့်တိုင်းပြည်ကလူတွေကိုပြန်ရောင်း၊ ကိုယ့်တိုင်းပြည်ကထွက်တဲ့လျှပ်စစ်ကိုတော့ စစ်အာဏာရှင်များက ကမ္ဘာ့တိုင်းပြည်များကဖိနှိပ်မှု့တွေမှ ကာကွယ်ပေးတဲ့တရုပ်ကိုကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ဧရာဝတီအပါအဝင် တိုင်းပြည်နေရာအနှံ့ကို တရုပ်လက်ထဲ ထိုးအပ်လိုက်ပါတယ်။စကားကိုတော့နားထောင်ကောင်းအောင်ပြောပြီးတိုင်းပြည်တိုးတက်အောင်တဖက်တလမ်းကနေဆောင်ရွက်တာပါလို့) ထိုသို့လုပ်နေသရွေ့ကတော့
တိုင်းပြည်တကယ်တမ်းမတိုးတက်လာပါဘူး၊ ပိုက်ဆံရှိသူသာ ပိုက်ဆံ ရှိတဲ့စီးပွားရေးပိုင်ဆိုင်သူပဲဖြစ်လာမှာပါ။ ကိုယ့်တိုင်းပြည်က လိုအပ်ချက်ကို တီထွင် ထုပ်လုပ်ရောင်းချတာမှမဟုတ်တာ။ ထုပ်လုပ်မှု့တခုနောက်မှာရော ကောင်းကျိုးဆိုးကျိုးတွေ လေ့လာနိုင်ဘို့လိုပါတယ်။အသိပညာရှင်၊အတတ်ပညာရှင်တွေ
တိုင်းပြည်ကမွေးထုတ်ပြီး အနာဂတ်ကိုပြင်စဉ်မှ တိုင်းပြည်ဟာနောက် ဆယ်စုနှစ်ပေါင်းများစွာမှ တိုးတက်မှု့လမ်းစကိုရမှာပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ထုတ်လုပ်တဲ့နည်းပညာများပိုင်ဆိုင်ပိုင်ပြီး အဖက်ဖက်မှ
လိုအပ်ချက်များကို သူများတိုင်းပြည်များကို အားကိုမနေရပဲ ကိုယ့်တိုင်းပြည်မှ တည်ဆောက်ရေးလုပ်ငန်းများ၊ စက်မှု့လက်မှု့ လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်မှာပါ။
ထိုအခြေအနေကို မသေးပဲ ဝန်ကြီးများနဲ့ စစ်အာဏာရှင်များက တိုင်းပြည်ပြောင်းလည်းတိုးတက်လာပြီ
လို့အမြဲပဲကြွေးကြော်လေ့ရှိပါတယ်။
ခေတ်စကားနဲ့ပြောရရင် ဘတ်စ် ကားပေါ်လားလို့ မေးရမလိုပင်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေါင်းနေချောင်းတံတားပေါ်တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများ ထွန်းညှိနိုင်ရန် ဆောင်ရွက်ထား သည်ကို တွေ့ရသည်။

ကျေးလက်ဒေသများ လျှပ်စစ်ဓာတ်အား
ရရှိနိုင်ရန် ဆိုလာပြားများ အရစ်ကျစနစ်ဖြင့် ရောင်းချရန် စီစဉ်
နေဇော်ထွန်း
အတွဲ ၂၇ ၊ အမှတ် ၅၂၃ ( ၂၄-၃၀ ၊ ၆ ၊ ၂၀၁၁)
အတွဲ ၂၇ ၊ အမှတ် ၅၂၃ ( ၂၄-၃၀ ၊ ၆ ၊ ၂၀၁၁)
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေါင်းနေချောင်းတံတားပေါ်တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများ ထွန်းညှိနိုင်ရန် ဆောင်ရွက်ထား သည်ကို တွေ့ရသည်။
ကျေးလက်ဒေသရှိ
တောင်သူလယ်သမားများအတွက် ဆိုလာပြား များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားရန်
စီစဉ်လျက်ရှိကြောင်း ဆိုလာပြားများကို ရောင်းချတပ်ဆင်ပေးနေသည့် OK Myanmar ကုမ္ပဏီမှ
ဒါရိုက်တာ ဦးဇော်ဝိတ်က ပြောသည်။
"လူတိုင်းလိုလို ကိုယ့်အိမ်မှာ လျှပ်စစ်မီးကို သုံးချင်ကြမှာပဲ။
နောက်ဆက်တွဲသတင်းအနေနဲ့ တရုပ်နိုင်ငံအရှေ့ပိုင်းမှာ ဆိုလာပြားစက်ရုံတွေကိုဆန္ဒပြတဲ့သတင်းကိုဖော်ပြလိုက်ပါတယ်။
နောက်ဆက်တွဲသတင်းအနေနဲ့ တရုပ်နိုင်ငံအရှေ့ပိုင်းမှာ ဆိုလာပြားစက်ရုံတွေကိုဆန္ဒပြတဲ့သတင်းကိုဖော်ပြလိုက်ပါတယ်။
Friday, September 16, 2011
စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)
" မြစ်ပျောက်ရင်တိုင်းပြည်ပျောက်မယ် "
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် အတွင်း ဧရာဝတီမြစ်၏ အစ မေခနှင့် မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရနှင့် တရုပ်အစိုးရပိုင် CPI ကုမ္ပဏီတို့ ပူးပေါင်းပြီး မြစ်ဆုံဆည် စီမံကိန်း တည်ဆောက်နေသည်။ အဆိုပါ မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ဧရာဝတီမြစ် တိမ်ကော ပပျောက်နိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေကြောင်းကို ထင်ရှားသူများက ပြောဆိုနေကြရာ ပြည်သူအများ စိတ်ဝင်စားမှု များပြားလျှက်ရှိသည်။
အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဘယ်လိုလူစားလဲ
တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်ပင်လယ်ပြင် ထိုင်း-မြန်မာ ရေပိုင်နက်အနီး ခရစ္စတီးကျွန်းတွင် ၁၉၉၈ ခု မေလက မြန်မာစစ်တပ်သည် အပြစ်မဲ့အရပ်သား နို့စို့ကလေးနှင့် အမျိုးသမီးများပါမကျန် စုစုပေါင်း ၈၁ ဦးကို သဲသောင်ပြင်ပေါ်တွင် သေနတ်နှင့် ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုတွင် စစ်ဗျူဟာမှူးအဖြစ် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အမိန့်ပေးခဲ့သူသည် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လုပ်မည်၊ ဘယ်တော့မှ နောက်မဆုတ်ဟု ပြောလိုက်သော ထိုစဉ်က ဗိုလ်မှူးကြီးဟောင်း၊ ယခု အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကောက်နုတ်ချက်။ ။
မြန်မာနိုင်ငံသည် အပြောင်းအလဲ
ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ကြာသပတေးနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ပထမဆုံးအကြိမ် ကျင်းပရာ၊ အခမ်းအနား မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် အပြောင်းအလဲဖြစ်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၁ဝ မိနစ်ကျော်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံသည် အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

Thursday, September 15, 2011
တရုပ်တိုင်းပြည်အကျိုးအမြတ်အတွက်ဝင်ရောက်လုပ်ကိုင်နေသောဧရာဝတီစီမံကိန်း
မြန်မာပြည်လက်ရှိ အုပ်ချုပ်နေသောအစိုးရ၏အသိပညာမဲ့၊မိုက်မဲမှု့များကြောင့်တိုင်းပြည်ပိုင်သဘာဝပတ်ဝန်းကျင်နှင့်
သယံဇာတများ များစွာနစ်နာဆုံးရှုံးနေရသည်။အသိမဲ့မှု့ကြောင့် အိမ်နီးချင်းတိုင်းပြည်များသည် ကြီးစွာဂုတ်သွေးစုတ်လျှက်ရှိသည်။
မြန်မာစစ်အစိုးရများသည် မိမိတို့ နားမလည်မသိမတတ်သည် ကိုတဇွတ်ထိုးလျှက် တရုပ်ကိုယုံးစားအားကိုးကာ မိမိတိုင်းပြည်ကိုထိုးအပ်နေသည်ဖြစ်သည်။
ယခု မိမိမြေ၊ မိမိရေပေါ်တွင် လာရောက်လုပ်ကိုင်ပြီး ရရှိလာသော အကျိုးအမြတ်များမှာ တရုပ်ကသာပိုင်ဆိုင်ထားသည်ဖြစ်သည်။

Wednesday, September 14, 2011
လူထုစိန်ဝင်းမှ ဧရာဝတီအတွက် ရဲရင့်ပြတ်သားစွာဤသို့ပြော......
"ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာမဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ သုတေသနပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကိုဖတ်ရှုလေ့လာပြီး ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း
ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့
တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့
ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး
တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး"
လူထုစိန်ဝင်း

အတွေးအခေါ်ကြီးမြတ်သောဝန်ကြီး(ဝံကြီး)အသုံးနှုံးများမှတ်သားလောက်ပါတယ်
လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။
ကြိုးနဲ့သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country
မှတစ်ပါးလျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းရတာ …. ၊
ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင်
ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့
ဘယ်သူက သုံးမှာလဲ။သုံးစရာမရှိရင် market ရဲ့သဘောအရ
ရောင်းစားရမှာပေါ့။သုံးစရာမရှိရင် ရောင်းစားရမယ်။
ကြံ့ဖွတ်အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီး ဇော်မင်း
ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့်

သုဝဏ္ဏကွင်းတွင် ဘောလုံးပွဲ ကြည့်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Soccer Myanmar)
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ၂၃ နှစ်ဆက်တိုက် နေထိုင်ခဲ့သည့်ကာလအတွင်း ပထမဆုံးအကြိမ် ဘောလုံးကွင်းသို့ သွားရောက်ပြီး ဘောလုံးပွဲကြည့်ခြင်းဖြစ်သည်။
“အခု ပွဲစလို့ ၃ မိနစ် ရှိနေပါပြီ၊ ဒေါ်အောင်ဆန်စုကြည် အနားမှာ ဦးဇော်ဇော်၊ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဦးအောင်ကျော်မိုးတို့လည်း ထိုင်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တာဝန် ယူထားသည့် ကိုကျော်စိုးနိုင်က ဧရာဝတီသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုလည်း အာဏာပိုင်များက တာဝန်ယူကြောင်း ဘောလုံးပွဲကို အေးချမ်းစွာအားပေးနေသည့် ပရိသတ်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြောင်း ကိုကျော်စိုးနိုင်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်၌ ကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲ ကြည့်ရှုရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဘောလုံးပွဲကို မြန်မာ့ရုပ်မြင်သံကြားကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)၏ ၂၀၁၁ ခုနှစ် အာဆီယံ အသက် ၁၉ နှစ်အောက် ဘောလုံး ပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်နေ့က စတင် ကျင်းပခြင်းဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှား၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ်တို့နှင့် အုပ်စု (ခ)တွင် ပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာအသင်း၏ လက်ရှိ အခြေအနေမှာ ဗီယက်နမ်ကို သရေ၊ ဘရူနိုင်းကို ၆ ဂိုးပြတ် အနိုင်ရရှိထားသည်။ လာအိုအသင်းမှာ အင်ဒိုနီးရှားအသင်းကို သရေ ကစားထားသည်။
Tuesday, September 13, 2011
ဒေါ်အောင်ဆန်းစုကြည်စာနယ်ဇင်းများအားလက်ခံတွေ့ဆုံ။
Tuesday,13 September 2011, 19:27

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမူးဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း၊ပြည်ပမှ
ရောက်ရှိလာသောစာနယ်ဇင်းအယ်ဒီတာအဖွဲ့ဝင်များအားစက်တင်ဘာလ(၁၃)ရက်နံနက်(၁၀)နာရီမှညနေ(၃)နာရီခွဲအထိအဖွဲ့ချုပ်ရုံးတွင်လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။
အပြည့်အစုံ
ဧရာဝတီ စီမံကိန်းနောက်ကွယ်မှ ထွက်ပေါ်လာသောသတင်းတပုဒ်
အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အရာရှိကြီးတစ်ဦး၏
ရင်ဖွင့်ပြောစကားကို တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ
ယခုအကြောင်းအရာကို တင်ပြနိုင်ခြင်းဖြစ်ပါသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလအတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြိုလေ့လာရေး လုပ်ငန်းမပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည်။ဆက်လက်ဖတ်ရန်

ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သောဆန့်ကျင်မှု့များကိုဘယ်တော့မှ နောက်ဆုတ်မည်မဟုတ်ကြောင်းအမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းပြောကြား ။

"အခုတစ်လလောက်အတွင်းမှာဖြစ်နေတဲ့ဧရာဝတီရောဂါနဲ့အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ကာတွန်းတွေ၊အခုဧရာဝတီမြစ်ဆုံစီမံကိန်းဆက်လက်လုပ်ဆောင်ဖို့ရှိပါသလား၊ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ဧရာဝတီမြစ်ဆုံစီမံကိန်းကိုဆက်လုပ်ပါမယ်။ကျွန်တော်တို့ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဆက်လက်ဖတ်ရန် ။
Saturday, September 10, 2011
ရခိုင်ပြည်နယ် စစ်တွေတွင် သံဃာတော် အပါး ၃၀၀ ခန့် မေတ္တာသုတ်များရွတ်ဆို၍ အသျှင်ဦးဥတ္တမ ရုပ်ထု ရှိရာ ဦးဥတ္တမ ပန်းခြံသို့ ချီတက်ပြီး ဂါဝရပြုခဲ့ကြောင်း သိရှိခဲ့ရပါသည်၊၊
အပြည့်အစုံဆက်လက်ဖတ်ရန် ။မြန်မာနိုင်ငံ အနောက်နယ်စပ်ပြဿနာ
အခုတလော မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မှာ ဘင်္ဂါလီခေါ် ဘင်္ဂလားနိုင်ငံ သားနှင့် မြန်မာနိုင်ငံသား ဟူသော အငြင်းပွား သတင်းတွေ
ထပ်တလည်းလည်းကြားနေရတယ်။
မြန်မာတိုင်းရင်းသား ဖြစ်သော ရခိုင်ဒေသခံ များကြားတွင် ၄င်းပြဿနာသည် တစစ နှင့်ကြီးထွားနေကြောင်းသိရသည်။
ထိုအငြင်းပွားမှု့များသည် တိုင်းပြည်တွင်တာဝန်ရှိ အာဏာပိုင်များ၏ တည်ငြိမ်မှု့ မရှိသော၊ လုံခြုံမှု့ မရှိသော
အာဏာကို အခွင့်အရေးရယူ ကာ တဖက်တိုင်းပြည်နိုင်ငံသားများဖြစ်ကြသည့် ရိုဟင်ဂျာ အမည်တတ်လျှက် ဘင်္ဂလား မြန်မာနယ်စပ် မှ တဆင့် ပြည်မထိ ဝင်ရောက်နိုင်ရန်ကြိုးပမ်လျှက်ရှိနေသည်။
နယ်စပ်ဒေသ ပြဿနာ မှ တဆင့် လက်၇ှိ ဆင့်ကဲ စစ်အာဏာရှင် အစိုးရလက်ထက်တွင် ပိုမိုဆိုးရွားလာနေကြောင်းသိရသည်။
ထိုပြဿနာကို လက်ရှိ အစိုးရအဖြစ်ဆောင်ရွက်နေ သည့် လူဝင်မှု့ကြီးကြပ်ရေး ဝန်ကြီးဋ္ဌာန နှင့် အစိုးရ အဖွဲ့အစည်းများက
ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးချေ။

မြန်မာပြည်တွင် မိန်းခလေးတွေ ဒီလိုကြုံနေရတယ်
Cc: aurorageneration <aurorageneration@googlegroups.com>
Sent: Wednesday, September 7, 2011 9:50 PM
Subject: Re: [aurorageneration] Taxi စီးရင်သတိထားကြပါ.............
Sent: Wednesday, September 7, 2011 9:50 PM
Subject: Re: [aurorageneration] Taxi စီးရင်သတိထားကြပါ.............
ကျွန်မလဲ အဲဒီလိုအဖြစ်အပျက်မျိုးကြုံဘူးတယ် အဲဒီရက်ပိုင်းလောက်ကဘဲ
အိမ်ကကြောင်တကောင်နေမကောင်းလို့ ဆေးခန်းသွားပြတာ ညရနာရီလောက်ပေါ့
ကျွန်မနေတာကရွှေဂုံတိုင်၊ ဆေးခန်းက ဗန်ဒါပင်မှာ တမှတ်တိုင်ကျောက်ဘဲဝေးတယ်
ဒါပေမယ့် ကြောင်ပါနေလို့တက်စီငှားစီးတာ
ကားသမားက ရွေဂုံတိုင်မီးပွိုင့်ကနေမသွားဘဲ ကမ္ဘာအေးလမ်းမပေါ်ကနေမောင်းတယ်
ကျွန်မက ဆေးခန်းက ဟိုဖက်ခြမ်းမှာဆိုတော့ ကားရှုပ်လို့တဲ့ လမ်းရှင်းတဲ့နေရာကမောင်းမလို့ဆိုပြီးသွားတယ် နောက်မဟာစည်ဘေးကလမ်းထဲဝင်သွားတယ် အဲံဒီလမ်းက အထဲမှာ ခြံတွေဝင်းတွေနဲ့ လူပြတ်တယ် လမ်းမီးတွေလဲ မလာဘူး
ကျွန်မလဲ ပထမကားရပ်ခိုင်းမလို့စိတ်ကူးတယ် ဒါပေမယ့်ရပ်ပြီး ပြန်လျှောက်ရမှာအဝေးကြီး
နောက်ပြီးကားရပ်ခိုင်းကာမှ အတင်းမောင်းပြေးမှာလဲစိုးလို့ ခပ်တည်တည်နဲ့ သူငယ်ချင်းတယောက်ဆီ ဟန်းဖုန်းနဲ့လှမ်းဆက်လိုက်တယ် ငါ ဘယ်မှာနားမှာ အခုလိုက်လာခဲံ့လို့
သူကအခုချက်ချင်းလိုက်လာမယ့်ပုံမျိုး သူကြားအောင်တမင်ပြောလိုက်တယ်
အဲဒီတော့မှ ဆေးခန်းဘက်ကိုပြန်မောင်းပေးတယ်
ကားနံပါတ်လှမ်းဖတ်တော့လဲ ဒက်စတော့ပေါ်မှာဘာမှတင်မထားဘူး
ကျွန်မလဲအဲဒီတည်းက ညဖက်တက်စီစီးဘို့တော်တော်ကြောက်သွားတယ်
ဒါကြောင့် မိန်းကလေးတွေ ငယ်ငယ်ရွယ်ရွယ်ဆိုလဲ ၂ယောက်၃ယောက်တောင် ကားငှားမစီးတာအကောင်းဆုံးဘဲ
အသိတက်စီလဲ စိတ်ချချင်မှစိတ်ချရတာ မနှစ်က ကြားလိုက်သေးတယ် ကောင်မလေးတယောက်
ကျူရှင်ကအပြန် သူ့သူငယ်ချင်းရဲ့အဖေမောင်းတဲ့တက်စီနဲ့တွေ့လို့ လိုက်ပြန်တာ လမ်းမှာ အစော်ကားခံရတယ်ဆိုတာ

2011/9/7 soe moe aung <soemoeaung1@gmail.com>
သို.
သူငယ်ချင်းတို.
ကျနော်ရဲ.အဒေါ်တယောက်ရဲ.Taxi စီးပြီးကြုံလိုက်ရတဲ.ကိုယ်တွေ.အဖြစ်လေးမျှဝေချင်ပါတယ်........
၃၀.၈.၂၀၁၁ ညနေ ၄.၄၅ မှာ...ကျနော်အဒေါ်ကဗိုလ်ချုပ်ဈေးကနေ...ကျောက်မြောင်းကို..Taxi တစီးဌားပါတယ်...
Taxi မောင်းတဲ.လူကအဒေါ်တယောက်ထဲမို.နောက်ကြည်.မှန်ကနေကြည်.နေတယ်.....အဒေါ်ကလည်းသတိထားမိပါတယ်....
ဒီလို.နဲ.ကန်တော်လေးမီးပြိုင်.ရောက်တော. taxi မောင်းတဲ.သူက...မီးစိမ်းနေတာကိုမမောင်းပဲရပ်နေတော.အဒေါ်ကဘာလို.လဲလို.မေးလိုက်တယ်.......
Taxi မောင်းတဲ.သူက....ရှာနေတာလို.ဖြေပါတယ်....အဲလိုနဲ. Taxi က...ကန်တော်ကြီး....ကားမောင်းသင်တန်းဝင်းနားလည်းရောက်ရော.....
ကားကိုအရှိန်လျှော.လိုက်တယ်.....အဒေါ်ကလည်း...ဘာလို.လဲမေးတော.ကွမ်းတတွေးထွေးချင်လို.ဆိုပြီးပြောနေတုန်း........
ရှေ.နားမှာလူ ၃ ယောက်တွေ.တော. Taxi သမားလည်း " ဟေ.ကောင်တွေ....လမ်းကြုံတယ်.....လာ...တက်"ဆိုပြီးခေါ်လိုက်တယ်....
အဒေါ်ကလည်းလူ၃ယောက်ကြည်.ရတာ..ညစ်ပတ်နေပြီး....အုန်းပင်တွေလိုက်ခုတ်တဲ.ပုံစံမျိုးနဲ.၃ ယောက်လုံးလွယ်အိပ်ကိုယ်စီလွယ်ထားတာတွေ.ရတယ်.....
အဲလိုဖြစ်နေတုံး.....၁ ယောက်က...ကားရှေ.ခန်းထဲဝင်ထိုင်လိုက်ပြီး.....ကျန်တဲ.၂ ယောက်က...ကားဘေးတဖက်ဆီကိုခွဲပြီးဝင်ဖို.လုပ်ကြတယ်...
အဒေါ်လည်း...အရမ်းကြောက်သွားပြီး....ကားနောက်ခန်းတံခါးကို...ဆောင်.ကန်ပြီး....ခုန်ဆင်းလိုက်တယ်....ညာဖက်တံခါးက၀င်လာတဲ.လူက....အဒေါ်.လက်ကိုဖမ်းဆွဲတယ်....
ဒါပေ.မယ်.မမိပါဘူး..........အဲလိုဖြစ်နေတော.ကားလည်းမောင်းထွက်သွားတယ်....နောက်ကကားတွေက.....ဟေ.ဘာလို.ကားပေါ်ကနေခုန်ဆင်းတာလဲမေးတော.
အဒေါ်ကအရမ်းကြောက်နေတော.အသံမထွက်နှိုင်ပဲ....ဆွဲကြိုးကိုကိုင်ပြီး....လက်ဟန်..ခြေဟန်နဲ.ပြောလိုက်တယ်.....ရုပ်တရက်မို.ကားနံပါတ်မမှတ်ထားလိုက်မိဘူး။
အဒေါ်လည်းလမ်းမပေါ်မှာဖြစ်နေတော.လူတွေလာမေးပြီး....ဘာဖြစ်တာလဲ.မေးတော.အဒေါ်က...ကျမကို....လုကြမလို.လို.ဖြေလိုက်တယ်........
ကဲ.....အဲဒီတော.စဉ်းစားကြည်.ကြပါ.......
(၁) အဒေါ်သာ...အဲဒီကားပေါ်ပါသွားရင်ဘာဖြစ်နှိုင်သလဲ...........အဒေါ်.ရဲ.အသက်က ၄၀ အရွယ်တင်သေးတယ်....
သူ.တို.ဘာလုပ်ကြမလဲ.....ကိုယ်ပေါ်မှာရှိတဲ.ဆွဲကြီူး။စိန်လော.ကက်သီး။စိန်လက်စွတ်။လက်ကောက်....တန်ဖိုးအားဖြင်.သိန်း ၂၀ အထက်မှာရှိတယ်...
သူတို.မဒိမ်းကျင်.ပြီး...လူကိုသတ်ပြီး....ပါလာတာယူကြလီမ်.မယ်.....
(၂) ကားပေါ်ကို နောက် လူ ၂ ယောက်ဝင်လာတာနဲ.ဟိုဖက်..ဒီဖက်ညှပ်ပြီး......ဓါးနဲ.ထောက်ပြီးခေါ်သွားရင်...အော်ရဲပါ.မလား။
ဒါဖြစ်တာ...ညနေဖက်ကြီးနော်.....ရုံးဆင်းချိန်ကြီး.....ကားတွေလည်းရှိသွားနေတာပဲ......
(၃) ကားမောင်းတဲ.သူသာရိုးရိုးသားသားဆိုရင်အရင်ဆုံးလူထပ်တင်ရမလားဆိုပြီး....စီးလာတဲ.သူကိုမေးရမှာပေါ.။
ဒါနဲ.အဒေါ်လည်းရဲစခန်းတိုင်ဖို.လုပ်ပါတယ်.....
ကျနော်ကအကြံပေးတာက.....
(၁) လူရော....ပါတာတွေရောဘာမှမဖြစ်တော.ရဲကသေချာစုံစမ်းပါ.မလား။
(၂) ရဲကမိခဲ.ရင်ရော...တရားရုံးမှာ...ဒီလူတွေကိုမျက်နှာချင်းဆိုင်နှိုင်ရဲလို.လား။များသောအားဖြင်.သူတို.ကအဖွဲ.လိုက်ရှိကြတာ.....
အပြင်မှာရှိနေတဲ.သူတွေက...လိုက်နှောက်ယှက်နေရင်ဘယ်လိုလုပ်မလဲ။။။။။။။။။။
ကဲ.....ပြောချင်တာကတော.အခုနောက်ပိုင်းရာဇ၀တ်မှုတွေ.များလာနေတယ်......ခိုးမှု.။လုယက်မှု။လူသတ်မှု။ဖေါက်ထွင်းမှု။ခါးပိုက်နှိုက်မှု.။။။။။။။
ဒါကြောင်.အပြင်ထွက်ရင်သတိထားကြပါ........တန်ဖိုးကြီးတာဝတ်ဆင်ရင်သတိထားကြပါ.....
Taxi စီးရင်လည်းသတိထားစီးပြီး...ဖြစ်နှိုင်ရင်...ကားနံပါတ်မှတ်ထားပြီးစီးကြပါ.....
အရင်တုံးက..Taxi မောင်းတဲ.သူကိုသတ်တာကြားဖူးပါတယ်....
အခုတော. Taxi မောင်းတဲ.သူတွေအလှည်.ဖြစ်နေပြီလား........
တို.ဆေးတွေရှိနေတယ်လို.လည်းပြောကြတယ်......
သူငယ်ချင်းတို.ဆီမှာလည်းဒါမျိုးအကြောင်းလေးရှိရင်မျှဝေပေးစေချင်ပါတယ်...
သတိထားနေရအောင်လို.ပါ..........
ထပ်ပြီးသိချင်သေးရင်......အခု e mail ကိုပို.ပြီးမေးနှိုင်ပါတယ်...."soemoeaung1@gmail.com"
ဖတ်ပေးတဲ.အတွက်လည်းကျေးဇူးတင်ပါတယ်....................
Subscribe to:
Posts (Atom)